အွန်လိုင်းမှာ လူဖတ်များနေတဲ့ မြန်မာ ယူ ၂၃ အသင်းက နောက်ခံလူ ကျော်ဇင်လွင်ရဲ့ အောင်မြင်မှု မရခင်ကြမ်းတမ်းလှတဲ့ ဘ၀ဇာတ်ကြောင်းပါ။ အရမ်းပဲလေးစားမိသလို သူ့အကြောင်းကို ဖတ်ပြီး အရမ်းပဲ ၀မ်းနည်းမိပါတယ်။ အချိန်ခဏလေးပေးပြီး ဖတ်ကြည့်လိုက်ပါ။ လူငယ်လေးတွေ အတုယူနိုင်ဖို့  ပြန်လည်မျှဝေပါတယ် ကျော်ဇင်လွင် နဲ့ကြမ်းတမ်းလွန်းသော နေ့ရက်တွေ ================================
ကျွန်တော်အရင်ဆုံးပရိတ်သတ် ညီအကိုမောင်နှမတွေ အားလုံးကို တောင်းပန် ချင်ပါတယ် ကျွန်တော်စကားပြန်မပြောနိုင်တဲ့အခါ ဖုန်းဆက်လို့ မရတဲ့အခါ မာနကြီးတယ်လို့ ထင်ကြတယ် အမှန်ကျွန်တော့မှာ အဲ့လို စိတ်မျိုး ဒကယ် မရှိပါဘူး။ ကျွန်တော့ငယ်ဘဝမှာ စာပေအတန်းပညာဘက်မှာ အားနည်းခဲ့တယ်ဗျ ၇တန်းအောင်ပြီး ၈တန်းနဲ့ ကျောင်းထွက်ခဲ့ရတယ် ကျွန်တော့ အမေ ခေါင်းရွက်ဈေးရောင်းပြီးရှာကြွေးနေတာမကြည့်ရက်လို့ ကျွန်တော် ပန်းရံအကူ လိုက်လုပ်ရပါတယ်။ လုပ်ခနှစ်ထောင်ရတာကိုအမေ့ကိုပေးလို့ ထမင်းကြမ်းခဲနဲ့ ငါးပိရည်ကျဲ နဲ့ စားခဲ့ရတဲ့ရက်တွေ မနည်းခဲ့ပါဘူး။ ခုဒီလိုစာတွေ ရေးနေတာကိုလဲ သူငယ်ချင်း အကူညီနဲ့ ကျွန်တော်ပြောချင်တာ ကို ရေးခိုင်းနေရတာပါ ကျွန်တော်ခေါတ်ပေါ် နည်းပညာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှူ မရှိပါဘူး။ ဖေ့ဘွတ်ဆိုတာကြီးကိုလဲ မနေ့တနေ့ကမှ လက်တွေ့သုံးကြည့်ရတာပါ အကောင့်တောင် သူငယ်ချင်းဖွင့်ပေးထားတာပါ ကျွန်တော်ဖေ့ဘွတ်မသုံးတတ်ပါဘူး ပရိတ်ကြီးကို ကျေးဇူးတင်စကားတွေနဲ့ ရင်းရင်းနှီးနှီးနေချင်ပါတယ် ကျွန်တော်မှာ စာရေးဖို့ တွက် နည်းပညာအားနည်းပါတယ်။ ကျွန်တော်ဘောလုံး မကန်ခဲ့ရခင်မှာ အကိုတွေ ကန်တဲ့ဘောလုံးကောက်ခဲ့ ရတာပါ ရေသန့်ဘူးအဝတ် အကုန်တောက်တိုမယ်ရ လုပ်ခဲ့ရတာပါ ကျွန်တော်ဘောလုံးကန်ဖို့တွက် လေ့ကျင့်ဖော်တောင် မရှိပါဘူးဗျာ။ ကျွန်တော့ တွက် ကလပ်မှာ ဆရာအရင်တင်ရတာ ထမင်းချက် ဦးလေးကြီးရဲ့ သားကို ဘောလုံးဖမ်းစေပြီး လေ့ကျင့်ခဲ့ရတာပါ။ သူဟာကျွန်တော့ ဆရာတဦးပါပဲ။ ကလပ်လူငယ်အသင်းမှာတောင် နေရာမရခဲ့တော့ ကျွန်တော့ကို မောရဝတီ မှာ အငှါးချခံရပါတယ်။ သူများတွေလစာ သိန်းကျော်ချိန် ကျွန်တော် ၅သောင်းပဲရပါတယ်ခင်ဗျာ အမေ့ကို ၄သောင်းပေးလို့ ကျန်တစ်သောင်းပဲ သုံးခဲ့ပါတယ် ကျွန်တော် ဘက်စ်ကားပဲစီးပီး လေ့ကျင့်ရေးကွင်းသွားပါတယ် ဘယ်သူမှ ကျွန်တော့်ကို မသိသလို ဘောလုံးသမားမှန်းလဲ မသိခဲ့ကြပါဘူး ကျွန်တော် က သူများတွေ လေ့ကျင့်ပြီးချိန်မှ စတင်လေ့ကျင်ရပါတယ်။ ဝေယာဝစ္စ အလုပ်တွေနဲ့ ကျွန်တော်လုပ်ပြီးချိန်မှာ လေ့ကျင့်တော့ အချိန်နောက်ကျလို့ ညစာငတ်ခဲ့ရတဲ့ ရက်တွေများခဲ့ပါတယ် ဒီအကြောင်းတွေ အမေ့ကို ပြန်မပြောခဲ့ပါဘူး ကျွန်တော် စားသောက်ရတာ အဆင့်မြင့်ကြောင်း ပုစွန် ကြက်သားများ နဲ့ ကြွေးမွေးကြောင်း အမေစိတ်မပူရအောင် ပြောခဲ့ပါတယ် ကျွန်တော်ကြိုးစားခဲ့တယ် ။ ဒီကြားထဲ အခက်ခဲတွေ အများကြီးကျော်ဖြတ်ခဲ့ရတယ် ကျွန်တော် မှာ ရှိတာ ကျွန်တော်တတ်နိုင်တာ ကြိုးစားမှူပဲ ရှိလို့ ကျွန်တော် ကျိတ်ငိုခဲ့ရတာတွေ အမေ့ကို ပေးမသိခဲ့ပါဘူး။ ကျွန်တော် ဖြစ်ချင်တဲ့ ဘောလုံးသမားဖြစ်ဖို့ သူဋ္ဌေးအိမ်မှာ ကျွန်တော်နဲ့ အတူ ကစားသမားအချို့နဲ့ တူတူ သူဋ္ဌေးတောက်တိုမယ်ရ လုပ်ခဲ့ရပါတယ် ကျန်တဲ့ သူတွေ မလုပ်ပဲ ပြန်သွားကြပေမဲ့ ကျွန်တော်ပေပြီးဆက်နေခဲ့ ပါတယ် နောက်ဆုံးသူဋ္ဌေးက သဘောကျလို့ ကျွန်တော် လူကြီးအသင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ နေရာရဖို့ကြိုးစားတယ် လူကြီးအသင်းမှာမို့ ကျွန်တော် လစာ ညှိနှိုင်းတော့ ကျွန်တော်၁သိန်းခွဲတောင်းတာ များလို့ မပေးနို်င်ဘူးတဲ့ ဒါဆိုလဲ ၁သိန်းတော့ ပေးပါဆိုတော့ မရဘူးတဲ့ ၈သောင်းပဲရမယ်တဲ့ ကျွန်တော့ အကို ကိုဟိန်းဇာအောင်က အဲ့ဒါဆို မကွေးကလပ်ကို ပြန်လာဆိုလို့ ကျွန်တော် မကွေးကလပ်ပြန်ရောက်ခဲ့တယ်။ ကျွန်တော် အပြောခံရပါတယ် မင်းက ဘောလုံးကို ချစ်တာမဟုတ်ဘူး ငွေမက်တာတဲ့ ကျွန်တော်ဝမ်းနည်းပြီး မျက်ရည်မကျအောင် ထိန်းပြီး နားထောင်ခဲ့ပါတယ် ကျွန်တော် ငွေမက်တာ မဟုတ်ရပါဘူး ကျွန်တော် ထိုက်သင့်တာလေးပြောမိတာပါ။ ဒီလစာကိုလဲ အမေ့ကို ပြန်ပို့ပေးရမှာပါ။ အိမ်မှာ ညီမလေး ကျောင်းစရိတ် အဖေအမေတွက် ကျန်းမာရေးအသံုးစရိတ် ကျွန်တော် ထောက်ပံ့ချင်လို့ပါ။ ကျွန်တော်ဦးကြည်လွင်ရွေးတဲ့ U-23ကစားသမားတွေ ထဲ နောက်ဆုံးရွေးချယ် ခံခဲ့ရတော့ ကျွန်တော် ပျော်လိုက်တာဗျာ။ ကျွန်တော်ကြိုးစားခဲ့ပါတယ် အပြည့်ဝ အောင်မြင်မှူ မရခဲ့ပေမဲ့ ကျွန်တော်တို့တွေ အကောင်းဆုံးယှဉ်ပြိုင် ခဲ့ပါတယ်။ အခုလိုအောင်မြင်ခဲ့တာကလဲ ပရိတ်သတ်အားလုံးကပေးတဲ့ အင်အားတွေကြောင့်ပါ။ ဒါကြောင့်ကျွန်တော်ဦးထိပ်ထားတာ ဘုရားတရား သံဃာ မိဘ ဆရာနဲ့ ချစ်သော ပရိတ်သတ် ကြီးပါခင်ဗျာ ကျွန်တော် ဘဝ မမေ့ပါ မာနမကြီးပါဘူးခင်ဗျာ။ ။ ရေးသားသူ - ကျော်ဇင်လွင်

1:18 AM
Cakes, pastries, waffles, cakes, biscuits… We can’t live without desserts, even if we’re on a diet. You say to yourself ‘just a little piece’ and then you realize you can’t stop. This article will be helpful for those who love desserts and love to travel as well. Take a look at this list of the tastiest desserts in the world, and the next time you visit one of the countries, you’ll know without a doubt what dessert to try!