Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, December 13, 2015

လတ်ဆတ်သော သစ်သီးများ စားသုံးပါ

လတ်ဆတ်သော သစ်သီးများ စားသုံးပါ

သစ်သီးဝလံတွေမှီဝဲစားသုံးတယ်ဆိုတာ သစ်သီးတွေဝယ်၊ အစိတ်ကလေးဖြစ်အောင်စိတ်၊ ပြီးရင် ဝါးစားလိုက်ရုံလေးပဲလို့ ကျွန်ုပ်တို့အားလုံး ယူဆကြပါတယ်။

စားပုံစားနည်းနဲ့ ဘယ်အချိန်မှာ စားပေးရမယ်ဆိုတာ သိပါက အကျိုးအမြတ်ပို၍ ရရှိခံစားမှာ ဖြစ်ပါတယ်။ သစ်သီးအသား၊ အနှစ် သို့မဟုတ် တစ်ခုလုံးစားခြင်းက အမျှင်ဓာတ်တွေရရှိစေတာမို့ ဖျော်ရည်အဖြစ်သောက်ခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။

ဖျော်ရည်အဖြစ်သောက်မယ်ဆိုရင် တငုံချင်း ဖြည်းဖြည်းသောက်ပါ။ ဘာကြောင့်လဲဆိုတော့ မြုံမချခင် တံတွေးနဲ့ ပေါင်းစပ်ရမှာ ဖြစ်လို့ပါပဲ။

သစ်သီးဖျော်ရည်သောက်ဖို့ လိုတဲ့အချိန်မှာ  လတ်ဆတ်သော သစ်သီးဖျော်ရည်သာ သောက်သုံးပါ။ ဗူးထဲကဟာတွေ မသောက်ပါနဲ့။

အပူပေးထားတဲ့ အချိုရည်တွေကို မသောက်ပါနဲ့။ ကြော်လှော်ချက်ပြုတ်ထားသည့် အသီးများကိုလည်း မစားပါနဲ့။ အရသာပဲရှိတာပါ။ အာဟာရ လုံးဝ မမြောက်ပါဘူး။ ဒါ့ကြောင့် အာဟာရဓာတ် လိုချင်ရင် ဒူးရင်းသီးပြုတ်တွေ လုပ်မနေပါနဲ့တော့။ သစ်သီးတွေ ချက်ပြုတ်ခြင်းက ဗီတာမင်ဓာတ်အားလုံး ဖျက်ဆီးပစ်ပါတယ်။

နည်းလမ်းမှန် သစ်သီးစားသုံးနည်း

သစ်သီးတွေကို ထမင်းစားအပြီး အချိုပွဲအနေဖြင့်မဟုတ်ဘဲ အစာအိမ်ဟောင်းလောင်းဖြစ်နေချိန်မှာ စားပေးသင့်ပါတယ်။

သစ်သီးကို အဲဒီလို မှီဝဲစားသုံးပါက ကိုယ်အလေးချိန်လျော့ချခြင်းနဲ့ တခြားလုပ်ဆောင်ချက်များအတွက် စွမ်းအင်ရရှိစေကာ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များဖယ်ရှားသည့် လုပ်ငန်းကို ဆောင်ရွက်ပေးပါ။

မှန်ကန်သော သစ်သီးမှီဝဲစားသုံးနည်းကို ကောင်းစွာနားလည်ထားပါက အလှအပ၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ အားအင်၊ ပျော်ရွှင်ခြင်းနဲ့ ပုံမှန်ကိုယ်အလေးချိန် ပိုင်ဆိုင်မယ့် လျို့ဝှက်ချက်ကို ရရှိစေပါတယ်။

သစ်သီးဝလံသည် အရေးကြီးဆုံးအစားအစာဖြစ်

ပေါင်မုန့် နှစ်ချက်စားပြီး အသီးတစ်စိတ်စားတယ်ဆိုပါစို့။ ပေါင်မုန့်ထက် အသီးက အစာကြေပိုမြန်တာကြောင့် အသီးက ခဏအတွင်း အစာကြေပြီး အစာအိမ်ကနေတဆင့် အူတွေအတွင်း တန်းသွားဖို့ အဆင်သင့်ဖြစ်နေပေမယ့် သွားမယ့်လမ်းကြောင်းကို ပေါင်မုန့်တွေ ပိတ်ဆို့ကာ အစာချေဖို့ ပိုမိုကြန့်ကြာစေပါတယ်။

ဒါ့ကြောင့်မို့ အစာအိမ်အတွင်း အစာမရှိတဲ့အချိန် သို့မဟုတ် ထမင်းမစားမီ အသီးကို စားတာ ပိုမိုကောင်းမွန်ပါတယ်။

Credit :Trend Myanmar

About the Author

Gallium Gin-Group

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

Post a Comment

Note: Only a member of this blog may post a comment.

Flickr Gallery

 
Gallium Gin-Group © 2015 - Designed by Templateism.com