Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, November 29, 2015

အခြေခံ မူလမဟာဘုတ်ခွင်ချနည်း၊တွက်နည်း

အခြေခံ မူလမဟာဘုတ်ခွင်ချနည်း၊တွက်နည်း

မူလမဟာဘုတ်ဆိုသည်မှာ မိမိမွေးသောခုနှစ် သက္ကရာဇ်ကိုတည်၍ ဖြစ်လာသော မဟာဘုတ်ဖြစ်သည်။ သက္ကရာဇ်မဟာဘုတ်ဆိုတာလည်းရှိသည် သက္ကရာဇ်မဟာဘုတ်ဆိုသည်မှာ ရောက်ဆဲခုနှစ် ကိုတည်၍ ဖြစ်လာသော မဟာဘုတ်ကိုဆိုလိုခြင်းဖြစ်သည်။
ယခုမဟာဘုတ်တွက်နည်း များစွာထဲမှ အခြေခံ မူလမဟာဘုတ်ခွင်ချနည်းတစ်နည်းကိုဖော်ပြခြင်းဖြစ်သည်

လင်္ကာ- အောင် လံ ထူ စစ် သူ ကြီး ပွဲ
(အောင် ဆိုသည်ကား (အ)တနင်္ဂနွေ ၁ (
(လံ ဆိုသည်မှာ (လ) ဗုဒ္ဓဟူး ၄)
(ထူးဆိုသည်မှာ (ထ) စနေ ၇)
(စစ်ဆိုသည်မှာ (စ) အင်္ဂါ ၃)
(သူ ဆိုသည်မှာ (သ) သောကြာ ၆)
(ကြီးဆိုသည်မှာ (က) တနင်္လာ ၂)
(ပွဲ ဆိုသည်မှာ (ပ) ကြာသပတေး ၅) ဖြစ်သည်

မဟာဘုတ်တွင် ပုတိ၊ ဘင်္ဂ မရဏ အထွန်း သိုက် ရာဇ အဓိပတိ ဟူပြီး ၇ခွင့် ၇ကွက် ရှိသည် ။ (ဘယ်ဘက်မှ မဟာဘုတ်ခွင်ကိုကြည့်ပါ)

မေးလာသူ၏ မြန်မာဖွားသက္ကရာဇ်ကိုတည် ၇ နဲ့ စား အကြွင်းကို ဘင်္ဂအိမ်မှာ စချ ( သုညနှင့် ၇ နှင့် အတူတူပင်ဖြစ်သည်)

တစ်ခုကြွင်းလျှင် ဘင်္ဂအိမ်ကပင် (အောင်၊ လံ ၊ ထူ၊ စစ် ၊ သူ၊ ကြီး၊ ပွဲ) ဟု ဆို၍ချပါ
၂ ခုကြွင်းလျှင်ဘင်္ဂအိမ်ကပင် (ကြီး ၊ ပွဲ ၊ အောင်၊ လံ၊ ထူ၊ စစ်၊ သူ) ဟု ချပါ
၃ ခုကြွင်းလျှင် ဘင်္ဂအိမ်ကပင်(စစ်၊ သူ၊ ကြီး ၊ ပွဲ၊ အောင်၊ လံ၊ ထူ) ဟုချပါ
၎ ခုကြွင်းလျှင်ဘင်္ဂအိမ်ကပင် (လံ၊ ထူ၊ စစ်၊ သူ၊ ကြီး၊ ပွဲ၊ အောင်) ဟုချပါ
၅ ခုကြွင်းလျှင် ဘင်္ဂအိမ်ကပင်(ပွဲ၊ အောင် ၊ လံ၊ ထူ၊ စစ်၊ သူ ကြီး) ဟုချပါ
၆ ခုကြွင်းလျှင် ဘင်္ဂအိမ်ကပင်(သူ၊ ကြီး၊ ပွဲ၊ အောင်၊ လံ ၊ ထူ၊ စစ်) ဟုချပါ
၇ခု သို့ ၀ ကြွင်းလျှင် ဘင်္ဂအိမ်ကပင်(ထူ၊ စစ် ၊ သူ၊ ကြီး၊ ပွဲ၊ အောင်၊ လံ ဟုချပါ။

ဖော်ပြပါအတိုင်း အကြွင်းကို ဘင်္ဂ အိမ်က စပြီး ချရာ မွေးနံရှိသောအိမ်သည် ဖွားရာအိမ်ဖြစ်သည်။

ဥပမာ မေးလာသူ၏ သက္ကရာဇ် ၁၂၇၅ ခု ၊ သောကြာသားဖြစ်ပါက ၁၂၇၅ ကိုတည် ၇ နှင့်စားလျှင် ၁ ကြွင်း၏ ၁ ကြွင်းသောကြောင့် ပုံပါအတိုင်း ဘင်္ဂအိမ်မှချပါ။
သောကြာသားဖြစ်သောကြောင့် သောကြသည် ရာဇအိမ်ခွင့်တွင်ရှိသဖြင့် ထိုသူကို ရာဇဖွားဟုခေါ်ရမည်။ မိမိ၏ မွေးဂဏန်ရှိရာ အိမ်သည် အထွန်းရှိလျှင် အထွန်းဖွား၊ သိုက်တွင်ရှိလျှင် သိုက်ဖွား စသဖြင့် မှတ်သားရမည်။ (ဒီလို မဟာဘုတ်ခွင်ချလိုက်ခြင်းအားဖြင့် နောင်ပိုင်း အဟောတွေမှာ ထိုမဟာဘုတ်ခွင်ကိုကြည့်ပြီး အကောင်းအဆိုးကို ကြည့်၍ သိရှိနိုင်ပေမည်

တွက်ပြီးနောက် မိမိတို့ ဘာဖွားဖြစ်သည်ကို သိရှိပြီးသကာလ ဖွားဇာတာတို့၏ သဘောသဘာဝ များကို ဆက်လက်ဖော်ပြပေးသွားပါမည်


တွက်ရင်း အဆင်မပြေသူများအတွက်- သင်ဘာနေ့ဖွားလဲ 
(ဒါကတော့ ယခင်ဖော်ပြထားတဲ့ မဟာဘုတ်ဇာတာခွင်မပါဘဲ တိုက်ရိုက် ဖွားဇာတာအလွယ်ရှာနည်းဖြစ်ပါတယ် (ဇာတာခွင်မတွက်တတ်သူတွေအတွက် ပါ)

မိမိ၏ မြန်မာသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ

ဝ ခုကြွင်း
ဝခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
ဝခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
ဝခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
ဝခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
ဝခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
ဝခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
ဝခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား

၆ခုကြွင်းအတွက်

၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား

၅ခုကြွင်းအတွက်

၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား

၎ ခုကြွင်းအတွက်

၎ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၎ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၎ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၎ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၎ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၎ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၎ခုကြွင်းစနေ ဖြစ်လျှင် မရဏဖွား

၃ ခုကြွင်းအတွက်

၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြားဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား

(၂ ခုကြွင်း အတွက်)
၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား

 (၁ ခုကြွင်းအတွက်)
၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား






ပောာပါပြီ--------------------------------------------------------
မဟာဘုတ် အဟောများ
==================
အဓိပတိဖွားဟောကိန်း
***************
(စာမျက်နှာမှာ တင်ထားပြီးခဲ့တဲ့ အခြေခံ မူလမဟာဘုတ်ခွင် တွက်နည်းကို တွက်ပြီး မိမိတို့ ဖွားဇာတာကို သိပြီးလျှင် ယခုနောက်ဆုံးမဟာဘုတ်အိမ်ဖြစ်သော အဓိပတိခွင်ဖွားသားသမီးများအတွက် ယေဘူယျအဟောဖြစ်ပါတယ်)

အဓိပတိဖွားများသည် အကြောက်အလန့်နည်းသူများဖြစ်ကြပြီး ရဲရင့်ပြတ်သားကာ စွန့်စားလိုစိတ်ရှိတတ်သူများဖြစ်သည်။ မခံချင်စိတ်လည်းများတတ်ပြီး တစ်ခါတစ်ရံ တဇွတ်ထိုးလုပ်တတ်ပေသည်။သို့သော် စိတ်သဘောထားကောင်းသူများလည်းဖြစ်ကြသည်။အကြီးအကဲဖြစ်တတ်ပြီး မည်သည့်နယ်ပယ်တွင်မဆို နောက်လိုက်ထက်
ခေါင်းဆောင်ဖြစ်လိုသူ အမိန့်ပေးတတ်သူ ဦးစီးဆောင်ရွက်သူ များဖြစ်ပြီး အပေါင်းအသင်းမိတ်ဆွေများတွေကြားတွင်လည်း ဦးဆောင်တတ်သူ ဆရာလုပ်တတ်သူများလည်းဖြစ်သည်။ ထို့ကြောင့် သူတို့သည် ပညာရပ်တော်တော်များများကို သိရှိအောင်လေ့လာတတ်ကြလေသည်။ သို့သော် စိတ်ယိုင်တတ် စိတ်အပြောင်းအလဲမြန် အရောင်ပြောင်းမြန်ကြသည်။ ထို့သို့ လုပ်နေဆဲမှ တခြားအလုပ်များကို ပြောင်းလဲလုပ်ကိုင်တတ်ကြသဖြင့် တချို့အလုပ်များတွင် တစ်ပိုင်းတစ်စ ကျန်ရှိနေတတ်သည်။ အဟောအပြောကောင်းသူဖြစ်သဖြင့် ကုန်သည်လုပ်ငန်း အကျိုးဆောင်လုပ်ငန်း အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်မှုများ ရရှိတတ်သည်။ စည်းရုံးရေးကိစ္စများ သူတစ်ပါးအား ဆုံးမခြင်းကိစ္စများတွင် လည်းအောင်မြင်တတ်ပေသည်။

(တစ်ဦးချင်း၏ မွေး -ခုနှစ်၊ရက်၊လ၊အချိန်တို့အပေါ်မူတည်၍ အဓိပတိဖွားတို့၏ ဟောကိန်းတစ်ခုနှင့်တစ်ခု အသေးစိတ် ထပ်မံကွဲပြားပြန်ပေသည်)


ရာဇဖွားဟောကိန်း

ရာဇာဖွားတို့သည် စိတ်ကူးဥာဏ် ထက်မြက်သူများဖြစ်ပြီး စိတ်ဓာတ် မာကျောသူများဖြစ်သည်။ အများအားဖြင့် သူတစ်ပါးအပေါ် ရိုးသားသောစိတ်ရှိသူများဖြစ်ပြီး မိမိအပေါ် လိမ်ညာခြင်း မရိုးသားခြင်းကိုလည်းမနှစ်သက် ဖြောင့်မတ်မှန်ကန်စွာနေထိုင်လိုသူများပင်ဖြစ်ပေသည်။ ကောင်းပြီဆိုလျှင်လည်း သူများထက်ပိုကောင်းတတ်ပြီး ဆိုးပြီဆိုလျှင်လည်း သူများထက် ပိုဆိုးတတ်သူများလည်းဖြစ်သည်။ စကားကိုလည်း လိုရင်းကိုသာ အဓိကပြောဆိုတတ်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုရသည်ကို နှစ်သက်ကြသည်။ စိတ်ဓာတ်ပျော့ညံ့သူများမဟုတ်သော်လည်း စိတ်အပြောင်းအလဲမြန်သည် စိတ်ဓာတ် တက်လွယ်ကျလွယ်သည် များသောအားဖြင့် စိတ်မြန်စွာ ဆုံးဖြတ်ချက်ချတတ်သူများလည်းဖြစ်ပြန်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ လုပ်ကိုင်သောအလုပ်များတွင် တစ်ပိုင်းတစ်စကျန်ရှိသည်က များတတ်သည်။ ရာဇာဖွားတို့သည် သူတစ်ပါးတို့၏ ချစ်ခင်ခြင်း ပေးကမ်းချီးမြှောက်ခြင်း ဆရာသမား အကြီးအကဲများ၏ ကြည့်ရှုစောင့်ရှောက်ခြင်း နှင့် အထောက်အပံ့ကောင်းများကိုလည်းရရှိသူများဖြစ်သည်။ ပညာရပ်တော်တော်များများကိုလည်း တတ်ကျွမ်းကြသူများဖြစ်ပြီး အများစုမှာ ဆွေမျိုး မိဘ အသိုင်းအ၀န်း သို့မဟုတ် သူငယ်ချင်း အပေါင်းအဖော် အခြွေအရံများနှင့် သိုက်သိုက်ဝန်းဝန်းနေတတ်သူများပင်ဖြစ်ပေသည်။


သိုက်ဖွားဟောကိန်း
***************


သိုက်ဖွားသားသမီးတို့မှာ စိတ်နေစိတ်ထား အလွန်ပျော့ပြောင်းနူးညံ့သည် သို့သော် စိတ်ဓာတ်ခိုင်မာသူများဖြစ်သည်။ သူတစ်ပါးကို အလွန်သနားကြင်နာတတ်၏ ။ကိုယ်ချင်းစာတတ်ကြသည် အလှူအတန်းအပေးအကမ်းတို့တွင် ၀ါသနာထုံကြ၏။ သူတို့သည် မာနကြီးသောသူများဖြစ်၏ သို့သော်လည်း ရိုးဖြောင့်ကြသည်။ တခြားသူများအပေါ် ယုံကြည်လွယ်တတ်ကြသူများဖြစ်ပြီး မကြာခဏလည်း လှည့်စားခံရခြင်း ခြောက်ချခြင်းများကို ခံရတတ်ပေသည်။ သူတို့သည် ဒေါသထွက်လွယ်သလို ဒေါသလည်းအပြေလွယ်လေ့ရှိသည်။ သို့သော် စိတ်အမှတ်အတေး ကြီးသူများဖြစ်ပြီး မခံချင်စိတ်လည်း ကြီးသူများလည်းဖြစ်သည်။ သိုက်ဖွားသားသမီးတို့သည် သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများအား လွန်စွာမင်တတ်ကြ၏ ။ သို့သော်လည်း သီးသန့်ဆန်ကြသည်။ လူအများနှင့်ရောနှောနေရခြင်းထက် တစ်ဦးထဲ နေရခြင်းကို ပိုမိုနှစ်သက်သူများလည်းဖြစ်သည်။ သူတို့သည် အမှားတစ်စုံတစ်ရာ ပြုမိပါက တောင်းပန်ဖို့ဝန်မလေးတတ်သလို တခြားသူများကိုလည်းး ခွင့်လွှတ်ဖို့ ၀န်မလေးတတ်သူများလည်းဖြစ်သည်။သိုက်ဖွားသားသမီးအများစုမှာ စိတ်ထားနုညံ့သော်ငြား လောကဓံကြမ်းများကိုရင်ဆိုင်ရသူများဖြစ်သဖြင့် စိတ်ဓာတ်ခိုင်မာခြင်း ဘ၀အသိသာလွန်ခြင်းများကြောင့် သူတစ်ပါး၏ အတိုင်ပင်ခံ ကြည်ညိုခံရလေ့ရှိသူများဖြစ်တတ်ကြပေသည်။



အထွန်းဖွားအဟော
***************


အထွန်းဖွားများသည် မည့်သည့်နယ်ပယ်တွင်မဆို လူများစွာနဲ့ ပေါင်းသင်းဝင်ဆန့်ပြီး ချစ်ကြောက်ရိုသေခံကြရသည်။ ခင်မင်ရင်းနှီးသော အပေါင်းအသင်းများဆိုလျှင်လည်း ရင်းနှီးရုံမျှမက ချစ်ခင်လေးစားတတ်ကြပေသည်။ မာန်မာနကြီးတတ်သည် သို့သော် ရိုးဖြောင့်ကြသည်။ အကျင့်သီလကို ထိန်းသိမ်းတတ်ကြ၏ မိမိမမှားဘဲ မှားသည်ဟုအပြောမခံ အစွန်းထင်းမခံ လက်ငင်းဖြေရှင်းတတ်ကြသူများဖြစ်သည်။ အများစုမှာ အငြင်းအခုံသန်ကြသည်။စိတ်နေစိတ်ထားမှာ အမြဲဖျက်လက် တက်ကြွနေတတ်သည်။ ရဲရင့်သည့်နေရာတွင်လည်း လွန်စွာရဲရင့်ပြီး မိုက်လျှင်လည်း တုံးတိုက်တိုက် ကျားကိုက်ကိုက် မိုက်တတ်သူများလည်းဖြစ်သည်။ ဒေါသအထွက်မြန်သည် သို့သော် ပညာကွပ်ကဲသူများဖြစ်သဖြင့် ဒေါသထွက်သည်ဟူပင်မထင်ရအောင် ထိန်းသိမ်းတတ်သူများဖြစ်သည်။ ထကြွလုံ့လ၀ီရိယရှိ၍ ဥာဏ်နှင့်ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ ကိုယ့်ဒူး ကိုယ်ချွန် ကိုယ့်အားကိုယ်ကိုး ထူထောင်ပျိုးလာရတတ်သည်။ ရဲရင့်ခြင်း ပညာကို အသုံးချတတ်ခြင်း ၀ီရိယအားကြီးချင်း စသည့်အချက်သုံးချက်သည် အထွန်းဖွားတို့၏ မူလ အရည်အချင်းဟုပင်ပြောရလောက်အောင် တန်ဖိုးရှိသည့်ဗီဇများဖြစ်ပေသည်။ အထွန်းဖွားအိမ်သည် မဟာဘုတ် ခုနှစ်အိမ်တွင် အကောင်းဆုံးဟုပင်ပြော၍ရပေသည်။


မရဏဖွားအဟောကိန်း
***************

မရဏဖွားတို့သည် ငယ်စဉ်ကာတွင် ရောဂါဘယထူပြောခြင်း သို့မဟုတ် ဘေးအန္တရယ်ဘေးဥပါဒ်များနှင့်ကြုံတွေ့ရခြင်းများဖြစ်ပေါ်တတ်သည်။လူလားမြောက်လာသောအခါတွင်းလည်း မိသားစုအနှောင်အဖွဲ့ အဖွဲ့အစည်း လုပ်ငန်းများမှ တင်းကြပ်သော အနှောင်အဖွဲ့များနှင့် ကြုံရတတ်ပြန်သည်။ မိဘများ ပူပင်သောကရောက်ရတတ်သည်။ သို့ရာတွင် မရဏ၏မူလသဘောမှာ သေရင်မြေကြီးရှင်လျှင်ရွှေထီးဖြစ်သဖြင့် ဘေးဥပါဒ်မှာအောင်မြင်ခဲ့ပါမူ အသက်ရှည်စွာနေရခြင်း အထက်တန်း အရာရှိ ရဟန်း အကြီးအကဲ များ မင်းကတော်စိုးကတော်များ ဖြစ်တတ်ပြီး ချမ်းသာကြွယ်ဝစွာ လူတန်းစေ့ နေရတတ်ပေသည်။ မိတ်ဆွေသူငယ်ချင်းများ၏ အကျိုးစီးပွားအတွက်ဆိုလျှင် အနစ်နာခံ၍တောင် ဆောင်ရွက်ပေးတတ်သူများလည်းဖြစ်သည်။ ဟီရိသြရပ္ပတရားဖြစ်သော မကောင်းမှုလုပ်ရမှာကို ရှက်တတ်ကြောက်တတ်သူများဖြစ်သည်
ဆံပင် ၊ ခြေလက်အင်္ဂါ နှင့် စိတ်ကောက်တတ်သည်။ သို့သော် ရိုးဖြောင့်ကြပြီး စကားပြောရာတွင် ဖြောင့်မတ်မှုကိုနှစ်သက်ကြသည်။ စကားကြွယ်ဝစွာမပြောတတ် မဟုတ်မခံမှန်ရာကိုပြောတတ်သူများဖြစ်ပြီး စွန့်စားလိုစိတ်လည်း လွန်စွာကြီးမားသူများဖြစ်ကြပေသည်



ဘင်္ဂဖွားဟောကိန်း
***************

ဘင်္ဂခွင်တွင် ဖွားမြင်သောသူများသည် ငယ်ရွယ်စဉ်တွင် ရောဂါဝေဒနာများမကြာခဏဖြစ်ပေါ်တတ်ပြီး ကျမ်းမာရေးရှောင်တခင်ညံ့တတ်သည်။ ဘင်္ဂဖွားတို့သည် အလွန်ပူပင်တတ် စိုးရိမ်တတ်သူများဖြစ်သည်။ ဘ၀တွင် ဆုံးရှုံးမှုများကို မကြာခဏကြုံတွေ့ရတတ်သည်။ ဆုံးရှုံးသည့်အခါများတွင်လည်း စိတ်အားတင်းပြီး အလူးအလဲပြန်ထလေ့ရှိသည်။
ဘင်္ဂဖွားများသည် လဲကျပါများသောကြောင့် သန်မာလာသူများဟုပြောလျှင်လည်းမမှားပေ။ မအောင်မြင်ခင်မှာလည်း တခြားသူများနှင့်မတူ အကြိမ်ကြိမ်ဆုံးရှုံးတတ်ပြီး အောင်မြင်မှုကိုရရှိလျှင်လည်း အောက်ခြေခိုင်သည့်သူများဖြစ်ပြီး တော်ရုံလောက်နှင့် ပြန်မကျနိုင်တတ်ပေ။ ဘင်္ဂဖွားတို့၏ ထူးခြားချက်မှာ ဆုံးရှုံးခြင်းကျဆုံးခြင်း ဒဏ်ကို တခြားသူများထက် ခံနိုင်ရည်ရှိခြင်းပင်ဖြစ်သည်။ ဘင်္ဂခွင်ဖွားမြင်သူတို့အတွက် အဓိကလိုအပ်ချက်မှာ ဇွဲ ရှိရန်ပင်ဖြစ်သည် ဆုံးရှုံးခြင်းကို သူငယ်ချင်းသဖွယ်ပေါင်းသင်းရသည်နှင့်အညီ မလျှော့သောဇွဲရှိခြင်းသည်ပင် ဘင်္ဂဖွားတို့၏ ရည်မှန်းချက်ပန်းတိုင်သို့တက်ရောက်နိုင်မည့် တစ်ခုတည်းသောလမ်းပင်ဖြစ်ပေသည်။


ပုတိဖွားဟောကိန်း
***************


ပုတိဖွားများသည် ငယ်စဉ်အခါ ဖွားစပင် ရောဂါအနာများတတ်သည်။ ကျမ်းမာရေးနဲ့ပတ်သက်ပြီး ချူခြာတတ်သည်။ အငိုသန် အရယ်သန်သူများဖြစ်သည်။ စိတ်နှလုံးပျော့ပြောင်းကြသည်။ အမွေအနှစ်ဥစ္စာတို့ကို အနည်းငယ်မျှသာ ခံစားရတတ်သည်။ ဘ၀တွင် သူတစ်ပါး၏ အပြစ်တင် ဝေဖန်မှုများခံရတတ်သည်။ သို့သော် ဂရုစိုက်လေ့မရှိဘဲ ကိုယ့်ကိုယ်ကိုသာ အားကိုးရာဟူ၍ နှလုံးမူပြီး ဘ၀ကိုလျှောက်လှမ်းသူများဖြစ်ကြသည်။ နှမြောတတ်သူ ချွေတာတတ်သူဖြစ်သည်။ အချစ်ရေး အိမ်ထောင်ရေးများတွင် လွန်စွာသ၀န်တို လွယ်တတ်ကြသည်။ဆွေမျိုးသားချင်းများနှင့် ရင်းနှီးစွာနေလေ့မရှိတတ်။ တစ်သီးတစ်ခြားနေခြင်း ရင်းနှီးသူတစိမ်းမိတ်ဆွေ သူငယ်ချင်းများနှင့်သာ ပိုမိုရင်းနှီးစွာနေလေ့ရှိကြသည်။ များသောအားဖြင့် ခြေထောက်တွင်
ဗွေပါသူကဲ့သို့ နေရာတော်တော်များများသို့ သွားရောက်ချင်သူများ ဖြစ်ပြီး အလုပ်လုပ်ကိုင်ရာတွင် မွေးရပ်မြေမှ စွန့်ခွာပြီး တစ်နယ်တစ်ကျေးသို့ သွားရောက်လုပ်ကိုင်ရတတ်သည်။ စိတ်ဓာတ်ကျလွယ် တက်လွယ်သည်။ ပုတိဖွားများအနေနဲ့ အဓိကအကျဆုံး အချက်မှာ အလွယ်လမ်း ဖြတ်လမ်းနည်းဖြင့် အောင်မြင်ကြီးပွားဖို့ခက်ခဲသည်။ အမှန်တကယ် ကြိုးစားမှ စစ်မှန်သောကျော်ဇော်ထင်ရှားအောင်မြင်မှုကိုရရှိမည့်သူများဖြစ်သဖြင့် တခြားသူများ အလွယ်လမ်းလိုက်၍ အောင်မြင်ကြီးပွားပါက မိမိသွားနေသည့် လမ်းကြောင်းမှမသွေဖယ်၊ အလွယ်မလိုက်ဘဲ တတ်စွမ်းသမျှ လမ်းမှန်အတိုင်း ကြိုးစားအားထုတ်ဖို့လိုအပ်ပေသည်။



Credit:
ဆရာဝေဒ (ဘ၀စိမ့်စမ်း)
Gmail:Sayarwaida@gmail.com
Viberphone: +959976041635 (09976041635)
Facebook: @message

About the Author

Gallium Gin-Group

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

Post a Comment

Note: Only a member of this blog may post a comment.

Flickr Gallery

 
Gallium Gin-Group © 2015 - Designed by Templateism.com