Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, February 24, 2016

ဝန်ထမ်းများသိထားသင့်တဲ့ ခွင့်အမျိုးအစားများ

ဝန်ထမ်းများသိထားသင့်တဲ့ ခွင့်အမျိုးအစားများ
ခွင့်အမျိုးအစားဆိုင်ရာ သတ်မှတ်ချက်များအား ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ကုမ္ပဏီများအတွက် အများဆုံးအသုံးပြုနေသော ခွင့်အမျိုးအစားများအနေဖြင့်
– Annual Leave (လုပ်သက်ခွင့်)
– Sick Leave (နာမကျန်းခွင့်)
– Marriage Leave (အိမ်ထောင်မှုခွင့်)
– Maternity Leave (မွေးဖွားခွင့်)
– Paternity Leave (မိဘဆိုင်ရာခွင့်)
– Education Leave (ပညာရေးခွင့်)
– Casual (ရှောင်တခင်ခွင့်) စသဖြင့် ခွင့်အမျိုးအစားများအား သတ်မှတ်ပြီး အလုပ်သမား၊ ၀န်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ၊ နာမကျန်းမှု၊ အနားယူမှုများတွင် ၀န်ထမ်းရေးရာဌာမှ စီမံအုပ်ချုပ်ပေးလျှက်ရှိပါသည်။ (Entrepreneur SMEs – Future Myanmar ၏ ကုမ္ပဏီအကြံပေးမှု – ခွင့်သတ်မှတ်ချက်များမှ ပြန်လည်ကိုးကားဖော်ပြထားသည်)
အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသော ခွင့်အမျိုးအစားများအနေဖြင့်…
ရှောင်တခင်ခွင့်
—————-
ရှောင်တခင်ခွင့်သည် ရုတ်တရက် နာမကျန်းဖြစ်ခြင်းကြောင့်လည်းကောင်း၊ အရေးကြီးသော ကိုယ်ရေးကိစ္စ ရုတ်ချည်း ပေါ်ပေါက်ခြင်းကြောင့်လည်းကောင်း အလုပ်ခွင်သို့ မလာရောက်ဘဲ နေခွင့်ပြုသည့် ခွင့်ရက်တို ဖြစ်သည်။ ရှောင်တခင်ခွင့် ခံစားနေသည့် ဝန်ထမ်းကို အလုပ်ခွင်၌ ရှိနေသကဲ့သို့ မှတ်ယူရမည်။
ကူးစက်ရောဂါ ကာကွယ်ခွင့်
—————————–
ကူးစက်ရောဂါ ကာကွယ်ခွင့်သည် ဝန်ထမ်း၏ မိသားစု သို့မဟုတ် အတူနေ မိသားစု၌ ကူးစက်ရောဂါ ဖြစ်ပွားသောကြောင့် ဝန်ထမ်းကို အလုပ်ခွင်သို့ မလာရောက်စေရန် ခွင့်ပြုသော ခွင့်ဖြစ်သည်။ ဤခွင့်ခံစားနေသူ ဝန်ထမ်းကို အလုပ်ခွင်၌ ရှိနေသကဲ့သို့ မှတ်ယူရမည်။
လုပ်သက်ခွင့်
————-
လုပ်သက်ခွင့်သည် တာဝန်ထမ်းဆောင်သည့် ကာလကို အခြေပြု၍ ရခွင့်ရှိသော ခွင့်ဖြစ်သည်။ ရခွင့်ရှိသော ကာလမှာ တာဝန်ချိန်၏ ၁/၁၁ ဖြစ်သည်။ အချိန်ပြည့်တာဝန် ထမ်းဆောင်ရက် ၁၁ ရက်ရှိတိုင်း လုပ်သက်ခွင့်တစ်ရက် စုဆောင်းခွင့်ရှိပြီး ရုံးပိတ်ရက်များရှိလျှင်လည်း တစ်ဆက်တည်း ထည့်သွင်းတွက်ချက်သည်။
လုပ်သက်ခွင့်ကို ဆေးလက်မှတ်ခွင့်နှင့် လစာမဲ့ခွင့်တို့၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ တစ်ဆက်တည်း ဆက်စပ်ခံစားခွင့် ရှိသည်။ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို ငြင်းပယ်ထားသည့် ကိစ္စမှတစ်ပါး အငြိမ်းစားယူရမည့် နေ့ရက်ထက်ကျော်၍ ခံစားခွင့် မရှိစေရ။လုပ်သက်ခွင့် ကာလအတွင်း၌ ပျမ်းမျှလစာကို ခွင့်လစာအဖြစ် ခံစားခွင့်ရှိသည်။
အားလပ်ရက်ရှည် ခံစားခွင့်ဆိုင်ရာ ကိစ္စရပ်များ
————————————————
အားလပ်ရက်ရှည်ဆိုသည်မှာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း တစ်ဆက်တည်းပိတ်ရက် ၁၅ ရက်ထက် ကျော်လွန်သော ကာလတစ်ရပ်ကို ဆိုသည်။ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း၌ အားလပ်ရက်ရှည် ကာလတစ်ခုတည်း ရှိပြီး ထိုအားလပ်ရက်ရှည် ကာလသည် ရက် ၃၀ အောက်လျော့နည်းပါကလည်း ထိုကာလကို တစ်လဟု မှတ်ယူရမည်။
မခံစားရသည့် အားလပ်ရက်ရှည်ပေါင်း
—————————————— x ၃၀ = လုပ်သက်ခွင့်
ခံစားခွင့်ရှိသည့် အားလပ်ရက်ရှည်ပေါင်း
အားလပ်ရက်ရှည်ကို အခြားခွင့်တစ်မျိုးမျိုး၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ တစ်ဆက်တည်း ဆက်စပ်ခံစားနိုင်သည်။ သို့ရာတွင် လုပ်သက်ခွင့်နှင့်အတူ ခံစားသည့်အခါ ယင်းခွင့်နှင့် အားလပ်ရက်ရှည် စုစုပေါင်းကာလသည် လေးလထက် မပိုစေရ။
ဆေးလက်မှတ်ခွင့်
——————-
ဆေးလက်မှတ်ခွင့်သည် တာဝန်ထမ်းဆောင်သည့် ကာလကို အခြေမခံဘဲ လုပ်သက်နုရင့်မရွေး ခွင့်ပြုနိုင်သည့် ခွင့်မျိုးဖြစ်သည်။ ဆေးလက်မှတ်ခွင့်ကို ခွင့်ပြုရာတွင် –
ဝန်ထမ်းလုပ်သက် တစ်လျှောက်လုံးအတွက် ခွင့်ပြုနိုင်သည့် ကာလသည် ၁၂ လ ဖြစ်သည်။ အထူးလုံလောက်သော ကိစ္စများတွင် နောက်ထပ် ခြောက်လထိ ထပ်မံခွင့်ပြုနိုင်သည်။ ဆေးလက်မှတ်ခွင့် ကာလအတွင်း ခွင့်လစာကို ပျမ်းမျှလစာ၏ ၁/၂ နှုန်း ခံစားခွင့်ရှိသည်။
နာမကျန်းပင်စင် ယူရတော့မည့် ဝန်ထမ်း၏ ခွင့်ခံစားမှုဆိုင်ရာ ကိစ္စရပ်များ
—————————————————————————-
မကျန်းမာ ဖြစ်နေသည့် ဝန်ထမ်းကို ဆေးစစ်မှု ခံယူစေရာတွင် သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က ယင်းဝန်ထမ်းသည် တာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်မည့် အလားအလာမရှိဟု ဆေးမှတ်ချက်ပြုသည့်အခါ နာမကျန်းပင်စင် ခံစားခွင့် ပြုရမည်။
လစာမဲ့ခွင့်
———–
လစာမဲ့ခွင့်သည် ဝန်ထမ်း၏ ခွင့်စာရင်း၌ အခြားခွင့်အမျိုးအစားများ မကျန်ရှိသည့်အခါ သို့မဟုတ် အခြားခွင့်အမျိုးအစားများ ရှိသော်လည်း ဝန်ထမ်းကိုယ်တိုင်က လစာမဲ့ခွင့်ကို ခွင့်ပြုရန် စာဖြင့် တောင်းခံသည့်အခါတွင် ခွင့်ပြုသည့် ခွင့်ဖြစ်သည်။လစာမဲ့ခွင့်ကို အခြားသော ခွင့်များနှင့် ဆက်စပ်ခွင့်ပြုနိုင်သည်။



Credit : Future Myanmar ( Management ) www.EntrepreneurSME.com မှတစ်ဆင့် Gallium-Gin(ဂဲါလ်လီယမ် ဂျင်း)အဖွဲ့မှ ပြန်လည်တင်ဆက်ပါသည်။

About the Author

Gallium Gin-Group

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

Post a Comment

Note: Only a member of this blog may post a comment.

Flickr Gallery

 
Gallium Gin-Group © 2015 - Designed by Templateism.com