ဆား(ဆိုဒီယမ်)ကို နည်းနည်းပဲ စားတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းပေး နိုင်ပါတယ်။
ဒါ့အပြင် အောက်ပါ အစားအသောက်တွေကို စားသောက်တာကြောင့် သွေးတိုးကို ကျစေတဲ့ အပြင် နှလုံးနဲ့သွေးကြောတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။
အာလူးမီးဖုတ်
မီးဖုတ်ထားတဲ့ အာလူးမှာ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ဆိုတဲ့ အာဟာရဓာတ် နှစ်မျိုးပါဝင်တာကြောင့် သွေးတိုးကျစေတဲ့ အစာအနေနဲ့ထင်ရှားပါတယ်။ ပိုတက်စီယမ်များတဲ့ အစာက ခန္တာကိုယ်ထဲက အပိုဆိုဒီယမ်ဓာတ်တွေကို ကင်းစင်စေသလို မဂ္ဂနီစီယမ်က သွေးစီးဆင်းမှုကို ကောင်းမွန်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။
အဆီထုတ်ထားတဲ့နွားနို့
နွားနို့အေးတစ်ဖန်ခွက်မှာ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ အာဟာရ ဓာတ်နှစ်မျိုး ပါဝင်ပြီး သွေးတိုးကို 3-10%လျော့ကျ စေပါတယ်။ ဒါ့အပြင် နှလုံးရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကိုလည်း15% လျော့ကျစေပါတယ်။တခြားလေ့လာမှုအရ ကယ်လ်စီယမ်ပမာဏ နည်းနည်းပဲမှီဝဲ သူတွေအနေနဲ့ သွေးတိုးနိုင်ခြေ မြင့်မားတယ်လို့သိရပါတယ်။
ဥအမျိုးမျိုး
ဥအမျိုးမျိုးက နှလုံးကျန်းမာရေးကို မကောင်းစေဘူးလို့ ထင်ထားကြပါတယ်။ လတ်တလော လေ့လာမှုအရ ကြက်ဥ/ဘဲဥ အကာဟာ သွေးတိုးကို ကျစေတယ်လို့ အမေရိကန်ဓာတု အဖွဲ့အစည်းဆိုင်ရာ အစည်းအဝေး အရ သိရပါတယ်။ ကြက်ဥ/ဘဲဥမှာ ပရိုတင်း၊ ဗီတာမင်ဒီနဲ့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရ ဓာတ်တွေ ပါဝင်ပါတယ်။
ပန်ဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ ဂေါ်ဖီထုပ်စတာတွေမှာ သွေးဖိအားကို ထိန်းချုပ်ပေး နိုင်တဲ့ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်တို့လို သတ္တုဓာတ် အများအပြား ပါဝင်ပါတယ်။ တိရိစ္ဆာန်တွေကိုလေ့လာမှုတစ်ခုအရ ပန်းဂေါ်ဖီစိမ်းပါတဲ့ အစာစားတာကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ လေဖြတ်တာတို့ကိုလျော့ကျစေတယ်လို့ သိရပါတယ်။ ပန်းဂေါ်ဖီထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက သွေးလွှတ်ကြော ထိခိုက်မှုကို လျှော့ချနိုင်ပါတယ်။
မုန်လာဥနီဖျော်ရည်
သွေးတိုးနေသူတွေ အနေနဲ့ မုန်လာဥနီ ဖျော်ရည်တစ်ခွက်ကို သောက်တာကြောင့် သွေးဖိအားကို 10 mmHg လျော့ကျစေတယ်လို့ အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ လေ့လာမှုအရ သိရပါတယ်။ မုန်လာဥနီဖျော်ရည်မှာ ပါဝင်တဲ့ နိုက်ထရိတ်ကြောင့် သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။ တစ်နေ့မှာ မုန်လာဥနီ ဖျော်ရည်တစ်ဖန်ခွက် သောက်တာကြောင့် သွေးဖိအား
ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆင့်ရောက် အောင်ထိန်းထား ပေးနိုင်ပါတယ်။
နှမ်းဆီ
နှမ်းဆီမှာပါတဲ့ ဖက်တီးအက်ဆစ်နဲ့ အင်တီအောက်စီးဒင့်တွေကြောင့် သွေးကြောတွေကို ကျန်းမာစေပြီး သွေးတိုးကို ကျစေတာ ဖြစ်တယ်လို့ လေ့လာသူတွေက ယုံကြည်ထားပါတယ်။
ငှက်ပျောသီး
သွေးတိုးကိုကျစေတဲ့ ပိုတက်စီယမ်ပါဝင်တဲ့ ငှက်ပျောသီးကိုတစ်နေ့တစ်လုံး စားသုံးသင့်ပါတယ်။
အမည်းရောင်ချောကလက်
အမည်းရောင် ချောကလက်မှာ နှလုံးကျန်းမာစေတဲ့ အာနိသင်ရှိပါတယ်။ အမည်းရောင် ချောကလက်မှာပါတဲ့ ဖလေဗိုနွိုက်အင်တီအောက်ဆီးဒင့်ဟာ သွေးကြောတွေကို ပိုမိုကျယ်ပြန့်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန် စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။
ကြယ်စင်
By-Good Health
Subscribe to:
Post Comments (Atom)
Post a Comment
Note: Only a member of this blog may post a comment.