ဒီနေ့နိုင်ငံတကာ သတင်းတွေထဲမှာ ထူးထူးခြားခြားတွေ့လိုက်ရတာကတော့
သမ္မတအိုဘားမားဟာ ခရီးထွက်ဖို့ ရဟတ်ယာဉ် ဆီကိုလာတယ်။ ရဟတ်ယာဉ်ဘေးမှာ
တပ်သားတစ်ယောက်က ရပ်နေတယ်။ သမ္မတလာတော့ သမ္မတကို အလေးပြုတာပေါ့။ သမ္မတက
ဒီအတိုင်း ရဟတ်ယာဉ်ပေါ်ကို တက်သွားပြီးမှ သတိရပြီး ပြန်ဆင်းလာတယ်။ တပ်သားရဲ့
လက်ကိုသွားဆွဲနှုတ် ဆက်ပြီး တစ်ခုခုပြောလိုက်တယ်။ တပ်သားက ပြုံးလိုက်တယ်။
ဒီအဖြစ်အပျက်လေးဟာ သာမန်လို့ထင်ရပေမယ့် မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကတော့ တစ်ကမ္ဘာလုံး ပျံ့နှံ့သွားပါတယ်။
သတင်းဝေဖန်ချက်တွေကလည်း ချက်ချင်းတက်လာတယ်။ သမ္မတတစ်ယောက်ရဲ့ ဘဝ
ဘယ်လောက်တာဝန်ကြီးတယ်၊ အမှတ်မထင်၊ အလုပ် အပြောတွေဟာ
ဘယ်လောက်အရေးကြီးတယ်ဆိုတာ မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားရပါတော့ တယ်။
အဲဒီနေ့က သမ္မတဟာ မေရီလန်း၊ အန်နာပိုလိစ် အမေရိကန်ရေတပ်သင်တန်းကျောင်း
သင်တန်းဆင်းပွဲကိုသွားဖို့ရှိပါတယ်။ သမ္မတဆိုတော့ အာရုံလည်းများသပေါ့။
မြက်ခင်းကို အသော့ဖြတ်လျှောက်လာတဲ့ သမ္မတကို ရဟတ်ယာဉ်ကလည်း စက်နှိုး ထားပြီး
ကြိုနေတယ်။ ရဟတ်ယာဉ်ဘေးကစောင့်နေတဲ့ မရိန်းတပ်သားတစ်ယောက်က သမ္မတကို
အလေးပြုလိုက်ပေမယ့် သမ္မတက သတိမထားဘဲ ရဟတ်ယာဉ်ပေါ်တက်သွားတယ်။
ရဟတ်ယာဉ်ပေါ်ရောက်တော့ လေယာဉ်မှူးကို လက်ဆွဲနှုတ်ဆက်ရာက သတိရသွားပုံပေါ်တယ်။
ချက်ချင်း ရဟတ်ယာဉ် ပေါ်ကပြန်ဆင်းပြီးတော့ ခုနက အလေးပြုလိုက်တဲ့
မရိန်းတပ်သားလေးကို လက်ဆွဲနှုတ်ဆက်ရင်းက တစ်ခုခုပြောလိုက်တယ်။
ဘာတွေပြောတယ်ဆိုတာတော့ အဝေးကနေရိုက်ပြတဲ့ ဗီဒီယိုကလစ်မှာ မသိရပါဘူး။
ဒါပေမဲ့ မရိန်းတပ်သားလေးရဲ့ ပါးမှာ အပြုံးရိပ်လေးထင်လာတာက
သမ္မတဘာပြောလိုက်တယ်ဆိုတာထက် ပီပြင်ထင်ရှားစွာရိုက်ပြနိုင်လိုက်တဲ့
ရိုက်ချက်ဖြစ်ပါ တယ်။
အမေရိကန်သမ္မတတွေဟာ စစ်တပ်ကတစ်ဦးဦးကနေ
အလေးပြုရင် ပြန်ပြီး အလေးပြုရတဲ့ ထုံးစံရှိပါတယ်။
ဒါကလည်း အပြန်အလှန်
လေးစားတဲ့အနေနဲ့ ထားခဲ့တဲ့ အစဉ်အလာတစ်ခုပါ။ ဒီအစဉ်အလာကို ၁၉၈၁ ခုနှစ် သမ္မတ
ရော်နယ် ရေဂင် လက်ထက်ကတည်းက ကျင့်သုံးခဲ့ကြတာလို့လည်းဆိုပါတယ်။
သမ္မတအိုဘားမားရဲ့ စစ်ရေးအတွေ့အကြုံနည်းမှုတွေနဲ့ ပတ်သက်ပြီး
အမေရိကန်ပြည်သူတွေဟာ စိတ်မသက်မသာ ဖြစ်ခဲ့ရ တာတွေ အများကြီးပါ။ ဒါပေမဲ့
သမ္မတတစ်ယောက်ဟာ ငါဘာလုပ်သင့်တယ်ဆိုတာ အမြဲစဉ်းစားတတ်ပါတယ်။ ငါလုပ် လိုက်တဲ့
အပြုအမူတစ်ခုဟာ ဘယ်လောက်အထိ သက်ရောက်နိုင်တယ်ဆိုတာ စဉ်းစားတယ်။
ဒါကြောင့်လည်း သူပြန်ပြီးတော့ မရိန်းတပ်သားလေးကို ဆင်းပြီးတောင်းပန်တာပေါ့။
ကျွန်တော်ဒီစကားပြောတာ ကိုယ့်နိုင်ငံက သမ္မတကို မလေးစားလို့ပြောတာလားလို့
မေးစရာရှိပါတယ်။ "ကျုပ်တို့ကို သူတို့က စရိုက်တာ။ သူတို့ရိုက်လို့
ကျုပ်တို့ကပြန်ရိုက်တာ" လို့ပြောတဲ့ သမ္မတကို ဘယ်လိုလေးစားရမလည်းဆိုတာ
ကျွန်တော် စဉ်းစားပါရစေဦး။
Credit : ဖိုးသူတော်(www.phothutaw.com)
Credit : Maukkha




Post a Comment
Note: Only a member of this blog may post a comment.