============
အရဟံ…
သမ္မာသမ္ဗုဒ္ဓေါ…
ဝိဇ္ဇာစရဏသမ္ပန္နော…
သုဂတော…
လောက၀ိဒူ…
အနုတ္တရောပုရိသ ဒမ္မသာရထိ …
သတ္ထာဒေ၀မနုဿာနံ…
ဗုဒ္ဓေါ…
ဘဂ၀ါ
အနက်
====
၁။ အရဟံ
ကိလေသာတို့မှ ဝေးကွာပြီး ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို မပြုတော်မူသော လူနတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
အလုံးစုံသော တရားတို့ကို မဖောက်မပြန် အမှားမရှိဘဲ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့် (စရဏ) နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
( ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား )
၎။ သုဂတော
ကောင်းသော စကားကိုဆိုတော်မူသော ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တ လောက၊ သြကာသ လောက၊ သင်္ခါရ လောက ဟူသော လောကအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ
ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိအောင် စွမ်းဆောင်နိုင်တော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
နတ်၊ လူ တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါးမှာ-
(၁) မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော က္ကဿရိယ ဘုန်းတော်။
(၂) တစ်ထောင့်ငါးရာ ကိလေသာ ရန်ဆူး ရန်ငြှောင့်တွေကို ပယ်ရှား သုတ်သင်နိုင်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် လောက္ကုတ္တရာ တရားတို့ကို “ဓမ္မ” ဘုန်းတော်။
(၃) ပြန့်နှံ့ ကျော်စောသော ဂုဏ်သတင်းတို့နှင့် ပြည့်စုံတော်မူသော ယသ ဘုန်းတော်။
(၄) အလွန်ကြီးမားသော ပါရမီရှင်ဖြစ်၍ အလွန်သပ္ပာယ် အတုမရှိ ကျက်သရေနှင့် ပြည့်စုံတော်မူသော သီရီ ဘုန်းတော်။
(၅) အလိုရှိတော်မူလေသမျှ ချက်ချင်း ခဏ ပြည့်စုံတော်မူသော ကာမ ဘုန်းတော်။
(၆) ကြီးမာလှသော လုံ့လ၊ ၀ီရိယတော်တို့နှင့် ပြည့်စုံတော်မူသော ပယတ္တ ဘုန်းတော်။
ဝေနေယျအပေါင်း ဂုဏ်တော်လွှမ်းခြုံပြီး ဘေးရန်လုံကြပါစေ။
Credit:ဆရာဝေဒ (ဘ၀စိမ့်စမ်း)
Gmail:Sayarwaida@gmail.com
Viberphone: +959976041635 (09976041635)
PS.(မူလဆောင်းပါးမှ ဂုဏ်တော်ကိုးပါး အနက်ကိုသာ ဖြတ်ယူထားခြင်းဖြစ်ပါသည် - GalliumGin)

Post a Comment
Note: Only a member of this blog may post a comment.