တစ်ခု ရှိပါတယ်။ ယင်းကတော့ ဆန်းကြယ်တဲ့ ညီအစ်အကို ၂ ဦး သေဆုံး ရမှု ဖြစ်ပါတယ်။
၁၉၇၀ ခုနှစ် ဇူလိုင်လက Erskine Lawrence Ebbin လို့ အမည်ရတဲ့ ပုဂ္ဂိုလ် တစ်ဦးဟာ Hamliton မြို့ရဲ့ တစ်နေရာမှာ အက်ဆီးဒန့်ဖြင့်သေဆုံးပါတယ်။ moped လို့ခေါ်တဲ့ လျှပ်စစ်စက်ဘီးကို စီးသွားစဉ် တက္ကဆီ တစ်စီးနဲ့ တိုက်မိလို့ ဖြစ်ပါတယ်။ တက္ကဆီပေါ်မှာ ခရီးသည် တစ်ဦးလည်း ပါဝင်ပါတယ်။
ထူးခြားချက်ကတော့ Erskine လို့ပဲ လွန်ခဲ့တဲ့ ၁၇ နှစ် ဇူလိုင်လမှာပဲ အစ်ကို အရင်းဖြစ်သူဟာ ယင်း လျှပ်စစ်စက်ဘီးနဲ့ပဲ ယင်း တက္ကဆီနဲ့ပဲ၊ ယင်း တက္ကဆီ ဒရိုင်ဘာနဲ့ပဲ၊ ယင်းတက္ကဆီမှာ ပါဝင်တဲ့ ခရီသည်နဲ့ပဲ ထပ်တူ ဖြစ်ခဲ့ပြီး ဖြစ်တဲ့ နေရာကော၊ အက်ဆီးဒန့် ဖြစ်ပုံ ပုံစံက အစ တူနေခြင်း ဖြစ်ပါတယ်။
လူသာပြောင်သွားပေမယ့် ဖြစ်ပုံအားလုံးက တူပြီး ဇူလိုင်လလည်း ဖြစ်တာကြောင့် ဒါဟာ သာမန် ဖြစ်ရိုးဖြစ်စဉ်ကော ဟုတ်ရဲ့လားလို့ စဉ်းစားစရာ ရှိခဲ့ပါတယ်။ Hamilton မြို့ဆိုတာ လူဦးရေ ၂၀၀၀ ဝန်းကျင်သာ ရှိပြီး ကမ္ဘာပေါ်မှာ လူဦးရေ အနည်းဆုံး မြို့များထဲမှ တစ်မြို့လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒရိုင်ဘာတူ၊ ခရီးသည်တူဖြစ်နိုင်ချေ များတယ်လို့ ယူဆပေမယ့် မြို့ကျဉ်းလို့ နေရာလည်း တူနိုင်တယ်လို့ ထင်ရပေမယ့် ဖြစ်ပုံ ပုံစံလည်း တစ်ထပ်တည်း ကျတော့ ယနေ့တိုင် ကမ္ဘာမှာ ထူးခြားဆန်းကျယ်တဲ့ ဖြစ်ရပ် တစ်ခုအဖြစ် ပြောစမတ် တင်စေခဲ့ ပါတယ်။
Credit- Yoyarlay#ကျော်လင်းနိုင်
Credit- Yoyarlay#ကျော်လင်းနိုင်
Post a Comment
Note: Only a member of this blog may post a comment.