
ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မြန်မာ့တပ်မတော်အကြီးအ ကဲဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှစ်သက်လိုလားသူ သာလျှင် လာမည့်ရွေးကောက်ပွဲ တွင် အာဏာရပါတီ၏ သမ္မတ လောင်းဖြစ်လာမည်ဟုမြန်မာ့အ ရေးကျွမ်းကျင်သူ အမေရိကန်နိုင် ငံရေးသုတေသီများက ခန့်မှန်း လိုက်ကြသည်။
မြန်မာ့တပ်မတော်အကြီးအ ကဲဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှစ်သက်လိုလားသူ သာလျှင် လာမည့်ရွေးကောက်ပွဲ တွင် အာဏာရပါတီ၏ သမ္မတ လောင်းဖြစ်လာမည်ဟုမြန်မာ့အ ရေးကျွမ်းကျင်သူ အမေရိကန်နိုင် ငံရေးသုတေသီများက ခန့်မှန်း လိုက်ကြသည်။
မိုးတစိမ့်စိမ့်တစ်နေကုန်ရွာ သွန်းနေသော အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော် ကာနေဂျီ ဒီမိုကရေစီစင်တာတွင် ပြုလုပ် သည့် မြန်မာ့အရေးကျွမ်းကျင်သူ များ၏ မြန်မာရွေးကောက်ပွဲအ လားအလာဆွေးနွေးပွဲ၌ ဦးဆောင် ဆွေးနွေးသူများက တညီတညွတ် တည်း မှတ်ချက်ပေးခဲ့ခြင်းဖြစ် သည်။
အဆိုပါဆွေးနွေးပွဲတွင် ဦး ဆောင်ဆွေးနွေးသူတစ်ဦးဖြစ် သည့် မြန်မာနိုင်ငံဆိုင်ရာအမေရိ ကန်သံရုံးအကြီးအကဲဟောင်း မစ္စစ်ပရက်စီလာကလပ်ပ်က မြန် မာ စစ်တပ်အကြီးအကဲ ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်း ရွှေလိုလားသူမှာ လက်ရှိသမ္မတ ဦးသိန်းစိန်သာဖြစ်သည်ဟု ဆို သည်။
‘‘သူ(ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ)က သူကြိုက်တာ၊ မ ကြိုက်တာကို ပြထားပြီးသားဖြစ် ပါတယ်။ သူဘယ်သူ့ကိုကြိုက်သ လဲ ကျွန်မတို့အားလုံးသိပါတယ်။ သူတို့က ဘယ်သူတွေလဲဆိုတာ သူကပြောပြီးသားပါ။ ထင်ရှားတဲ့ သမ္မတလောင်းနှစ်ဦးကတော့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းပါ။ မင်း အောင်လှိုင်ကတော့ ယူနီဖောင်း ချွတ်ပြီး ရွေးကောက်ပွဲဝင်ပြီး လာ မယ့်လမ်းကြောင်းပေါ်မှာပေါ့။ ဒါ ပေမဲ့ ဦးသိန်းစိန်ဟာ ရာထူးက ဆင်းပေးစရာမလိုဘူး။ ကြေညာ စရာလည်းမလိုဘူး။ လုံးဝကိုမ လုပ်တာ။ ဘာလို့လဲဆိုတော့ နောက်ဆုံးမိနစ်ကျမှ စစ်တပ်အုပ် စုက ရွေးချယ်တာဆိုပြီးသူကလုပ် နိုင်တယ်လေ’’
ထို့ကြောင့် ဦးသိန်းစိန်သည် အေးအေးဆေးဆေးသမ္မတရွေး သည့်အချိန်ထိ စောင့်ကစားနေရုံ ပဲဟု မစ္စစ်ပရက်စီလာကလပ်ပ် ကရှင်းပြသည်။၎င်းကအထင်အရ ဦးသိန်းစိန်သာလျှင် ဗိုလ်ချုပ်မှူး ကြီးဟောင်းဦးသန်းရွှေ လိုလားသူ ဖြစ်နိုင်သည်ဟုပြောကြားသည်။
ဂျော့်ခ်ျတောင်းတက္ကသိုလ် အာရှရေးရာဌာန ပါမောက္ခ ဒေး ဗစ်စတိုင်းဘတ်ကလည်း စစ်တပ် ကလူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလိုလားသူသာလျှင် သမ္မ တဖြစ်နိုင်သည်ဟု ပြောကြားခဲ့ သည်။ သူက ဦးရွှေမန်း၊ ဦးသိန်း စိန်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့မှာ မီဒီယာ များတွင်ပါနေကြသော သမ္မတ ဖြစ်နိုင်ခြေရှိသောလေးဦးဟုဆို သည်။
‘‘ဘယ်သူဖြစ်လာမလဲဆို တာတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့အခန်းကဏ္ဍကမေးခွန်း ဖြစ်လာပြီ။ ၁၉၈၈ ဦးနေ၀င်းက ရာထူးက အနားယူလိုက်ပေမယ့် နောင်လေးနှစ်အကြာမှာတောင် ဗိုလ်ချုပ်စောမောင်ကို ဖြုတ်ချဖို့ သူကအတည်ပြုပေးတဲ့သူ ဖြစ်နေ သေးတယ်။ သည်ပုံစံအတိုင်းပါပဲ ဦးသန်းရွှေကလည်း သည်နေရာ မှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိပါတယ်။ သည်လူတွေထဲမှာ သူ ဘယ်သူ့ကိုကြိုက်လဲ။ ရွှေမန်း လား၊ မင်းအောင်လှိုင်လား။’’
ဦးသိန်းစိန်သည် ယခင်နှစ် များက ယခုသက်တမ်းကုန်လျှင် ရာထူးက အနားယူမည်ဟုသတင်း များထွက်ပေါ်ခဲ့သော်လည်း သူ့အ စိုးရအဖွဲ့ဝင်များက သည်ရာထူး ကို ဆက်ထိန်းထားဖို့သမ္မတဦး သိန်းစိန်ကို ဖိအားဝိုင်းပေးနိုင် သည်ဟု ပါမောက္ခဒေးဗစ်စတိုင်း ဘတ်က သုံးသပ်ပြသွားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစု ကြည်သမ္မတလောင်းဖြစ်လာစေ နိုင်သည့် အခြေခံဥပဒေကို ရွေး ကောက်ပွဲမတိုင်မီ ထင်ထင်ရှား ရှား အပြောင်းအလဲလုပ်ရန်မမြင် ဟု အမေရိကန်မြန်မာ့အရေးကျွမ်း ကျင်သူများက သုံးသပ်ကြသည်။
‘‘သိသိသာသာ အပြောင်းအ လဲတွေလုပ်မယ်လို့ ကျွန်မမထင် ဘူး။ နည်းနည်းပါးပါး အသေးအ မွှားပြောင်းလဲတာလောက်တော့ လုပ်လိမ့်မယ်။ အခုကနေလာမယ့် ဇွန်လ ၂၀ မှာ လွှတ်တော်မှာအခြေ ခံဥပဒေပြောင်းလဲဖို့ အဆိုပြုမ လားလို့ ကျွန်မစောင့်ကြည့်နေပါ တယ်။ သူရဦးရွှေမန်း ဒီကိုလာ တုန်းကလည်း ပြောခဲ့တယ်ဆို တော့လေ’’ဟု မစ္စက်ပရက်စီလာ ကလပ်ပ်ကဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ် ရေးရာ ဒုတိယအကြီးအကဲ စ ကော့မာဆဲလ်ကမူ အမေရိကန် အစိုးရအနေဖြင့် လာမည့်ရွေး ကောက်ပွဲကို လွတ်လပ်ပြီးတရား မျှတမှုရှိရေးအတွက် ပံ့ပိုးကူညီ ပေးသွားမည်ဟု ဆွေးနွေးတင်ပြ ခဲ့သည်။
သို့သော်လက်ရှိရွေးကောက် ပွဲသည် ဘယ်အခြေအနေပဲရှိရှိ မြန်မာ့စစ်တပ်သည် အကြီးအ ကျယ်အပြောင်းအလဲလုပ်ဖို့ ပြင် ဆင်မထားဟု အဆိုပါဆွေးနွေးပွဲ နိုင်ငံရေးသုတေသီများကသုံးသပ် ကြသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ များက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သို့အကူးအပြောင်းကာလတွင်အ ရေးကြီးသော အခန်းကဏ္ဍများ ဖြစ်သည်။ လာမည့် ၂၀၁၅ ရွေး ကောက်ပွဲကလည်း အလားတူ အရေးပါမည့် ဖြစ်စဉ်တစ်ခုဖြစ် လာနိုင်သည်။
သို့ရာတွင် ထိုပုံရိပ်များအ နောက်မှာတော့ မြန်မာ့စစ်တပ်က အဓိကနေရာကနေ တိုင်းပြည်ကို ဆက်ပြီးအုပ်ချုပ်နေဆဲဖြစ်သည်။ကြိုတင်မှန်းမျှော်ဆနိုင်သည့် နောင်အနာဂတ်မှာလည်း သည် အချက်ကိုပြောင်းလဲဖို့အကြောင်း မမြင်ပါ။
စစ်တပ်အပေါ် ထိန်းချုပ် မည့်အရပ်သားအစိုးရဖြစ်လာဖို့ က မြန်မာနိုင်ငံတွင် တရားဝင်ဥပ ဒေအစီအရင်ရော၊ အုပ်ချုပ်မှုအ ဖွဲ့အစည်းအခြေခံပုံစံပါ မရှိသေး ပေ။ သည်နှစ်ခုစလုံးကလည်းမြန် မာနိုင်ငံမှာမကြာမီမှာ ဖြစ်လာနိုင် ဖို့လည်း အကြောင်းမမြင်ပါ။ ၂၀၀၈ ခုနှစ်တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေဦးဆောင်သော စစ် အစိုးရက ဒီမိုကရေစီကိုခပ်ပါးပါး အသာလွှမ်းထားသည့် ခြုံထည် အောက်မှာ စစ်တပ်ကသာ လွှမ်း မိုးကြီးစိုးနိုင်သည့် အခြေခံဥပဒေ အသစ်ကိုရေးဆွဲခဲ့သည်။
ယနေ့မြန်မာ၏ ပုံရိပ်အစစ် အမှန်တွင် စစ်တပ်သည်အရေး ကြီးသော လူမှုရေးနှင့် စီးပွားရေး အုပ်ချုပ်မှုအဖွဲ့အစည်းကို တိုက် ရိုက်ထိန်းချုပ်နေရာက ဆုတ်ခွာ ကောင်းဆုတ်ခွာပေးမည်ဖြစ် သော်လည်း သွယ်ဝိုက်ပြီးအတော် များများမှာ ပတ်သက်ထိန်းချုပ်နေ ဆဲဖြစ်၏။ လိုအပ်လာပါက တိုက် ရိုက်နေရာယူထိန်းချုပ်ဖို့လည်း နေရာကောင်းကောင်းယူထားပြီး ဖြစ်သည်ဟု ကာနေဂျီစင်တာအ ခြေစိုက် မြန်မာနှင့်အရှေ့တောင် အာရှရေးရာကျွမ်းကျင်သူ ဗစ်ခ် ရမ်နေရူးကသုံးသပ်သည်။ ၂၀၁၀ တွင် စစ်ဗိုလ်ချုပ်ဟောင်းဦးသိန်း စိန် သမ္မတဖြစ်လာသောအခါ စစ် တပ်နှင့်အရပ်သားအစိုးရကြား ချောမွေ့သောကူးပြောင်းမှုဖြစ် လာခဲ့သည်ဟု သူကထောက်ပြ သည်။
ထို့ကြောင့် စစ်တပ်နှင့် သင့် မြတ်ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလိုလားသည့် သမ္မတ ဦးသိန်းစိန်ပဲ သမ္မတဖြစ်လာနိုင်ဖို့ အလားအလာကောင်းနေကြောင်း မိုးတ စိမ့်စိမ့်ရွာနေသောဝါရှင်တန် ဒီစီ မြို့က မြန်မာ့အရေးဆွေးနွေးပွဲ တွင် နိုင်ငံရေးသုတေသီများက ထင်ကြေးပေးခဲ့ကြသည်။
Credit: 7day Daily News
Credit: 7day Daily News
by ထားထားမြင့်
Post a Comment
Note: Only a member of this blog may post a comment.