အေးအေးလူလူရှိနေတဲ့အချိန် နှလုံးခုန်နှုန်းဘယ်လောက်မြန်တယ်ဆိုတာကို ကြည့်ပြီး ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်းကို တိုင်းတာနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
တစ်မိနစ် နှလုံးခုန်နှုန်းဟာ သာမန်ထက် ၁၀ ချက် ပိုလာတိုင်း ပိုလာတိုင်း မည်သည့် အကြောင်းကြောင့်မဆို ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်းဟာ ၉ရာခိုင်နှုန်းစီ မြင့်တက်လာတယ်လို့ တရုတ်နိုင်ငံသား သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ လူအများစုရဲ့ နားနေချိန်အတွင်း နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အချက် ၆၀ ကနေ ၁၀၀ အတွင်း ရှိပါတယ်။ ဒါပေမဲ့ ကျွမ်းကျင် အားကစားသမားတွေရဲ့ နှလုံးခုန်နှုန်းကတော့ တစ်မိနစ် အချက် ၄၀ ဝန်းကျင်ပဲ ရှိပါတယ်။
တစ်မိနစ် နှလုံးခုန်နှုန်း အချက် ၆၀ ကနေ ၈၀ အတွင်းရှိသူတွေဟာ ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်း ၂၁ရာခိုင်နှုန်း တိုးလာခဲ့တဲ့အချိန်မှာ တစ်မိနစ် နှလုံးခုန်နှုန်း အချက် ၈၀ ကျော်သူတွေဟာ ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်း ၄၅ ရာခိုင်နှုန်း ပိုမြင့်ပါတယ်။
နှလုံးခုန်နှုန်း မြန်ခြင်းနဲ့ ငယ်ငယ်ရွယ်ရွယ်သေဆုံးမှုကြား ဆက်သွယ်ချက်ဟာ လူတိုင်းလူတိုင်းမှာ ရှိပါတယ်။ နှလုံး ဆိုင်ရာ ကျန်းမာရေးပြဿနာရှိတဲ့ သူမှမဟုတ်ဘူးလို့ သုတေသီတွေက ထပ်လောင်းပြောခဲ့ပါတယ်။ နားနေချိန် နှလုံးခုန်နှုန်း ပိုနိမ့်တဲ့သူတွေဟာ ပိုပြီး ကျန်းမာကြံ့ခိုင် ဖို့များကြောင်း ဆရာဝန်တွေ သိခဲ့တာကြာပြီဖြစ်ပါတယ်။
နှလုံးခုန်နှုန်းကို ဂရုပြုတိုင်းတာ လေ့ရှိဖို့နဲ့ နှလုံးခုန်နှုန်း နည်းအောင်လုပ်ဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။
Credit:ThitHtooLwin
Wednesday, December 2, 2015
တစ်မိနစ် နှလုံးခုန်နှုန်း ၁၀ ချက်ပိုတိုင်း ၉ရာခိုင်နှုန်းစီ ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်းမြင့်တက်
PUBLISHED ON: 6:42 PM
BY: Gallium Gin-Group
IN:
About the Author

Gallium Gin-Group
Author & Editor
Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.
Subscribe to:
Post Comments (Atom)
Post a Comment
Note: Only a member of this blog may post a comment.