Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, December 31, 2015

အစာမကြေရောဂါသည် အဖြစ်အများဆုံးရောဂါဖြစ်ပြီး လူတိုင်းလူတိုင်း တစ်နေ့မဟုတ်တစ်နေ့ တစ်ကြိမ်မဟုတ်တစ်ကြိမ်တွင် ဖြစ်ပွားကြမည်ဖြစ်လေသည်။ သို့မဟုတ် ဖြစ်ဖူးခဲ့ကြမည်ဖြစ်လေသည်။ အစာမကြေရောဂါသည် အစာအိမ်ရောဂါများထဲတွင် အစဦးရောဂါဖြစ်လေသည်။
မြို့ကြီးပြကြီးတွင် နေထိုင်ကြသူများသည် တောလက်ကျေးရွာတွင် နေထိုင်သူများထက် အစာအိမ်ရောဂါများ ပို၍ဖြစ်ပွားလေ့ရှိသည်။ လူဦးရေထူထပ်ခြင်း၊ စိတ်လှုပ်ရှားမှု၊ စိတ်ပူပန်မှု၊ သောကများခြင်း၊ ၀မ်းနည်းဝမ်းသာ ပူဆွေးသောကများခြင်း၊ အလိုကြီး၍ လောဘများခြင်း၊ ရတာမလို၍ လိုတာမရခြင်း စသည်တို့သည် အစာအိမ်ရောဂါ၏ အခြေခံစေ့ဆော်မှုအကြာင်းများပင် ဖြစ်တော့သည်။

စိတ်လှုပ်ရှားမှုဖြစ်သည့်အခါတိုင်း အစာအိမ်တွင် အစာခြေရည်များ ထွက်လာလေ့ရှိသည်။ ထိုအစာခြေရည်များ သည် ခြေရန်အစာမရှိသောအခါ အစာအိမ်နံရံကို ပြန်၍လောင်ကျွမ်းစေသည်။ အကြိမ်များသောအခါ အစာအိမ်အနာ ဖြစ်လာလေသည်။ အစာအိမ်အနာသည် အချိန်ကြာမြင့်စွာ ကုသရပြီး ပူ၊ စပ်၊ ချဉ်သော အစာများ၊ မာကြောသောအစာများသဖြင့် လူတွင်ပိန်ချုံး၍ အားနည်းလာလေသည်။

အားနည်းသောသူတွင် ပြင်ပမှ ရောဂါအမျိုးမျိုးတို့ ၀င်ရောက်ကပ်ငြိရန် လွယ်ကူလေသည်။ သာမာန်ဥတု အပြောင်းအလဲ ကြောင့်ဖြစ်သော ပူ၊ အိုက်၊ ချမ်းအေးဒဏ်များကိုလည်း အားနည်း၍ ခံနိုင်ရည်မရှိ ဖြစ်လာလေသည်။

ဒေါသကြီးသူ၊ စိတ်တိုသူ၊ စိတ်မြန်သူတို့သည် အစာအိမ်ရောဂါဖြစ်ပွားရန် အလွန်နီးစပ်သူများဖြစ်သည်။ အစာကိုမြန်မြန်စားသူ၊ ကြေညက်အောင်မစားသူ၊ အလုပ်တစ်ဖက်နှင့် အစာစားသူ၊ အေးစက်သောအစာ၊ အချိန်လွန်၍ နောက်ကျသောအစာ၊ အရည်သောက်မပါ၊ အခြောက်တိုက်စားရသောအစာတို့သည် အစာမကြေရောဂါဖြစ်စေသည့်အစာများ ဖြစ်လေသည်။ မကြေညက်သော အစာများသည် အစာအိမ်ကို ပင်ပန်းစေပြီး အူသိမ်အူမတို့မှလည်း အာဟာရကို မစုပ်ယူနိုင်ပေ။ အစာမကြေလျှင် ၀မ်းချုပ်သည်။ ၀မ်းချုပ်ခြင်း၏နောက်ဆက်တွဲရောဂါများမှာ အကြောတင်းခြင်း၊ ဇက်ကြောတက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းတို့ ဖြစ်လေသည်။

လူအချို့တွင် ဖြစ်ပွားလေ့ရှိသော ခေါင်းကိုက်ရောဂါနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ မျက်ရိုးကိုက်ရောဂါ များသည် အစာမကြေခြင်းကြောင့် ဖြစ်သည်ကများသည်။ ထို့ကြောင့်ပင် ၀မ်းတစ်လုံးကောင်းရင် ခေါင်းတစ်လုံးမခဲ ဟု ဆိုစကားရှိခဲ့ခြင်းဖြစ်သည်။ ခေါင်းကိုက်ပျောက်ဆေးများကို သောက်ကြသောအခါ အစာအိမ်ကို လောင်ကျွမ်းသဖြင့် အစာအိမ်ရောင်ခြင်း၊ အစာအိမ်မှ သွေးယိုစိမ့်ခြင်း၊ အစာအိမ်ပေါက်ခြင်းအထိ ဖြစ်တတ်သဖြင့် ဆေးအတွက် ဘေးမဖြစ်စေရန် အစာဟောင်းများ အောက်သို့ကျစေရန် နေ့စဉ်မှန်မှန် လမ်းလျှောက်ပေးခြင်းဖြင့် ကုစားလျှင် ပျောက်ကင်းနိုင်သော သဘာဝကုထုံးများရှိသည်။
တိုင်းရင်းဆေးပညာတွင် ခန္ဓာကိုယ်သို့ ရောဂါရောက်ကြောင်း ပညာရပ်ကို သင်ကြားရသည့်အခါ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားလေးပါးရှိသည်။

ထိုအကြောင်းတရားတို့တွင် လေးခုမြောက်ဖြစ်သော အာဟာရဟူသော အကြောင်းတရားသည် စားသင့်သည့်အစာ၊ မစားသင့်သည့်အစာ၊ စားရမည့်အတိုင်းအတာ၊ စားသင့်သည့်အချိန်အခါ၊ မစားသင့်သည့်အချိန်အခါတို့အပေါ် မူတည်၍ စားတိုင်း အာဟာရမဖြစ်သည့် သဘောတရားကို ညွှန်ပြနေသည်။

အိန္ဒိယနိုင်ငံမှ မြစ်ဖျားခံလာသော အာယုဗေဒဆေးပညာတွင် လေ၊ သည်းခြေ၊ သလိပ် အကြောင်းတရားများနှင့် အစာစားခြင်းကို ဆက်စပ်သောအခါ…

၁။ နံနက်သလိပ်

သလိပ်ဆိုသည်မှာ ပါးစပ်မှ ထွေးပစ်သည့်သလိပ်ကို မဆိုလိုပါ။ ခန္ဓာကိုယ်အတွင်းရှိ ဆူဖြိုးဝဖြိုးစေသော အေးသည့် ဓာတ်သဘောကို ဆိုလိုခြင်းဖြစ်သည်။ နံနက်စာစားသောအခါ အထူးသဖြင့် အရုဏ်တက် နံနက်စောစောကို ဆိုလိုခြင်းဖြစ်သည်။ ဘုန်းကြီးရဟန်းများ အရုဏ်ဆွမ်းစားချိန်နှင့်ကိုက်ညီသည်။ နံနက်စာစားသူသည် အာဟာရဖြစ်ပြီး ၀ဖြိုးသည်ဟု ဆိုလိုသည်။ ထို့ကြောင့် ပိန်ချင်သူများသည် နံနက်စောစောအစာကို ရှောင်ရမည်ဖြစ်သည်။ ပိန်ချင်၍ ညစာမစားဘဲနေသည်ဆိုသည်မှာ သဘာဝမကျပါ။ ပိန်လည်းပိန်မည်မဟုတ်ပါ။ ပိန်ချင်လျှင် နံနက်အိပ်ယာထအစာကို ထမင်းမစားနှင့်၊ အ၀မစားနှင့်။ စွပ်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ကော်ဖီ၊ မုန့်တို့ကဲ့သို့ပဲ အစာခံပဲစားရန် သင့်သည်။

၂။ နေ့လည် သည်းခြေ

သည်းခြေဆိုသည်မှာ အစာကြေစေခြင်း၊ လှုပ်ရှားမှုမြန်ဆန်စေခြင်း၊ ခန္ဓာကိုယ်မှ အရောင်အဆင်းထွက်ခြင်း၊ မှတ်ဥာဏ်ကောင်းခြင်း၊ တွေးခေါ်ဥာဏ်ကောင်းခြင်း၊ စိတ်ဓာတ်တက်ကြွခြင်း၊ ပင်ပန်းမှုဒဏ်ခံနိုင်ခြင်း၊ နေ့လည်စာစားသောသူသည် အထက်ပါအကျိုးတရားများကိုရသည်ဟု ဆိုလိုသည်။

၃။ ညနေလေ

ညနေစာစားသောသူများသည် စားလိုက်သည့်အစာကြောင့် အာဟာရမဖြစ်ဘဲ လေဖြစ်သွားသည်။ ခန္ဓာကိုယ်တွင် လေလွန်ကဲလျှင် အစားပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ ယားယံခြင်း၊ ဂနာမငြိမ်စိတ်ပျံ့လွင့်ခြင်း စသောရောဂါများ ဖြစ်ပွားတတ်လေသည်။

၎။ ညအပုတ်

နံနက်စာ၊ နေ့လည်စာများသည် အကျိုးပြုသောအစာများဖြစ်ပြီး ညနေစာ၊ ညစာများမှာ အကျိုးမပြုသောစာများဖြစ်သည်။ ညဥ့်နက်မှ စာသောအစာကို အပုပ်စာဟု ခေါ်သည်။ အပုပ်ဓာတ်သည် အသားအရေညစ်နွမ်းခြင်း၊ မွဲခြောက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ခြေသည်းလက်သည်းများကွဲခြင်း၊ ငိုက်မျဉ်းခြင်း၊ ခန္ဓာကိုယ်မှ မကောင်းသောအနံ့အသက်များထွက်ခြင်း၊စသည်တို့ကို ဖြစ်ပွားစေသည်။ ညစာစားပွဲများတွင် ညဉ့်နက်မှ စားသောက်သောအစာများသည် လူကို အကျိုးယုတ်စေသောအစာများဖြစ်သည်။ ချမ်းသာသော လူကုံထံများတွင် ဆင်းရဲသားများထက် ပို၍ရောဂါများသည်ဟု ပြောကြသည်။ ဤသို့ဖြစ်ရသော အကြောင်းများစွာထဲမှ အကြောင်းတစ်ရပ်မှာ ညစာစားပွဲများကြောင့်ဖြစ်နိုင်သည်။ ချမ်းသာသောအသိုင်းအ၀ိုင်း များတွင် အောင်မြင်မှုတစ်ခုခုကြုံသည့်အခါနှင့် မင်္ဂလာပွဲများတွင် ညစာစားပွဲများပြုလုပ်လေ့ရှိသည်။

အချို့မှာ ညကပွဲ၊ နိုက်ကလပ်များတွင် ပျော်ပါးရင်း စားကြသောက်ကြသည်။ ညစာများကို မခြေနိုင်သည့် အစာအိမ်မှ ရောဂါစဖြစ်လေသည်။ အပုပ်ဓာတ်ကြောင့် ဆံပင်ဖြူခြင်း၊ သားဖုံးကြွပြီးသွားများကျိုးလွယ်ခြင်း၊ အသားအရေ ညစ်မွဲခြင်းများ ဖြစ်လာသော်လည်း အပျော်အပါးက ဖုံးလွှမ်းနေသဖြင့် သတိမမူကြပေ။ နှစ်ချီကြာပြီး ရောဂါမျိုးစုံဝင်လာမှ သိကြလာသောအခါ နောက်ကျနေလေပြီ။

နိဂုံးချုပ်တင်ပြလိုသည်မှာ-

၁။ အစာကို ဆာမှစားပါ။

၂။ သင့်တင့်သော အစာကိုသာစားပါ။

၃။ သန့်ရှင်းသောအစာ၊သဘာဝအစာများကိုသာစားပါ။

ဓာတုဗေဒနည်းဖြင့် ပြုပြင်ထားသောအစာများကို ရှောင်ပါ။

၎။ နံနက်စောစောစားသောအစာနှင့် နေ့လည်စားသောအစာများသည် အစာအိမ်မှ ကြေကျက်ပြီး လူကို အကျိုးပြုသည်။

၅။ ညနေစာစားလျှင် လေကိုဖြစ်စေသည်။

၆။ ညစာ(ညဥ့်နက်စာ) စားလျှင် လူကိုအကျိုးမပြု၊ အပုပ်ဓာတ်ကို ဖြစ်စေသည်။

ရောဂါမူလံ အာစိဏ္ဏကံ၊ ရောဂါဟူသမျှ အစာမကြေခြင်းကစသည် ဟူသော စကားကို အမြဲဆင်ခြင်နိုင်ကြပါစေ။

(မှတ်ချက်။ ကြည်လွင်မြင့်(မုဒြာ) ရေးသားသော ရောဂါမှန်သမျှ အစာမကြေခြင်းကစသည် စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)


Credit: MOI Webportal Myanmar

ရောဂါမှန်သမျှ အစာမကြေခြင်းက စသည် ...

Thursday, December 17, 2015

Working out is all about improving your health. But if you aren't careful about your hygiene, you might get stuck with a cold — or worse. If you'rethe kind of person who has made working out a major part of your weekly routine, then that's amazing, and your body certainly thanks you! But keep in mind that you are that much more susceptible to nasty germs when you're constantly working out, and you need to make sure you take care of yourself. Nothing is more annoying than getting into a regular workout routine, then having to stop for a few weeks because of a bad cold.
A few things you can do before even hitting the gym? Get a good night's sleep, maintain a healthy diet, take a multivitamin, and wash your hands frequently. The key to avoiding a cold is by making sure your immune system is prepared! That way, the germs hardly stand a chance. Here are a few things you should not be doing if you want to avoid illnesses and infections of all kinds. Remember: Be smart, be safe, and wash your hands a lot.

1. Rolling up your yoga mat, and leaving it until the next class



After a run, you wouldn't ball up your sweaty shorts and use them again next week, would you? Moisture, darkness, and warmth are bacteria's three favorite things, and if you you don't clean off your mat after a sweaty yoga session, chances are they're going to colonize it and potentially cause infections. Common bacteria you might find on a dirty mat include propionibacteria acnes, which are linked to acne and other skin conditions, trichophyton, which can cause athlete’s foot and ringworm, and streptococcus, which can cause “flesh-eating” strep infections and meningitis. Even if you don't share it with anyone, a rarely-cleaned yoga mat can cause all kinds of infections if you let bacteria fester on it.

2. Wearing your gym clothes all day




While going for post-workout smoothies with your gym buddy might be super adorable (and very Instagram-friendly), staying in the same sweaty workout gear all day is not. Regardless of how comfy those yoga pants might be, wearing damp clothing for an extended period of time is bad news. They can cause acne and yeast infections, and nothing is worth that kind of discomfort. Your best move is to shower immediately after you finish your workout. If you don't have access to one, the second-best thing you can do is at least change your outfit — underwear, socks, and all.

3. Going barefoot in the sauna or shower



When it comes to public locker rooms, flip-flops are an absolute must. That is, if you want to avoid fungus, wart viruses, and the endless amount of germs that thrive in damp areas just like showers. Don't have flip-flops lying around? Stand on a towel after getting out of the shower so you don't undo the foot cleaning you just finished.

4. Using your hands to wipe away sweat




As you probably know, gyms are breeding grounds for germs. Spending 30 minutes on the elliptical and then hitting the weights means a whole lot of exposure to other people's germs. Make sure you keep your hands off your face during your workout, and bring a towel with which to wipe off sweat. Wash those hands as soon as you finish your workout, and you should be good to go! Make sure to keep that sweat towel clean, too — throw it in the wash right when you get home to avoid a bacteria frenzy.

5. Not bringing your own water bottle



Lugging a water bottle to the gym can be a bit of a nuisance, but it'smuch better than drinking from a fountain. Apparently, water fountain spigots can have 2.7 million bacterial cells per square inch, which sounds like a pretty good way to catch a cold. It's probably safer to bring your own H2O, so you can avoid the potential risk of catching mono without all the fun kissing.

6. Waiting to wash your face


Even if you don't have enough time for a shower after your Pilates class, still try to quickly cleanse your face! Bacteria can build up in your pores during your workout, which can lead to inflammation and acne. Yuck. Take a few minutes and wash your skin as soon as you finish up at the gym, then apply an anti-inflammatory moisturizer to help with redness. Your pores will thank you later, trust me.
Images: Skeeze/Pixabay; Werner MoserDana RobinsonMitchell Joyce/Flickr

Credit:http://www.bustle.com/

6 Post-Workout Hygiene Mistakes You're Making That Could Be Hurting Your Health

Sunday, December 13, 2015

လတ်ဆတ်သော သစ်သီးများ စားသုံးပါ

သစ်သီးဝလံတွေမှီဝဲစားသုံးတယ်ဆိုတာ သစ်သီးတွေဝယ်၊ အစိတ်ကလေးဖြစ်အောင်စိတ်၊ ပြီးရင် ဝါးစားလိုက်ရုံလေးပဲလို့ ကျွန်ုပ်တို့အားလုံး ယူဆကြပါတယ်။

စားပုံစားနည်းနဲ့ ဘယ်အချိန်မှာ စားပေးရမယ်ဆိုတာ သိပါက အကျိုးအမြတ်ပို၍ ရရှိခံစားမှာ ဖြစ်ပါတယ်။ သစ်သီးအသား၊ အနှစ် သို့မဟုတ် တစ်ခုလုံးစားခြင်းက အမျှင်ဓာတ်တွေရရှိစေတာမို့ ဖျော်ရည်အဖြစ်သောက်ခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။

ဖျော်ရည်အဖြစ်သောက်မယ်ဆိုရင် တငုံချင်း ဖြည်းဖြည်းသောက်ပါ။ ဘာကြောင့်လဲဆိုတော့ မြုံမချခင် တံတွေးနဲ့ ပေါင်းစပ်ရမှာ ဖြစ်လို့ပါပဲ။

သစ်သီးဖျော်ရည်သောက်ဖို့ လိုတဲ့အချိန်မှာ  လတ်ဆတ်သော သစ်သီးဖျော်ရည်သာ သောက်သုံးပါ။ ဗူးထဲကဟာတွေ မသောက်ပါနဲ့။

အပူပေးထားတဲ့ အချိုရည်တွေကို မသောက်ပါနဲ့။ ကြော်လှော်ချက်ပြုတ်ထားသည့် အသီးများကိုလည်း မစားပါနဲ့။ အရသာပဲရှိတာပါ။ အာဟာရ လုံးဝ မမြောက်ပါဘူး။ ဒါ့ကြောင့် အာဟာရဓာတ် လိုချင်ရင် ဒူးရင်းသီးပြုတ်တွေ လုပ်မနေပါနဲ့တော့။ သစ်သီးတွေ ချက်ပြုတ်ခြင်းက ဗီတာမင်ဓာတ်အားလုံး ဖျက်ဆီးပစ်ပါတယ်။

နည်းလမ်းမှန် သစ်သီးစားသုံးနည်း

သစ်သီးတွေကို ထမင်းစားအပြီး အချိုပွဲအနေဖြင့်မဟုတ်ဘဲ အစာအိမ်ဟောင်းလောင်းဖြစ်နေချိန်မှာ စားပေးသင့်ပါတယ်။

သစ်သီးကို အဲဒီလို မှီဝဲစားသုံးပါက ကိုယ်အလေးချိန်လျော့ချခြင်းနဲ့ တခြားလုပ်ဆောင်ချက်များအတွက် စွမ်းအင်ရရှိစေကာ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များဖယ်ရှားသည့် လုပ်ငန်းကို ဆောင်ရွက်ပေးပါ။

မှန်ကန်သော သစ်သီးမှီဝဲစားသုံးနည်းကို ကောင်းစွာနားလည်ထားပါက အလှအပ၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ အားအင်၊ ပျော်ရွှင်ခြင်းနဲ့ ပုံမှန်ကိုယ်အလေးချိန် ပိုင်ဆိုင်မယ့် လျို့ဝှက်ချက်ကို ရရှိစေပါတယ်။

သစ်သီးဝလံသည် အရေးကြီးဆုံးအစားအစာဖြစ်

ပေါင်မုန့် နှစ်ချက်စားပြီး အသီးတစ်စိတ်စားတယ်ဆိုပါစို့။ ပေါင်မုန့်ထက် အသီးက အစာကြေပိုမြန်တာကြောင့် အသီးက ခဏအတွင်း အစာကြေပြီး အစာအိမ်ကနေတဆင့် အူတွေအတွင်း တန်းသွားဖို့ အဆင်သင့်ဖြစ်နေပေမယ့် သွားမယ့်လမ်းကြောင်းကို ပေါင်မုန့်တွေ ပိတ်ဆို့ကာ အစာချေဖို့ ပိုမိုကြန့်ကြာစေပါတယ်။

ဒါ့ကြောင့်မို့ အစာအိမ်အတွင်း အစာမရှိတဲ့အချိန် သို့မဟုတ် ထမင်းမစားမီ အသီးကို စားတာ ပိုမိုကောင်းမွန်ပါတယ်။

Credit :Trend Myanmar

လတ်ဆတ်သော သစ်သီးများ စားသုံးပါ

Sunday, December 6, 2015

9b339ce07fa5b0b8c463bb80a8ffcb65


Having trouble leaving the house to go to the gym? No problem! Here is a workout that you can do from the comfort of your own home! No equipment needed!
1.Standing Cross-over Crunches (3 sets, 12 reps each side)
ForSia-40 (1)
  • Stand up straight with your hands behind your head.
  • Begin by touching your right elbow to the opposite knee-the left knee.
  • Focus on bringing the shoulder towards the hip, rather than the elbow to the knee. 
  • Repeat with the left elbow and right knee, alternating as you go.

    2.V-Ups (3 sets, 15 reps)
  • ForSia-40 (1)
    • Lie face-up on the floor with your legs and arms straight.
    • Hold your arms straight above the top of your head.
    • In one movement, simultaneously lift your torso and legs as if you’re trying to touch your toes.
    • Lower your body back to the starting position. (If this is too difficult, you can bend your knees and pull them toward your chest instead).


      3.Plank With Leg Lifts (3 sets, 10 reps each side)
      ForSia-40 (1)
      • Get into plank position on your forearms with your abs in tight.
      • Engage your glutes to lift and hold one foot a few inches off the floor, foot flexed.
      • Repeat and then switch legs.


        4.Knee to Elbow Planks (3 sets, 15 reps each side)
        FullSizeRender
        • Start with a standard plank.
        • Slowly bring your right knee toward the outside of your right elbow.
        • Hold for 2-3 seconds.
        • Repeat on the other side.


          5.Oblique V-Ups (3 sets, 10 reps each side)
          ForSia-40 (1)
          • Lie on your left side, legs angled 30 degrees from your hips.
          • Rest your left arm on the floor and put your right hand behind your head
          • Lift your straight legs off the floor, bringing your torso toward your legs
          • Slowly return to start. That’s one rep

At-Home Six Pack Abs Workout (No Equipment Needed!)

Wednesday, December 2, 2015

အေးအေးလူလူရှိနေတဲ့အချိန် နှလုံးခုန်နှုန်းဘယ်လောက်မြန်တယ်ဆိုတာကို ကြည့်ပြီး ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်းကို တိုင်းတာနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

တစ်မိနစ် နှလုံးခုန်နှုန်းဟာ သာမန်ထက် ၁၀ ချက် ပိုလာတိုင်း ပိုလာတိုင်း မည်သည့် အကြောင်းကြောင့်မဆို ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်းဟာ ၉ရာခိုင်နှုန်းစီ မြင့်တက်လာတယ်လို့ တရုတ်နိုင်ငံသား သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ လူအများစုရဲ့ နားနေချိန်အတွင်း နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အချက် ၆၀ ကနေ ၁၀၀ အတွင်း ရှိပါတယ်။ ဒါပေမဲ့ ကျွမ်းကျင် အားကစားသမားတွေရဲ့ နှလုံးခုန်နှုန်းကတော့ တစ်မိနစ် အချက် ၄၀ ဝန်းကျင်ပဲ ရှိပါတယ်။

တစ်မိနစ် နှလုံးခုန်နှုန်း အချက် ၆၀ ကနေ ၈၀ အတွင်းရှိသူတွေဟာ ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်း ၂၁ရာခိုင်နှုန်း တိုးလာခဲ့တဲ့အချိန်မှာ တစ်မိနစ် နှလုံးခုန်နှုန်း အချက် ၈၀ ကျော်သူတွေဟာ ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်း ၄၅ ရာခိုင်နှုန်း ပိုမြင့်ပါတယ်။

နှလုံးခုန်နှုန်း မြန်ခြင်းနဲ့ ငယ်ငယ်ရွယ်ရွယ်သေဆုံးမှုကြား ဆက်သွယ်ချက်ဟာ လူတိုင်းလူတိုင်းမှာ ရှိပါတယ်။ နှလုံး ဆိုင်ရာ ကျန်းမာရေးပြဿနာရှိတဲ့ သူမှမဟုတ်ဘူးလို့ သုတေသီတွေက ထပ်လောင်းပြောခဲ့ပါတယ်။ နားနေချိန် နှလုံးခုန်နှုန်း ပိုနိမ့်တဲ့သူတွေဟာ ပိုပြီး ကျန်းမာကြံ့ခိုင် ဖို့များကြောင်း ဆရာဝန်တွေ သိခဲ့တာကြာပြီဖြစ်ပါတယ်။

နှလုံးခုန်နှုန်းကို ဂရုပြုတိုင်းတာ လေ့ရှိဖို့နဲ့ နှလုံးခုန်နှုန်း နည်းအောင်လုပ်ဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

Credit:ThitHtooLwin

တစ်မိနစ် နှလုံးခုန်နှုန်း ၁၀ ချက်ပိုတိုင်း ၉ရာခိုင်နှုန်းစီ ငယ်ငယ်ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်းမြင့်တက်

Flickr Gallery

 
Gallium Gin-Group © 2015 - Designed by Templateism.com