Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, February 24, 2016

ဝန်ထမ်းများသိထားသင့်တဲ့ ခွင့်အမျိုးအစားများ
ခွင့်အမျိုးအစားဆိုင်ရာ သတ်မှတ်ချက်များအား ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ကုမ္ပဏီများအတွက် အများဆုံးအသုံးပြုနေသော ခွင့်အမျိုးအစားများအနေဖြင့်
– Annual Leave (လုပ်သက်ခွင့်)
– Sick Leave (နာမကျန်းခွင့်)
– Marriage Leave (အိမ်ထောင်မှုခွင့်)
– Maternity Leave (မွေးဖွားခွင့်)
– Paternity Leave (မိဘဆိုင်ရာခွင့်)
– Education Leave (ပညာရေးခွင့်)
– Casual (ရှောင်တခင်ခွင့်) စသဖြင့် ခွင့်အမျိုးအစားများအား သတ်မှတ်ပြီး အလုပ်သမား၊ ၀န်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ၊ နာမကျန်းမှု၊ အနားယူမှုများတွင် ၀န်ထမ်းရေးရာဌာမှ စီမံအုပ်ချုပ်ပေးလျှက်ရှိပါသည်။ (Entrepreneur SMEs – Future Myanmar ၏ ကုမ္ပဏီအကြံပေးမှု – ခွင့်သတ်မှတ်ချက်များမှ ပြန်လည်ကိုးကားဖော်ပြထားသည်)
အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသော ခွင့်အမျိုးအစားများအနေဖြင့်…
ရှောင်တခင်ခွင့်
—————-
ရှောင်တခင်ခွင့်သည် ရုတ်တရက် နာမကျန်းဖြစ်ခြင်းကြောင့်လည်းကောင်း၊ အရေးကြီးသော ကိုယ်ရေးကိစ္စ ရုတ်ချည်း ပေါ်ပေါက်ခြင်းကြောင့်လည်းကောင်း အလုပ်ခွင်သို့ မလာရောက်ဘဲ နေခွင့်ပြုသည့် ခွင့်ရက်တို ဖြစ်သည်။ ရှောင်တခင်ခွင့် ခံစားနေသည့် ဝန်ထမ်းကို အလုပ်ခွင်၌ ရှိနေသကဲ့သို့ မှတ်ယူရမည်။
ကူးစက်ရောဂါ ကာကွယ်ခွင့်
—————————–
ကူးစက်ရောဂါ ကာကွယ်ခွင့်သည် ဝန်ထမ်း၏ မိသားစု သို့မဟုတ် အတူနေ မိသားစု၌ ကူးစက်ရောဂါ ဖြစ်ပွားသောကြောင့် ဝန်ထမ်းကို အလုပ်ခွင်သို့ မလာရောက်စေရန် ခွင့်ပြုသော ခွင့်ဖြစ်သည်။ ဤခွင့်ခံစားနေသူ ဝန်ထမ်းကို အလုပ်ခွင်၌ ရှိနေသကဲ့သို့ မှတ်ယူရမည်။
လုပ်သက်ခွင့်
————-
လုပ်သက်ခွင့်သည် တာဝန်ထမ်းဆောင်သည့် ကာလကို အခြေပြု၍ ရခွင့်ရှိသော ခွင့်ဖြစ်သည်။ ရခွင့်ရှိသော ကာလမှာ တာဝန်ချိန်၏ ၁/၁၁ ဖြစ်သည်။ အချိန်ပြည့်တာဝန် ထမ်းဆောင်ရက် ၁၁ ရက်ရှိတိုင်း လုပ်သက်ခွင့်တစ်ရက် စုဆောင်းခွင့်ရှိပြီး ရုံးပိတ်ရက်များရှိလျှင်လည်း တစ်ဆက်တည်း ထည့်သွင်းတွက်ချက်သည်။
လုပ်သက်ခွင့်ကို ဆေးလက်မှတ်ခွင့်နှင့် လစာမဲ့ခွင့်တို့၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ တစ်ဆက်တည်း ဆက်စပ်ခံစားခွင့် ရှိသည်။ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို ငြင်းပယ်ထားသည့် ကိစ္စမှတစ်ပါး အငြိမ်းစားယူရမည့် နေ့ရက်ထက်ကျော်၍ ခံစားခွင့် မရှိစေရ။လုပ်သက်ခွင့် ကာလအတွင်း၌ ပျမ်းမျှလစာကို ခွင့်လစာအဖြစ် ခံစားခွင့်ရှိသည်။
အားလပ်ရက်ရှည် ခံစားခွင့်ဆိုင်ရာ ကိစ္စရပ်များ
————————————————
အားလပ်ရက်ရှည်ဆိုသည်မှာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း တစ်ဆက်တည်းပိတ်ရက် ၁၅ ရက်ထက် ကျော်လွန်သော ကာလတစ်ရပ်ကို ဆိုသည်။ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း၌ အားလပ်ရက်ရှည် ကာလတစ်ခုတည်း ရှိပြီး ထိုအားလပ်ရက်ရှည် ကာလသည် ရက် ၃၀ အောက်လျော့နည်းပါကလည်း ထိုကာလကို တစ်လဟု မှတ်ယူရမည်။
မခံစားရသည့် အားလပ်ရက်ရှည်ပေါင်း
—————————————— x ၃၀ = လုပ်သက်ခွင့်
ခံစားခွင့်ရှိသည့် အားလပ်ရက်ရှည်ပေါင်း
အားလပ်ရက်ရှည်ကို အခြားခွင့်တစ်မျိုးမျိုး၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ တစ်ဆက်တည်း ဆက်စပ်ခံစားနိုင်သည်။ သို့ရာတွင် လုပ်သက်ခွင့်နှင့်အတူ ခံစားသည့်အခါ ယင်းခွင့်နှင့် အားလပ်ရက်ရှည် စုစုပေါင်းကာလသည် လေးလထက် မပိုစေရ။
ဆေးလက်မှတ်ခွင့်
——————-
ဆေးလက်မှတ်ခွင့်သည် တာဝန်ထမ်းဆောင်သည့် ကာလကို အခြေမခံဘဲ လုပ်သက်နုရင့်မရွေး ခွင့်ပြုနိုင်သည့် ခွင့်မျိုးဖြစ်သည်။ ဆေးလက်မှတ်ခွင့်ကို ခွင့်ပြုရာတွင် –
ဝန်ထမ်းလုပ်သက် တစ်လျှောက်လုံးအတွက် ခွင့်ပြုနိုင်သည့် ကာလသည် ၁၂ လ ဖြစ်သည်။ အထူးလုံလောက်သော ကိစ္စများတွင် နောက်ထပ် ခြောက်လထိ ထပ်မံခွင့်ပြုနိုင်သည်။ ဆေးလက်မှတ်ခွင့် ကာလအတွင်း ခွင့်လစာကို ပျမ်းမျှလစာ၏ ၁/၂ နှုန်း ခံစားခွင့်ရှိသည်။
နာမကျန်းပင်စင် ယူရတော့မည့် ဝန်ထမ်း၏ ခွင့်ခံစားမှုဆိုင်ရာ ကိစ္စရပ်များ
—————————————————————————-
မကျန်းမာ ဖြစ်နေသည့် ဝန်ထမ်းကို ဆေးစစ်မှု ခံယူစေရာတွင် သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က ယင်းဝန်ထမ်းသည် တာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်မည့် အလားအလာမရှိဟု ဆေးမှတ်ချက်ပြုသည့်အခါ နာမကျန်းပင်စင် ခံစားခွင့် ပြုရမည်။
လစာမဲ့ခွင့်
———–
လစာမဲ့ခွင့်သည် ဝန်ထမ်း၏ ခွင့်စာရင်း၌ အခြားခွင့်အမျိုးအစားများ မကျန်ရှိသည့်အခါ သို့မဟုတ် အခြားခွင့်အမျိုးအစားများ ရှိသော်လည်း ဝန်ထမ်းကိုယ်တိုင်က လစာမဲ့ခွင့်ကို ခွင့်ပြုရန် စာဖြင့် တောင်းခံသည့်အခါတွင် ခွင့်ပြုသည့် ခွင့်ဖြစ်သည်။လစာမဲ့ခွင့်ကို အခြားသော ခွင့်များနှင့် ဆက်စပ်ခွင့်ပြုနိုင်သည်။



Credit : Future Myanmar ( Management ) www.EntrepreneurSME.com မှတစ်ဆင့် Gallium-Gin(ဂဲါလ်လီယမ် ဂျင်း)အဖွဲ့မှ ပြန်လည်တင်ဆက်ပါသည်။

ဝန်ထမ်းများသိထားသင့်တဲ့ ခွင့်အမျိုးအစားများ

Tuesday, February 2, 2016


ကမ္ဘာ့အချမ်းသာဆုံးသူဌေးတစ်ဦးဖြစ်တဲ့ ZARA အမှတ်တံဆိပ်ပိုင်ရှင် အော်တေဂါ ရဲ့ အကြောင်း (5 Mins Read)


တစ်ချိန်က စပိန်မှာ သူငယ်ချင်း နှစ်ယောက် ရှိတယ်၊ ဘရန်ကိုနဲ့  အော်တေဂါလို့ ခေါ်တယ်၊ ဘရန်ကို မိဘတွေက ချမ်းသာတယ်၊ ဒီတော့ ဘရန်ကိုက ဆေးကျောင်းအရင်တက်တယ်၊ ပြီးတော့ စာမကျက်နိုင် တော့ဘူးဆိုပြီး အင်ဂျင်နီယာလိုင်း ပြောင်းတယ်၊ ဒါလည်း ကြာကြာမခံပါဘူး၊ ရုပ်ရှင် မင်းသား ပြောင်းလုပ်ပြန်တယ်၊ မအောင်မြင်ဘူး၊ နောက်ဆုတ်ဖို့  လမ်းရှိနေတော့ အလွယ်တကူ အရှုံး ပေးတယ်၊ အကြောင်း ပြချက် ပေါင်းစုံ ပေးပြီး နောက်ဆုံးတော့ သူ့ မိဘ လက်ငုပ် ကုန်သည်ပဲ လုပ်တော့တယ်၊ သူ့ ပုံပြင်လေးက ဒီမှာ ပြီးပြီ၊

မပြီးသေးတဲ့ ပုံပြင်ထဲက ဇာတ်လိုက်နာမည်က အမန်စီယို အော်တေဂါ၊ သူ့ မိသားစုက ဆင်းရဲတယ်၊ သူ့ အဖေ က မီးရထားဌာနက အောက်ခြေဝန်ထမ်း၊ လခ တစ်လစာ က ကြက်ဥ ဆယ်ဒါဇင် ဝယ်ရင်ကုန်ပြီ၊ ဆင်းရဲလွန်း လို့  ၁၄နှစ်မှာ ကျောင်းထွက် လိုက်ရတယ်၊ အလုပ် လိုက်ရှာရင်းနဲ့  အင်္ကျီ ရောင်းတဲ့ ဆိုင်မှာ အကူအလုပ် ရတယ်၊ ဒီအလုပ်ကို လုပ်ရင်း အရင်းအနှီးနဲ့  အတွေ့ အကြုံရှာခဲ့တယ်၊ လမ်းဘေးမှာ အထည်ဟောင်းတွေ ရောင်းတဲ့ အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့တယ်၊

အခက်အခဲတွေ မရေမတွက်အောင် တွေ့ လွန်း တော့ နောက်ဆုတ်လိုက်ချင်စိတ် အကြိမ်ကြိမ် ပေါ်တယ်၊ နောက်ဆုတ် ဖို့ ပြန်ကြည့် တော့ တခြား ထွက်ပေါက်မရှိဘူး၊ ဆင်းရဲ လွန်းပြီး ပညာရေးမပြီးတဲ့ အတွက် တခြား အလုပ် ရှာမရဘူး၊ ဒါနဲ့ ဒီအလုပ် တစ်ခုပဲ ဇောက်ချလုပ်တော့မယ်ဆိုပြီး အားတင်း ကြိုးစားတယ်၊ နောက်နှစ် နှစ်ဆယ် လောက် အကြာမှာ ကိုယ်ပိုင် အဝတ် အထည်တွေ ချုပ်ပြီး စရောင်းကြည့်ရာကနေ နည်းနည်း အဆင်ပြေလာတယ်၊ အဲဒီအချိန် အသက် ၃၆နှစ်၊သူ့ အသက် လေးဆယ်ဝန်းကျင် ၁၉၇၅ မှာ ZARA ဆိုတဲ့ တံဆိပ်တပ်ပြီး အဝတ်အထည် စရောင်း တယ်၊အဝတ်ဈေးကွက်ကို နှစ်ပေါင်းများစွာ အရည်ကျို သောက်လာတဲ့ သူဟာ ZARA ကို ဆယ်နှစ် အတွင်း အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့တယ်၊ ၁၉၈၉ မှာ ပေါ်တူဂီ ဈေးကွက် ကို စတင်ဝင်တယ်၊ နောက် ဆယ်နှစ်မှာ ကမ္ဘာ့အဝတ်အထည် လောကရဲ့  ထိပ်တန်း ပြင်သစ်၊ လန်ဒန်ဈေးကွက်ထဲကို ZARA ရောက် လာပါပြီ၊

၂၀၀၁ မှာ ZARA ကို စတော့ဈေးကွက် တင်တယ်၊ZARA ဟာ အလွန် လျင်မြန်စွာ တိုးတက် လာတယ်၊ ၂၀၁၅ မှာ နိုင်ငံပေါင်း ၈၈ နိုင်ငံ မှာ ဆိုင်ပေါင်း (၆၇၄၆) ဖွင့်လှစ်နိုင်ခဲ့ပြီး အမြဲတမ်း ဝန်ထမ်း တစ် သိန်း လေးသောင်း ကျော်ခန့် ထား နိုင်ခဲ့ပါတယ်၊ ဖို့  မဂ္ဂဇင်းရဲ့ ၂၀၁၅ ကမ္ဘာ့ တန်ဖိုး အကြီးဆုံး တံဆိပ် တစ်ရာမှာ ZARA က တံဆိပ် တန်ဖိုးသက်သက် ကို ဒေါ်လာ ၉.၄ ဘီလီယံ နဲ့  နံပါတ် ၅၈ ချိတ်ခဲ့ပါ တယ်၊ ကျွန်တော်တို့ ကြားဖူးတဲ့ (Sony, Panasonic, Lexus, Rolex, Adidas, Hyundai, KIA, Volkswagen, Nissan, Canon, Chevrolet, Colgate, Red Bull, Estée Lauder) တို့ ထပ် ZARA ရဲ့  တံဆိပ်တန်ဖိုးက ပိုမြင့်ပါတယ်၊ လာမယ့် ၂၀၁၆ မှာ တံဆိပ် တန်ဖိုး အဆင့်ပိုတောင် တက်လာနိုင်တယ်၊

အော်တေဂါဟာ Inditex ကုမ္ပဏီကို ထူထောင်ပြီး ZARA ရဲ့ မိခင်ကုမ္ပဏီ အဖြစ် သတ်မှတ်ကာ Inditex ရဲ့ ဖွဲ့ စည်းပုံ ထဲထည့်ခဲ့ တယ်၊ Inditex ရဲ့  အောက်မှာ (ZARA, Pull&Bear, Massimo Dutti) အပါအဝင် တံဆိပ် ရှစ်ခုပိုင်ဆိုင် တယ်၊ ၂၀၀၄ နဲ့  ၂၀၁၄ ဆယ်နှစ် အတွင်း (Inditex) ဟာ ရာခိုင်နှုန်း (၅၇၀) ကြီးထွား လာပြီး ၂၀၁၄ ကနေ ၂၀၁၅ တစ်နှစ် အတွင်း နောက်ထပ် ငါးဆယ် ရာခိုင်နှုန်း ထပ် ကြီးထွားတယ်၊ Inditex ကုမ္ပဏီရဲ့  စုစုပေါင်း ရှယ်ယာတန်ဖိုး ၅၉.၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ တချိန်က ဆင်းရဲလှတဲ့ အော်တေဂါရဲ့  ကြွယ်ဝမှုဟာ တစ်ရှိန်ထိုး တိုးတက် လာပြီး ၂၀၁၀ မှာ ကမ္ဘာ အချမ်းသာဆုံး နံပါတ် ကိုး ၊ ၂၀၁၃ မှာ နံပါတ် သုံး ကိုရောက်ရှိလာ ပါတယ်၊

ပြီးခဲ့တဲ့ သောကြာနေ့  အောက်တိုဘာ ၂၃ ရက် ၂၀၁၅ မနက် အစောပိုင်းမှာတော့ Inditex ရဲ့  ရှယ်ယာ တစ်ခု တန်ဖိုး ၃၃.၉၉ ယူရိုထိ တက်သွား လို့  အော်တေဂါ ရဲ့  ကြွယ်ဝမှုဟာ ဒေါ်လာ ၈၀ ဘီလီယံ နီးပါး ဖြစ်သွားပြီး အမေရိကန် ဘီလီယံနာ မိုက်ခရိုဆော့ ပိုင်ရှင်ဘီလ်ဂိတ်ရဲ့  အချမ်းသာဆုံး နံပါတ်တစ် နေရာကို ၄ နာရီ ကြာ ရယူလိုက်ပါတယ်၊ မနက် ၁၀း၅၂ မှာ တော့ ရှယ်ယာတန်ဖိုး ၃၃.၈၀ ယူရို ထိ ပြန် ကျသွားလို့  ဘီလ်ဂိတ်က ပထမနေရာ ပြန်ရ လိုက်ပါတယ်၊ လာမယ့် ရက်တွေမှာ စတော့ ရှယ်ယာ အတက်အကျ အနည်းငယ်ပေါ်မူတည်ပြီး သူတို့ နှစ်ယောက် တလှည့်စီ ပထမဖြစ်နိုင်ပါတယ်၊

အလွန်ကြွယ်ဝနေတဲ့ အော်တေဂါဟာ အံ့သြ စရာကောင်းစွာ ပုဂ္ဂိုလ်ရေး မကျော်ကြား အောင် (Very Low Profile) နဲ့ နေထိုင်ခဲ့တယ်၊ ဈေးပေါတဲ့ အပြာရောင် ကုတ်၊ အဖြူရောင်ရှပ်နဲ့  ခဲရောင် ဘောင်းဘီပဲ ဝတ်ပြီးနေတယ်၊ တန်ဖိုး အသင့် အတင့် မြင့်တဲ့ သူ့ ကိုယ်ပိုင် ZARA တံဆိပ်တောင် မဝတ်ဘူး၊ သန်းကြွယ် သူဌေးဖြစ်နေတာ ကြာပြီ ဖြစ်တဲ့ ၁၉၉၉ ထိ သူ့  ဓာတ်ပုံ အင်တာနက်မှာ ရှာမရဘူး၊ မီဒီယာ တွေ ကို အင်တာဗျူး အလုပ်မခံ ဘူး၊ ၂၀၀၀ ခုနှစ်မှ အင်တာဗျူးလုပ်ခံရလို့  သူ့ ဘဝ အကြောင်း လူတွေသိလာတယ်၊ ဒါကလည်း ၂၀၀၁ မှာ သူ့  ကုမ္ပဏီ ကို စတော့ ဈေးကွက် တင်မှာမိုလို့  CEO Branding အနေနဲ့ မဖြစ်လို့ သာ အဗျူးခံ တာ၊မြန်မာပြည် အဝတ်အထည် ဈေးကွက် ထဲက ကိုယ်ပိုင် တံဆိပ်နဲ့ ထုတ်လုပ်ချင်တဲ့ မိတ်ဆွေ တွေကို ZARA ရဲ့ လုပ်ဟန် တချို့ ကို ပြောပြချင်ပါ တယ်၊ အကုန်ယူလို့ မရရင်တောင် ဗဟုသုတ အနေနဲ့ ပါ၊

၁၊ ဆိုင်ခန်းအတွက် အကောင်းဆုံး နေရာ တွေကို ပဲ ရွေးဖွင့်ခဲ့တယ်၊
၂၊ ကြေငြာစရိတ်ကို လျော့ချခဲ့တယ်၊ တခြား ပြိုင်ဘက် ကုမ္ပဏီတွေ ဝင်ငွေရဲ့  ၃.၅ မှ ၅ ရာခိုင်နှုန်း ကြား ကြေငြာစရိတ်သုံးချိန်မှာ အော်တေဂါ က အံ့သြဖွယ် ၀.၃ ရာခိုင်နှုန်းပဲ သုံးခဲ့တယ်၊
၃၊ အလုပ်ချိန်ကို တိုးမြင့်ပြီး ရောင်းအားပိုကောင်း စေခဲ့တယ်၊
၎၊ အရေးအကြီးဆုံး အချက်က အဝတ်ဒီဇိုင်းတစ်ခု ရဲ့  သက်တမ်းကို အတိုဆုံးထားခဲ့တာပါပဲ၊ ဖန်တီးမှု အသစ်တွေ စဉ်ဆက်မပြတ် လုပ်နေခဲ့တဲ့ အတွက် ဒီဇိုင်းအသစ်တွေ အဆက်မပြတ်ထွက်နေခဲ့တယ်၊

အော်တေဂါဟာ ခုဆို အသက် ၇၉ နှစ်ရှိပါပြီ၊ ဆင်းရဲ လွန်းလို့  ၁၄ နှစ်မှာ ကျောင်းထွက်ခဲ့ရပြီး အလုပ် သမား ဘဝနဲ့ နှစ်ပေါင်း များစွာ နေခဲ့ရတဲ့သူဖြစ် ပါတယ်၊ အသက် ၄၀ ရောက်မှ ကိုယ်ပိုင်လုပ်ငန်း စတင်နိုင်ခဲ့တဲ့ မီးရထား အောက်ခြေ ဝန်ထမ်းတစ်ဦး ရဲ့  သားတစ်ယောက် ဖြစ်ပါ တယ်၊ လမ်းဘေး အထည် တွေ စရောင်းပြီး ဘဝစခဲ့တဲ့ အော်တေဂါ ဟာ ZARA တည်ထောင်ပြီး နှစ် လေးဆယ် အကြာ မှာ ယှဉ်ပြိုင်ဖို့ ခက်လှတဲ့ နည်းပညာခေတ်ရဲ့  ဘီလူး (Titan) တွေကို မယုံနိုင်စရာ ကျော်ဖြတ်ပြီး ကမ္ဘာ အချမ်းသာဆုံး တစ်ဦး ဖြစ်ခဲ့ပါပြီ၊

စစ်တမ်းတစ်ခုရှိပါတယ်၊ သန်းကြွယ်သူဌေး (၇၅) ရာခိုင်နှုန်းလောက်ရဲ့  မိဘတွေ ဟာ မချမ်းသာ ကြပါဘူး၊ ဖိအားများစွာနဲ့ ကိုယ်ထူးကိုယ်ချွန် ပင်ပန်းစွာ ကြိုးစားပြီးမှ အောင်မြင်ကြ ပါတယ်၊ ဒီလိုဇာတ်လမ်းမျိုးဟာ သိပ်တော့ မဆန်းပြားပါဘူး၊ ဒါပေမယ့် ဘဝကို ပင်ပန်းစွာစ ခဲ့ရတဲ့ ကမ္ဘာ့  အချမ်းသာဆုံး သူကြွယ်ကြီးရဲ့  ဇာတ်လမ်းကို ဖတ်မိတဲ့ အချိန်မှာ မရေးဘဲ မနေနိုင်တော့ပါဘူး၊ ဒီနေ့  သာမန်ဘဝမှာ ရောက်နေပေမယ့် တချိန် အောင်မြင် လာနိုင်တဲ့ မြန်မာ လုပ်ငန်းရှင် လောင်းလျာ တွေကို ဂုဏ်ယူအားကျ စေချင်တဲ့ စိတ်နဲ့ ရေးပါတယ်၊

အကယ်၍ ဒီစာဖတ်နေတဲ့ မိတ်ဆွေတို့ ရဲ့ မိဘ တွေများ မချမ်းသာခဲ့ဘူး ဆိုရင် ငါတို့ သိပ်ကံကောင်း တယ်လို့  သတ်မှတ်ပြီး ဝမ်းသာလိုက်ပါ၊ ကျွန်တော် လည်း မိတ်ဆွေတို့ အတွက် ဝမ်းမြောက်ပါတယ်၊ ဘာကြောင့် လဲ ဆို တော့ မိတ်ဆွေတို့  သန်းကြွယ် သူဌေး ဖြစ် လာဖို့  မွေးရာပါ သူဌေးသားတွေ ထက် အခွင့်အရေး ၃ ဆပိုများ နေပါတယ်။

ကိုးကား
http://www.forbes.com/…/amancio-ortega-briefly-passes-bill…/
http://www.forbes.com/powerful-brands/list/2/#tab:rank
Credit: Aung Chan Mon (www.myanmarleaders.com)
မှတစ်ဆင့် Gallium-Gin(ဂဲါလ်လီယမ် ဂျင်း)အဖွဲ့မှ ပြန်လည်တင်ဆက်ပါသည်။

နောက်ဆုတ်လို့ မရလို့  ရှေ့ ဆက်တိုးခဲ့သူ (သို့ ) လမ်းဘေးအထည်ရောင်းခဲ့တဲ့ ကမ္ဘာအချမ်းသာဆုံး သူဌေး

Monday, February 1, 2016


“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)

၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)

၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူ့အိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

၎) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)

၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။

၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)

၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်အရာတွေကတော့ . . . . .

(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

Credit: www.myanmarleaders.com
မှတစ်ဆင့် Gallium-Gin(ဂဲါလ်လီယမ် ဂျင်း)အဖွဲ့မှ ပြန်လည်တင်ဆက်ပါသည်။

ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ

 (3 Mins Read)



စင်ပေါ်တက်လို့ စကားပြောမယ်၊ မိန့်ခွန်းပြောမယ် မယ် ဆိုရင် ပြင်ဆင် စရာတွေ အများကြီး ရှိပါတယ်။ ယင်းပြင်စင် စရာတွေထဲမှာ ကာယကံရှင်တို့ မဖြစ် မနေ ရှောင်ရမယ့် အချက် များကို ရေးသား ဖော်ပြ လိုက်ရ ပါတယ်။

၁။ ဟယ်လို တက်စတင် ဝမ်းတူးတွီး၊ မိုက်ချက်ချက်
ဟယ်လို တက်စတင် ဝမ်းတူးတွီး၊ Mic Check (မိုက်ချက်ခ်) အစရှိသဖြင့် တို့ကို မိမိ မဟောပြောခင် အစောမှာ ပြုလုပ်ရမယ့် အရာတွေ ဖြစ်ပါတယ်။ ကိုယ့်က ပြောဖို့ အလှည့်ကျပြီး စင်ပေါ် ရောက်ရှိတဲ့ အချိန် အများစု Attention ရထားချိန်မှာ ယင်းကဲ့သို့ ပြုမူ မှုများက မိမိ သေချာ မပြင်ဆင် ထားဘူး ဆိုတာကိုလည်း ပြပါတယ်။ ပြီးတော့ ပရိသတ် အာရုံစူးစိုက်မှုလည်း လျော့ကျ သွားနိုင်ပါတယ်။

၂။ အလင်းရောင်များနေလို့ အောက်မှာ ဘယ်တွေသူရှိလဲ မသိဘူး.
အချို့ဟာ စင်ပေါ်တက်ပြီး ပြောရတော့မယ့် အချိန် အောက်မှာ ဘယ်သူတွေ ရှိကြလဲ မသိဘူး။ အလင်းရောင် များနေလို့ ကျနော် ဘာမှ မမြင်ရဘူး အစရှိသဖြင့် ပြောပါတယ်။ အချို့ ဆိုရင် ကျနော့ မိတ်ဆွေတွေ ပါလား မသိဘူး ဆိုတာနဲ့ အစချီပါတယ်။ ယင်းဟာ ပရိတ်သတ် အခြေအနေပေါ် မူတည်ပြီးမှ ကိုယ့်ရဲက Speech က အမျိုးမျိုး ပြောင်းလဲနိုင်တယ် ဆိုတာကို ပြတာ ဖြစ်တာကြောင့် စောင့်ကြည့်ရှု သူများ ကို စိတ်ပျက် သွားစေ နိုင်ပါတယ်။

၃။ ကျနော် အချိန်မရလို့ သိပ်ပြင်မလာ လိုက်ရဘူး
အချို့ ဟောပြောသူတို့ဟာ စင်ပေါ်တက်ပြီးတော့ ပြောမယ်လို့ လုပ်ခါမှ 'ကျနော် အချိန်မရလို သေချာ ပြင်မလာခဲ့ရဘူး။. ကျနော် ခရီးလွန်နေလို့ မနေ့ညကမှ ပြန်ရောက်လို့။ ဘယ်နေရာကို သွားနေရလို့ အစရှိသဖြင့် အကြောင်းပြချက် ပေးပါတယ်။ အချို့ဆိုရင် မဆီမဆိုင် ကိုယ့်ရဲ့ Personal ကိစ္စတွေပါ ထည့်ပြော တတ်ပါသေးတယ်။ ဒါတေါကို ရှောင်ကြဉ်ရန် လိုအပ် ပါတယ်။

၎။ နောက်တစ်ခါမှပဲ ကျနော် ဒီထက်ပို ပြည့်စုံတဲ့....
'နောက်တစ်ခါမှပဲ ဒီထပ် ပိုပြည့်စုံတဲ့ ရှင်းလင်းမှုကို' ထပ်ဖြည့်ဆွက်ထားတဲ့ .. ပရော်ဂျက်တွေကို' အစရှိသဖြင့် ထည့်ပြောတတ်ကြ ပါတယ်။ ဒါဟာလည်း ယခု ဟောပြောချက်၊ ရှင်းလင်း ပြသချက် များက မပြီးပြည့်စုံဘူး။ သို့တည်း မဟုတ် သတင်းအချက်အလက် အပြည့်အစုံ မပါဝင်ဘူးလို့ ပြောတာနဲ့ တူညီ ပါတယ်။ ဒီတော့ မကောင်း ပါဘူး။

၅။ ဟိုလေ....
ပြောနေရင်းက ပြောစရာ မေ့သွားတာမျိုး၊ တွေဝေနေတာမျိုးမှာ ကိုယ်က ဟိုလေ.. အဲ.. ဟိုဒင်း. သိလားမသိဘူး .. အစရှိသဖြင့် ပြောဆိုမှုများက ပရိတ်သတ် အာရုံ စူးစိုက်မှုကို လျော့ကျ သွားစေ ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်ဟာ အခြားသော အကြောင်းအရာ တစ်ခုခုနဲ့ အစားထိုး ပြောနေ နိုင်ဖို့ လိုအပ် ပါတယ်။

၆။ စာလုံးသေးနေလို့ ကျနော် ဖတ်ပြမယ်...
Power Point, Slideshow တွေနဲ့ ပြတဲ့အခါ Audience တွေက စာဖတ်ဖို့ လာတာ မဟုတ်ပါဘူး။ မိမိရဲ့ တင်ဆက်မှု၊ သရုပ်ဖော်ပြသမှု နဲ့ ရှင်းလင်းမှုကို လာရောက် ကြည့်ရှုတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်က Slide Show က စာလုံးတွေ အရမ်း သေးနေလို့ ကျနော် ဖတ်ပြမယ် လို့ပြောတာမျိုး။ ပြီးတော့ Slide ကို Zoom ဆွဲပြီး ဖတ်ရှုစေတာမျိုးတို့ လုပ်တာမျိုးတို့က မသင့်တော် ပါဘူး။ မိမိရဲ့ Present ဟာ ဆွဲဆောင်မှု ကျဆင်းသွားမှာ ဖြစ်ပါတယ်။

Credit: စင်ပေါ်မှာ စကားပြောရသူများအတွက် ရှောင်ရမယ့်အချက်များကို ကိုအောင်ခမ်းမှ တင်ပြပေးထားပါတယ်.။
မှတစ်ဆင့် Gallium-Gin(ဂဲါလ်လီယမ် ဂျင်း)အဖွဲ့မှ ပြန်လည်တင်ဆက်ပါသည်။

စင်ပေါ်တက်လို့ စကားပြောလျှင် သင်ရှောင်ရမည့် အချက်များ



အမေရိကန်ရှိ မြန်မာပြည်ဖွား ဆူရှီဆိုင်ပိုင်ရှင် သန်းကြွယ်သူဌေး ကိုဖိလစ်မောင် အကြောင်း (5 Mins Read)


အမေရိကန်တွင် လက်ကျန်ငွေ ၁၃ ဒေါ်လာဖြင့် ဘ၀စခဲ့သည့် လုပ်ငန်းပိုင်ရှင် သန်းကြွယ်သူဌေး ဖြစ်လာသူ မြန်မာပြည်ဖွား အမျိုးသား
=====================================


အမေရိကန်သို့ ရောက်ရှိချိန်တွင်သူ့ အိပ်ကပ်ထဲ၌ ၁၃ ဒေါ်လာသာကျန်တော့သည်။ မိတ်ဆွေဆို၍ လည်း တစ်ယောက်သာရှိသည်။ တစ်ဦးတည်းသောမိတ်ဆွေ၏ ကူညီနိုင်သည့်အနေအထားမှာ သူ နေထိုင်သည့်အခန်း တွင် ၂ ရက် ၃ ရက်သာ နေထိုင်ခွင့်ပြု့မည်ထက်မပိုခြင်းဖြစ်သည်။ ထို့ အခြေအနေမျိုးဖြင့် သူ့ ဘ၀ကို စခဲ့ရသည် ဟု မြန်မာပြည်ဖွါး အမေရိကန် နိုင်ငံသားကိုဖိလစ်မောင်က ဆိုသည်။

သို့ သော် ၂၇ ကြာပြီးမြန်မာပြည်သို့ ပြန်လာချိန်တွင်မူ သူဘ၀ကများစွာပြောင်းသွားခဲ့ပြီ။ အမေရိကန်နိုင်ငံတွင် ဒုတိယဆိုင်ခွဲအများဆုံး ဆူရှိလုပ်ငန်းပိုင်ရှင်ဖြစ်နေပြီဖြစ်သည်။ ဆုတံဆိပ် ၁၄ ခုရရှိထားပြီး အမေရိကန် သမ္မတကပင် ညစားဖိတ်ကျွေးဂုဏ်ပြု ခံရသည့်အထိအောင်မြင်သော လုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံစီးပွါးရေးကျဆင်း၍ ကုမ္ပဏီအများစု အရှုံးပေါ်နေချိန်တွင် သူကုမ္ပဏီမှာ အမြတ်ရနေခဲ့သည်။သူအလုပ်စတင်လုပ်ချိန်တွင် ပိုက်ဆံရရန်သာသိခဲ့သည်။ လုပ်ငန်းအောင်မြင့်သော်လည်း သူမပျော်နိုင်။ ထိုအခြေမှသူကိုပြောင်းလဲစေ ခဲ့သည် မှာစာအုပ်တစ်အုပ်ကြောင့် ဟုကို ဖိလစ်မောင်က ကုန်သည်စက်မူ့ အသင်းတွင်ပြုလုပ်သော သူ ၏အမေရိကန် အတွေ့ အကြုံဆွေးနွေးပွဲတွင်တက်ရောက်လာသူများ အားမျှဝေခဲ့သည်။

ထိုစာအုပ်မှာစာရေးဆရာ Jim Collin ၏ Good to Great စာအုပ်ဖြစ်သည်။ စာရေးဆရာ ဂျင်ကော်လင်းအနေဖြင့် စာအုပ်တစ်အုပ်ေ၇းမည် ဆိုပါ က လေးနှစ်ငါးနှစ်လေ့လာပြီးမှာရေး သားသူဖြစ်သည်။ ထို့ ကြောင့်လဲသူရေးခဲ့သည့် စာအုပ်တိုင်း အရောင်းရဆုံးစာရင်းဝင်ခဲ့သည်။ ကိုဖိလစ်မောင်ဘ၀ကိုပြောင်းလဲစေသည့် စာအုပ်မှာမအောင်မြင်သော ကုမ္ပဏီများ အကြောင်းလေ့ လာရေးသားထားခြင်းဖြစ်သည်။ ထို့ စာအုပ်ထဲတွင် သူရင်ကိုထိမှန်စေသော စားသားအချို့ အားအခုလိုရှင်းပြခဲ့သည်။

" ကုမ္ပဏီ နှစ်မျိုးရှိပါတယ်...ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီ ပေါ့...။ ကောင်းတာက ၀င်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့" "နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ သူကျတော့ ငွေကြေးတစ်ခုတည်းတင် မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘ၀နဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါဝင်လာပါတယ်" ဟုဆိုသည်။

ထို့ အချိန်က စပြီးသူကုမ္ပဏီတွင် ကုမ္ပဏီယဉ်ကျေးမူ့ဖြစ်သော Core Value သတ်မှတ်ရန်စတင်ခဲ့ သည်။ ထိုသို သတ်မှတ်ရန်အတွက်သူဝန်ထမ်းအားလုံးထံမှ ကုမ္ပဏီကို မည်သည့်ပုံစံဖြစ်ချင်သလဲ ဟုမေးခဲ့သည်။ ၀န်ထမ်းအား လုံးမှအဆိုပြုသော အချက်ပေါင်း ၁၀၀ ကျော်ရရှိပြီးထိုထဲမှ အားလုံးလုပ်ချင်သည့် ၁၁ ချက်ကို ကုမ္ပဏီ၏ Core Value အဖြစ်သတ်မှတ်ခဲ့သည်။

" Value ကိုဘယ်လိုတည်ဆောက်မလဲ Core Value တွေသတ်မှတ်တဲ့အခါမှာ All Inclusive ပါဝင်ရမယ်ဆုံးဖြတ်တဲ့ အခါမှာတော့ တစ်ယောက် နှစ်ယောက်ကပဲဆုံးဖြတ်ရတယ် ဆိုတာတော့ တော်တော်အသုံးဝင်တယ်" ဟု ကိုဖိလစ်မောင်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ့ မြန်မာရှေ့ ဆောင်ဘဏ် မှ ဒုတိယ အုပ်ချုပ်မူ့ ဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။

သတ်မှတ်ခဲ့သော အချက် ၁၁ ချက်ကိုသူအပါအ၀င် အားလုံးက လိုက်နာကျင့်သုံးရန် သတ်မှတ်ခဲ့ကြသည်။ သူ့ ကုမ္ပဏီအတွက်သတ်မှတ်ထားသော Core Value နံပတ် ၁ မှာ Service High-Speed and High-Teach ဖြစ်သည်။

နံပါတ် ၁ Core Value နှင့်ပတ်သက်၍အခုလိုရှင်းပြခဲ့သည်။ "စားသုံးသူတွေကို အဓိကထားဝန်ဆောင်မူ့ ပေးတယ်။ တစ်ခါက စားသုံးသူတစ်ယောက် ဆူရှီစားပြီး ၀မ်းသွားတယ်ပြောတယ်။ ဒါပေမယ့် သူအဲ့နေ့ကအစားစုံတယ်ပြောတယ်။ ကျွန်တော်တို့ ဘာမှမမေးဘူး ချက်ချင်း ဆေးခန်းပြပေးတယ်၊ ကျွန်တော်တို့က ဆေးပို့ပေးတယ် နောက်ဆုံး အိမ်သာသုံးစက္ကူတောင် ပို့ပေးတယ်။ ပြီးတော့ ဒေါ်လာ 100 တန်ဘောင်ချာတောင် ပို့ပေးတယ်။ ဈေးတွက်တွက်ရင်တော့ မကိုက်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ customersကိုအလေးထားတာ သိစေချင်တယ်" ဟုကိုဖိလစ်မောင်ကရှင်းပြခဲ့သည်။

နံပတ် ၂ Core Value မှာ Inspire and Be Inspire ဖြစ်သည်။အထက်အောက် ယုံကြည်မှုကို အလေးထား တည်ဆောက်ပေးထားခြင်းဖြစ်သည်။
" အောက်ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ မှားချင်မှားပလေ့စေ။ ပြတ်သားတိကျဖို့လိုတယ်။ ခေါင်းဆောင်က တုန့်နှေးနေရင် အလုပ်မဖြစ်ဘူးလေ။ ယုံကြည်မှုရဖို့ဆိုတာက ခေါင်းဆောင်တွေကလည်း ငယ်သားတွေနဲ့အတူတူ အလုပ်လုပ်ပြီး ယုံကြည်မှုကို ယူမှရမှာ" ဟု ကိုဖိလစ်မောင်ကရှင်းပြခဲ့သည်။

နံပတ် ၃ Core Value မှာ Open and Honest Communication ဖြစ်သည်။ "အစပိုင်း ၁၀နှစ်လောက်က ကျွန်တော်ကရုံးခန်းထဲမှာပဲ ထိုင်နေခဲ့တာ။ ဘယ်သူမှတံခါးလာမခေါက်ရဲဘူး။ ဒီတော့ သူတို့ဆီက အတွေးအမြင်အသစ်တွေ မရလာဘူး။ နောက် ကျွန်တော်ရုံးခန်းကို အပြင်ထုတ်လိုက်တယ်။ သူတို့နဲ့အတူတူလုပ်တယ်။ အစပိုင်းက အဆင်မပြေဖြစ်ပေမယ့် နောက်ပိုင်းရင်းနှီးလာတာနဲ့အမျှအဆင်ပြေလာတယ်။ သူတို့ဆီက အကြံဥာဏ်တွေ ရလာတယ်။ ဒါလည်းကောင်းတဲ့အချက်ပဲ"

အခြားသောအချက်များမှာ ကိုယ်လာတဲ့ ပတ်ဝန်းကျင်ကို မမေ့ရန်၊ ၀န်ထမ်းတွေကို အလုပ်လုပ်ရင်း ပရဟိတမျှဝေဖို့ပါ သင်ပေးခြင်း၊ ပြသာတစ်ခုခုဖြစ်လာပါက လွဲမချပဲ အားလုံးတိုင်ပင်ပြီး ဖြေရှင်းခြင်း နှင့် အလုပ်လုပ်ရင် Team workကိုအလေးထားစေခြင်းတို့ ဖြစ်သည်။

"၀န်ထမ်းတွေကိုမာန်နေဂျာပုံစံမျိုးမဟုတ်ပဲနဲ့ Leader ( ခေါင်းဆောင် ) ပုံစံအုပ်ချုပ်တာ ခိုင်းလို့ လုပ်တာ မဟုတ်ဘူး ကိုယ်ကိုတိုင်က လုပ်ချင်လို့ လုပ်တာမျိုးဖြစ်အောင် အုပ်ချုပ်တာ" ဟု ကိုဖိလစ်မောင်၏ ဆွေးနွေးပွဲအား တက်ရောက်နားထောင်ခဲ့သူ မယမင်းခင်းကသုံးသပ်သည်။

ကိုဖိလစ်မောင်၏အတွေ့ အကြံဆွေးနွေးပွဲတွင် လူကြိုက်များသောတစ်ခုမှာ ၀န်ထမ်းချိန် သတ်မှတ် မထားပဲဆောင်ရွက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆုံးဖြတ်စဉ်က အခြားသောလုပ်ငန်းရှင်များ ကသူအား ရှုးသွားပြီး ဟုပင်ပြောဆိုကြောင် ကိုဖိလစ်မောင်ကရှင်းပြခဲ့သည်။ ခေတ်လူငယ်များအနေဖြင့် ထိန်းချုပ်မှုကိုမကြိုက်သဖြင့် ထိုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ပြီး ထိန်းချုပ်မူ့ များ လာပါကတီထွင်မူ့ ကျဆင်းလာနိုင်သည် ဟုသူယုံကြည်ခဲ့၍ဖြစ်သည်။

"ဆရာ့ဆွေးနွေးမှုထဲမှာ အကြိုက်ဆုံးက Hissho ရဲ့ဝန်ထမ်းတွေကို ရုံးတက်ချိန် ဆင်းချိန် သတ်မှတ်မပေးဘဲ လွတ်လပ်စွာ နေစေတာပါပဲ။ ဒီ့အတွက် အလုပ်လုပ်ချိန်တွေ တိုလာတယ်။ ဖန်တီးနိုင်စွမ်းတွေ မြင့်တက်လာတယ်ဆိုတာကို သဘောအကျဆုံးပဲ"ဟုဆွေးနွေးပွဲကိုလာရောက် နား ထောင်သူကိုဖြိုးေ၀၀င်းကပြောသည်။

ကိုဖိလစ်မောင် ၏ဖတ်ဘူးသောစာအုပ်များနှင့်အတွေ့ အကြုံအရ၀န်ထမ်းများအား အဆင့် ၅ ဆင့်ခွဲ ခြား သတ်မှတ်ထားသည်။ ရန်လိုသည့်လူမျိုး အပျက်သဘောမြင့်သူ ငါဆိုသည့်အတ္တများနေသူ ငါ့တို့  ( We are Great ) နှင့် ရည်မှန်းချက်အောင်မြင်အောင်ဆောင်ရွက်သူ ဟူ၍ဖြစ်သည်။

သုတနေသနစစ်တမ်းအရ အမေရိကန်နိုင်ငံမှာတွင် အတ္တများနေသူမှား၄၉ ရာခိုင်နှုန်း ငါ့တို့ ဟုစဉ်းစား သူက ၂၂ ရာခိုင်နှုန်းနှင့် ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်သူမှာ ၂ ရာခိုင်နှုန်းသာရှိသည်။ သူ့ အအနေဖြင့် မြန်မာနိုင်ငံမှာ စွန်းဦးတီထွင်လုပ်ငန်း လုပ်ကိုင်ချင်သူများနှင့် ပတ်သက်၍လည်း အချက်သုံးချက် လုပ်ဆောင်ရန်ညွှန်ပြခဲ့သည်။

ထိုအချက် ၃ ချက်မှာ မိမိအလုပ်အားနှစ်ခိုက်မူ့ ရှိပါ စေ ( Passion ) ရည်ရွယ်ချက်ရှိပါစေ ( Purpose ) နှင့်အမြတ်ရပါစေ( Profit ) တို့ ဖြစ်သည်။ ထို အချက် ၃ ချက်နှင့် ပတ်သက်၍ ဦးဖိလစ်မောင်က အခုလိုပဲရှင်းပြခဲ့သည်။

"ဆိုလိုတာက မိမိအလုပ်ကို နှစ်ခြိုက်မှုရှိရမယ်။ စိတ်မ၀င်စားဘဲလုပ်နေရင်တော့ ဘာမှထူးလာမှ မဟုတ်ဘူး တိကျတဲ့ ရည်ရွယ်ချက်ရှိရမယ်။ ငွေကြေးတစ်ခုတည်းမဟုတ်တဲ့ ရည်ရွယ်ချက်ပေါ့ကိုယ်အောင်မြင်လာရင် ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာမျိုး။ ဒါမှရှင်သန်ရတာ အဓိပ္ပါယ်ရှိမှာပေါ့။ ဒါကိုအခြေခံ ကြိုးစားမယ်ဆိုရင် နောက်ဆုံး Profitက အလိုလိုရလာမှာပါ.....။

ကိုယ်ဖိလစ်မောင်အောင်မြင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ သူ့ ၏၀န်ထမ်းများအား လုပ်ငန်းခွင်တွင် ပျော်ရွှင်အောင် ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။ သူအနေဖြင့်လည်း လုပ်ငန်းရှင်တစ်ယောက်ပုံစံဖြင့်အလုပ်လုပ်ခြင်းမဟုတ်ပေ။ ခေါင်းဆောင်တစ်ယောက်ပုံစံဖြင့် သူလုပ်ငန်းအား ပုံဖော်သွားခဲ့သည်။

ထို့ အချက်သည် သူလုပ်ငန်း အောင်မြင်ရခြင်း၏ သော့ချက်ဖြစ်သည်။


Credit: စောကရင်
The Ladies News Journal ပါ ဆောင်းပါး
မှတစ်ဆင့် Gallium-Gin(ဂဲါလ်လီယမ် ဂျင်း)အဖွဲ့မှ ပြန်လည်တင်ဆက်ပါသည်။

အမေရိကန်တွင် လက်ကျန်ငွေ ၁၃ ဒေါ်လာဖြင့် ဘ၀စခဲ့သည့် လုပ်ငန်းပိုင်ရှင် သန်းကြွယ်သူဌေး ဖြစ်လာသူ မြန်မာပြည်ဖွား အမျိုးသား

Sunday, January 31, 2016


အောင်မြင်မှုရယူလိုသူများအတွက် နည်းလမ်းများကို မှတ်သားရလွယ်ကူသည့် C စကားလုံး (၁၀) လုံးဖြင့် ရှင်းပြထားပါတယ်.။ (6 Mins Read)


အောင်မြင်ရေး နည်းလမ်း ၁၀ခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့-

၁။ Construction = တည်ဆောက်ခြင်း
၂။ Competence = အစွမ်းအစရှိခြင်း
၃။ Courage = သတ္တိရှိခြင်း
၎။ Communication = ဆက်သွယ်မှုရှိခြင်း
၅။ Charm = ဆွဲဆောင်မှုရှိခြင်း
၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း
၇။ Confidence = ယုံကြည်မှုရှိခြင်း
၈။ Control = ထိန်းချုပ်ခြင်း
၉။ Commitment = ကတိတည်ခြင်း
၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း

ဒီကနေ့ ကာလ မှာတော့ အလုပ် ထဲမှာ ဖြစ်ဖြစ်၊ နေ့စဉ် ဘ၀ မှာပဲဖြစ်ဖြစ် အောင်မြင်ချင် တယ်ဆိုရင် ဒီပညတ်ချက် ၁၀ချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။ ဒါဟာ ပုံသေနည်း တစ်ခုပါ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင် မျိုးကို မဆို ဒီအချက်တွေကို အသုံးချလို့်ရပါတယ်။ လုပ်ငန်းတစ်ခုကို အစပျိုးချင်တဲ့ ရည်မှန်းချက် မျိုး အတူလက်တွဲမယ့် အဖော် တစ်ဦးရှာတဲ့ ရည်ရွယ်ချက်၊ အသက်ကြီး နေပြီဖြစ်တဲ့ မိဘ တွေကို ပြုစု စောင့်ရှောက်ရေး လုပ်ငန်း ဒါမှ မဟုတ် ကလေးငယ် တွေကို ကြည့်ရှု့ စောင့်ရှောက် ရေးက အစ အိုလံပစ် အားကစား ပွဲတော်မှာ ရွှေတံဆိပ် ရရှိရေး ရည်မှန်းချက်မျိုးအထိအသုံးတည့်ပါတယ်။

၁။ တည်ဆောက်ခြင်း

စီမံချက် တစ်ခု တည်ဆောက်ဖို့ လိုပါတယ်။ ဘယ်ကို သွားမှာလဲ၊ ဘယ်လို ရောက်အောင် သွားမလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်နေ ရပါမယ်။ ဒီတော့ စီပွားရေး လုပ်ငန်း စီမံကိန်း တစ်ခု ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ရည်မှန်းချက် တွေ ရေးဆွဲ ရေးဟာ ပထမ အဆင့်ပါ။ သင်သွားချင် တဲ့နေရာကို ရောက်အောင် သဘောထား တွေ ရွေးချယ်ဖို့ လိုအပ် ပါတယ်။ သင်လိုချင် တာကို မရခဲ့ရင် သဘောထား ကို ပြင်ရပါ မယ်။ ဒါမှသာ သွားချင်တဲ့ နေရာကို ရောက်မှာပါ။

၂။ အစွမ်းအစ ရှိခြင်း

ငါတော့ ပန်းချီ ဆရာ တစ်ယောက် ဒါမှ မဟုတ် တီးဝိုင်း အဆိုတော် တစ်ယောက်အဖြစ် ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့ သံသယဖြစ်ခဲ့တယ်၊ နှစ်မျိုးလုံးမှာ အစွမ်းအစ မရှိဘူး။ လေ့ကျင့် ပေးမှုက အထောက် အကူ ရနိုင်ပေမယ့် ဒီလို အနုပညာ လုပ်ငန်း မျိုးမှာတော့ ပါရမီ ရှိဖို့ လိုအပ် ပါတယ်။ ဒါက ထင်ရှားပါတယ်။ ဒါပေမဲ့ နယ်ပယ် တစ်ခုမှာ ကျွမ်းကျင်မှု မရှိဘဲ အဲဒီ နယ်ပယ်မှာ အောင်မြင်မှု ရချင်တဲ့ လူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ အခြေခံ ကျတဲ့ အစွမ်း အစ တွေ မရှိခဲ့ ရင်တော့ အပြင်း အထန် ကြိုးပမ်းဖို့ လိုပါ လိမ့်မယ်။ အခက်အခဲ အနည်းဆုံး နည်းလမ်း ဟာ လျှောက်လှမ်းရ လွယ်ကူ တာပေါ့။စီးပွားရေး လုပ်ငန်း အသစ် တစ်ခုအတွက် စီမံချက် တစ်ခု ရေးဆွဲ ရာမှာ သင်ဘာ တော်သလဲ ဆိုတာ ချရေး ထားပါ။ ဘာကို လုပ်ရတာ ပျော်တယ် ဆိုတာ ကိုလည်း ချရေး ထားပါ။ အဲဒီ လုပ်နည်း လေးက ဈေးကွက် ထဲမှာ သင်ဖန်တီး ရယူနိုင်တဲ့ နေရာ တစ်နေရာကို သတ်သတ် မှတ်မှတ် လုပ်ပေး နိုင်ပါတယ်။ သင်က စားဖိုမှူး တစ်ယောက် ဖြစ်နေရင် ပြီးတော့ ပြင်သစ် ဘာသာ စကား သင်ချင်နေတယ် ဆိုမှတော့ ပြင်သစ် နိုင်ငံသွားပြီး ပြင်သစ် အစား အစာ တွေကို အထူးပြု ချက်ပြုတ် ပေတော့ပေါ့။အသက်မွေး ၀မ်းကြောင်းမှု အားလုံးမှာ အဟန့် အတား တွေကတော့ ရှိစမြဲပါ။ အဲဒီ အခက် အခဲက အစွမ်းအစ၊ လေ့ကျင့်မှုနဲ့ အရည်အချင်း ပတ်ဝန်းကျင်မှာ ပုံမှန် အားဖြင့် အခိုင် အမာ အခြေစိုက်ပြီး ရှိနေ တတ်တယ်။ တကယ်လို့ သင်ဟာ အကျွမ်းကျင်ဆုံး နေရာမှာ အလုပ် လုပ်ရတာ ငြီးငွေ့ လာပြီဆိုရင် အဲဒီ အ၀န်းအ၀ိုင်း တွင်းမှာပဲ ပိုကျွမ်းကျင်တဲ့ ပညာကို သုံးပြီး ကြိုးစား ကြည့်ပါ။ ကိုယ့်ဘာသာ ကိုယ် ခြစ်ခြုတ်ပြီး ပြန်တီထွင် နေတာမျိုးကို ရှောင်လိုက်ရင် ပိုပြီး မြန်မြန် အောင်မြင် လာလိမ့်မယ်။

၃။ သတ္တိရှိခြင်း

သတ္တိက အကြီး အကျယ် အရေးကြီး ပါတယ်။ တစ်ခါ တစ်ရံမှာ သင်ဟာ စွန့်စားမှု ပြုဖို့ လိုအပ် ပါတယ်။ ဦးတည်ချက် ပြောင်းသင့်ရင် ပြောင်းရမယ်။ ဘောင်အပြင် ဘက်ထွက်ပြီး စဉ်းစားပါ။ အကြောင်း ကိစ္စဟောင်း ကိုပဲ နည်းလမ်း သစ်နဲ့ ကြိုးစား ကြည့်ပါ။ ဒါကြောင့် သင် မသက် မသာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင် ဦးတည် ထားတဲ့ တူရူပြုမှုကို ယုံကြည်ရင် သင် ရှာနေတဲ့ ရလဒ် တွေကို ယုံကြည်ရင် သင့်အနေနဲ့ မမှိတ် မသုန် နှစ်နှစ် ကာကာ ယုံလိုက်ဖို့ သတ္တိ လိုအပ် ပါတယ်။အခြေအနေတွေ ခက်ခက် ခဲခဲဖြစ်လာ ချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဟာ ပြင်းပြင်း ထန်ထန် ရှိနေဖို့နဲ့ သတ္တိရှိ နေဖို့ ဆိုတာ မရှိမဖြစ်တဲ့ အရာတွေပါ။ရိုးသား ဖို့ဆိုတာ သတ္တိက အရေးကြီးပါတယ်။ ကိုယ့်ဘာသာ ရယ်မော ပစ်နိုင်ဖို့လည်း သတ္တိက အရေးကြီး တာပါပဲ။ သင်မှားသွားတဲ့အခါမှာ သတ္တိရှိရှိ ၀န်ခံဖို့ ကလည်း မရှိမဖြစ် လိုအပ်ချက်ပါ။

၎။ ဆက်သွယ်မှုရှိခြင်း

ထိရောက်တဲ့ ဆက်သွယ်မှု မရှိရင် စီးပွားရေး လုပ်ငန်း ဖြစ်စေ၊ ပုဂ္ဂလိက ဆက်ဆံရေး မှာဖြစ်စေ အလုပ် မဖြစ်တဲ့ အထောက် အထားတွေ ရှိပါတယ်။ ဈေးကွက်၊သင့်လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေ တွေက သင် ဘာဆက် လုပ်နေတယ် ဆိုတာ နားလည် နေဖို့က အဓိက ကျပါတယ်။ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတွေး တွေကနေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တွေးတောမှုတွေ ထွက်ပေါ် လာပါတယ်။ ဒီအတွေး တွေဟာ ဆက်သွယ်မှု အားနည်းခြင်းနဲ့ နားလည်မှု လွဲမှားခြင်း တွေက ဖန်တီး ပေးလိုက်တာ ဒါမှမဟုတ် တွန်းအား ပေးလိုက်ခြင်းပါ။ ဆက်သွယ်မှုဟာ မဟာဗျူဟာ အောင်မြင်ခြင်း အတွက် လိုအပ်တဲ့ ပစ္စည်း ကိရိယာ တစ်ခု ဖြစ်ပါတယ်။

၅။ ဆွဲဆောင်မှုရှိခြင်း

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆွဲဆောင်မှု ရှိခြင်းက အောင်မြင်ခြင်းရဲ့ အရေးပါတဲ့ အကြောင်း တစ်ရပ်ပါ။ ဆွဲဆောင်မှု ဆိုတာ ငွေကုန် ကြေးကျခံပြီး ပြုပြင် မွမ်းမံ ထားတဲ့ အပေါ်ယံ အရည် အချင်းတွေ မဟုတ်ပါဘူး။ အပြုံးပန်း တစ်ပွင့်ပါ။ ရယ်စရာ မောစရာ တချို့တလေနဲ့ သူတစ်ပါးအပေါ် စစ်မှန်တဲ့ စိတ်ဝင်စားမှု တွေရှိရင် သင်ဟာ ဆွဲဆောင်မှု ရှိနေတယ်လို့ ပြောနိုင်ပါပြီ။ တခြား အောင်မြင်ခြင်း အမူ အရာ တွေအားလုံး လိုပဲ ဆွဲဆောင်မှုက အခြေ အနေနဲ့ ကိုက်ညီမှု ရှိရမယ်။ သင့် ဆွဲဆောင်မှုကို ရိုးသားမှုက ကျောထောက် နောက်ခံ ပြုထားရမယ်။ ပြီးတော့ ဒါဟာ သင့် ဥပဓိရုပ် တစ်ခုလုံး ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်သင့်တယ်။ ဆိုးရွားတဲ့ ရောင်းဝယ်မှု ဒါမှ မဟုတ် တစ်ယောက် ယောက်ရဲ့ နောက်ကျော ကို ဓားနဲ့ထိုး တာမျိုး မလုပ်ခင်မှာ ဆွဲဆောင်မှု ရှိအောင် လုံးပမ်း တာမျိုးဆိုရင် တော့ သင်ဟာ ရေရှည်မှာ အောင်မြင်ခြင်းကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

၆။ စာနာရိုင်းပင်းတတ်ခြင်း

လူသား တိုင်းလိုလို ဟာ အတူတူ ချည်းပါပဲ။ ဘယ်လို နေရာတွေမှာ တူသလဲ ဆိုရင် အမှားတွေ လုပ်ကြတယ်၊ ခွင့်လွှတ်ခြင်းနဲ့ စာနာ ရိုင်းပင်းခြင်း ကို လိုချင်ကြတယ်၊ တစ်ခါ တစ်လေမှာ ဒေါသ လိုမျိုး မကောင်းတဲ့ စိတ်ခံစားမှု တွေဟာ သင်တို့ကို ၀ါးမြို လောင်မြိုက် စေပါတယ်။ ပြီးတော့ အပြစ်တင် လွှဲချ တတ်တဲ့ လှည့်ကွက် ရောဂါ လက္ခဏာ ၀င်လာ တော့တာပါပဲ။ အတွေး တွေထဲမှာ လူတိုင်းက `ကျွန်တော့်ကို ဒေါသဖြစ်အောင်၊ မကျေ မချမ်းဖြစ်အောင် လုပ်နေတာ။ ဒါ ကျွန်တော့်အတွင်း သန္တာန်က ထွက်ပေါ် လာတာ မဟုတ်ဘူးလို့ စပြီး တွေးလာ ပါတယ်။ အဲဒီလို ရန်သူကို တရစပ် တုံ့ပြန်ဖို့ ရင်ဆိုင် လာရတဲ့ အခြေ အနေမျိုးမှာ ပင်ကို အသိစိတ်က ပြန်ချဖို့ (ဒါမှမဟုတ်) ခုခံတဲ့ အနေနဲ့ တုံ့ပြန်ဖို့ ကျွန်ုပ်တို့ကို ပြောပါတယ်။ တကယ်တော့ စာနာ ရိုင်းပင်း တတ်ခြင်းဟာ အားကောင်းတဲ့ လက်နက် တစ်ခုပါ။ လမ်းဆိုး တစ်ခုထဲ ရောက်နေသူ တစ်ဦး ဦးအတွက် စာနာ ရိုင်းပင်းတဲ့ စိတ်ခံစား လာရတာနဲ့ သင့်အတွက်ရော သူတို့ အတွက်ပါ အထောက် အပံ့ ဖြစ်သွား တာပါပဲ။ ဒီစကားရပ်ရဲ့ `စာနာ´ တယ်ဆိုတဲ့ သဘောက အကုန် အရေးကြီးတဲ့ သဘောပါ။ သင်လုပ်နေတဲ့ အလုပ်ကို သင်ကိုယ်တိုင် မယုံကြည်ရင် တော့ တခြား လူတွေ လုပ်ဖို့ဆို တာက ပိုခက်ခဲတာပေါ့။

၇။ ယုံကြည်မှုရှိခြင်း

ယုံကြည်မှု ရှိခြင်း ဟာ အရာဝတ္ထု အများ အပြား ကနေပြီး လာတာပါ။ သင့်ကိုယ်သင် သိထား ရမယ်ဆိုတဲ့ အကြောင်းအရာကို သိတာက စလာတာပါ။ တချို့ လူတွေဟာ ယုံကြည်ချက် အများ အပြားနဲ့ အတူ မွေးဖွားလာ သလားလို့ အောက်မေ့ ရပါတယ်။ ဒါက အခြေခံ ခိုင်ခိုင် မာမာ နဲ့လာတာဆိုရင် အပြု သဘော ဆောင်ပါတယ်။ ဒါပေမဲ့ ယုံကြည်ချက် လွန်ကဲ သွားပြန် ရင်တော့ မာနကြီး၊ စိတ်ကြီးဝင် (ဒါမှမဟုတ်) မိုက်မဲ တဲ့အသွင် ကို ဆောင်နိုင် ပါတယ်။ ယုံကြည်ချက်ဟာ အချက် အလက် ပေါ်မှာ အခြေပြုဖို့ လိုအပ် ပါတယ်။ ယုံကြည်ချက် တိုးလာတာနဲ့ ဆောင်ရွက်ဖို့ သင့်စွမ်းရည် လည်း တိုးလာမှာပါ။ ဆောင်ရွက်ဖို့ လိုအပ်တဲ့ သင့်စွမ်းရည် တိုးလာအောင်လုပ်ရင် သင့်ယုံကြည်ချက် လည်း တိုးပွား လာလိမ့်မယ်။ သူတို့က တိုက်ရိုက် ဆက်စပ် နေတာပါ။

၈။ ထိန်းချုပ်နိုင်ခြင်း

မှန်ကန် အားကောင်းတဲ့ တွေးခေါ်မှု ဟာ သင့်အတွေး တွေနဲ့ သင့်စိတ်ခံစားမှု တွေကို ထိန်းချုပ် ပေးနေတဲ့ အကြောင်းပါ။ သတိရဖို့က အတွေး တစ်ခု မရှိဘဲနဲ့ သင့်မှာ စိတ်ခံစားချက် တစ်ခု မရှိနိုင်ပါဘူး ။ စိတ်ခံစားမှုကို အသိ အမှတ် ပြုပြီး အတွေးကို ထိန်းချုပ်ရမှာ ။ စိတ်ခံစားမှု ပြောင်းဖို့ အတွက် အတွေးကို ပြောင်းပစ် ရပါမယ်။

၉။ ကတိတည်ခြင်း

တစ်ခါ တစ်ရံ အလွယ်ဆုံး ကိစ္စဟာ လက်မြှောက် အရှုံးပေး လိုက်တာပါ။ တစ်ခါ တစ်ရံ အဲဒါ မျိုးလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သင့်ရည်မှန်းချက်ကို သင်ယုံကြည်ရင် ပြီးတော့ အောင်မြင်အောင် အကောင် အထည် ဖော်ချင်ရင် သင်ဒီကိစ္စကို ကတိတည် ရမယ်။ ဆိုလို တာက အရှုံး မပေးရဘူး၊ တစ်ခါ တလေ သင် လက်မြှောက် အရှုံးပေးချင်စိတ် ပေါ်လာသည့် တိုင်အောင် အရှုံးမပေး မိစေဖို့ပါပဲ။ သင်ဟာ ရည်မှန်းချက် ရောက်အောင် သဘောထားနဲ့ အပြု အမူတွေ ပြောင်းဖို့ လိုအပ်ရင် လိုပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြီး အကောင် အထည် ဖော်နေရ ပါမယ်။

၁၀။ ရောင့်ရဲမှုရှိခြင်း

ရောင့်ရဲမှု ရှိခြင်း ဆိုတာ လမ်းခရီးရဲ့ အတက် အကျ တွေကို သာယာ ကြည်နူးမှု ရှိတဲ့ အကြောင်းပါ။ ဘာမျှ မရှိတဲ့ တဒင်္ဂ အခြေအနေ မှာတောင် ရောင့်ရဲမှု ရှိရပါမယ်။ သင်ဦးတည် ထားတဲ့ ခပ်လှမ်းလှမ်း ကိုသာ အာရုံစိုက် နေပြီး လက်ရှိကြုံရတဲ့ အတက် အကျတွေကို မွေ့လျော်မှု မရှိရင် သင့်ဘ၀ တစ်လျှောက်မှာ အများကြီး လွတ်ကျခဲ့မယ့် အန္တရာယ်ရှိ တယ်။ ဦးတည်ချက် တစ်ခုကို သွားနေဖို့ လိုအပ် တယ်ဆိုရင် သွားနေတဲ့ ခရီးလမ်း တစ်လျှောက်မှာ သင်တွေ့ သမျှ တွေကို ကြည်နူး မွေ့လျော်ဖို့ ကလည်း အရေးကြီး ပါတယ်။ သူက ထပ်လာမှာ မဟုတ်တော့ပါဘူး။ အောင်မြင်ဖို့ ဆိုရင် သင့်မှာ ရှိတာ တွေကို တန်ဖိုးထား တတ်ရမယ်။ ပြီးတော့ သင့်မှာ မရှိတာတွေ အကြောင်းကို တွေးပြီး စိတ်မသက် မသာ ဖြစ်မနေ ရဘူး။

Credit : Aung Mon Chan
မှတစ်ဆင့် Gallium-Gin(ဂဲါလ်လီယမ် ဂျင်း)အဖွဲ့မှ ပြန်လည်တင်ဆက်ပါသည်။

C‬ FAMILY ဖြင့် သင့်ဘဝ အောင်မြင်ခြင်း

Flickr Gallery

 
Gallium Gin-Group © 2015 - Designed by Templateism.com