Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, May 5, 2015

ဗဟုသုတများ

၁)  ဥကပေါက်တဲ့ တိရိစ္ဆာန်တွေမှာ ချက်မရှိပါဘူး...

၂)  လူတစ်ယောက်သေဆုံးတဲ့အခါမှာ ပထမဆုံးပျောက်ဆုံးသွားတဲ့အာရုံက အမြင်အာရုံဖြစ်ပြီး...      နောက်ဆုံးပျောက်ဆုံးသွားတာကတော့ အကြားအာရုံဖြစ်ပါတယ်...

၃)  လက်ရှိ ဖေ့စ်ဘွတ်အသုံးပြုနေသူအရေအတွက်ဟာ ၁၈၀၄ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေထက် ပိုများပါတယ်...

၎)  အရက်ဟာ အမျိုးသားတွေရဲ့ လိင်ဟော်မုန်းတွေကိုလျှော့ကျစေပေမဲ့ အမျိုးသမီးတွေကိုတော့ တိုးမြှင့်စေပါတယ်...

၅)  ငှက်ပျောသီးစားထားတဲ့လူတွေကို ခြင်ပိုကိုက်ပါတယ်...

၆)  shopping mall တွေရောက်တဲ့အခါ ချောမွေ့မာကျောတဲ့ မျက်နှာပြင်မှာ သူတို့ဖနှောင့်ကျသံ  တဒေါက်ဒေါက်ကို ပြန်ကြားရတဲ့ အမျိုးသမီးတွေဟာ ဈေးပိုဝယ်ဖြစ်ကြပါတယ်..


၇)  ရင်သားကင်ဆာရောဂါဆိုတာနဲ့ လူတွေက အမျိုးသမီးတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်... တကယ်တော့ အဲ့ဒီရောဂါဟာ အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်...

၈)  ဂီတသံဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာနှစ်မျိုးလုံးကို သက်သာစေပါတယ်...

၉)  လူတစ်ယောက်ဟာ ချစ်သူရည်းစားရပြီဆိုတာနဲ့ ပျမ်းမျှအားဖြင့် သူငယ်ချင်းမိတ်ဆွေ နှစ်ယောက်လောက်ကို ဆုံးရှုံးကြရပါတယ်...

၁၀)  ပျားရည်ထုတ်နိုင်တဲ့ ပျားကောင်တွေဟာ အနံ့ခံခွေးတွေလိုပဲ ဗုံးနဲ့ မူးယစ်ဆေးဝါးတွေကို အနံ့ခံနိုင်အောင် လေ့ကျင့်ပေးလို့ရပါတယ်...

၁၁)  ကမ္ဘာပေါ်မှာရှိတဲ့ တိရိစ္ဆာန်တွေအားလုံးအနက်မှာ သားပိုက်ကောင်တွေကသာ လေမလည်တာပါ...



၁)  ဆေးလိပ်မီးညှိရာမှာသုံးတဲ့ မီးခြစ်မျိုးတွေကို မီးခြစ်ဘူးနဲ့ မီးခြစ်ဆံကိုသုံးတဲ့ မီးခြစ်မျိုးတွေထက် အရင်စောပြီး တီထင်ခဲ့ကြပါတယ်...

၂)  လီယိုနာဒိုဒါဗင်ချီဟာ သူ့ရဲ့ အထင်ရှားဆုံးပန်းချီကားဖြစ်တဲ့ မိုနာလီဇာပန်းချီကားမှာ လက်မှတ်ရေးထိုးခြင်း ဒါမှမဟုတ် ရက်စွဲတပ်ခြင်းကို လုံးဝမပြုလုပ်ခဲ့ပါဘူး...

၃)  မြေငလျင်လှုပ်နေတဲ့အချိန်မှာ ပိုးဖလံတွေဟာ မပျံသန်းနိုင်ပါဘူး....

၎)  တောင်ဝင်ရိုးစွန်က ရေခဲမြစ်တွေထဲက သုံးရာခိုင်နှုန်းနီးပါးဟာ ပင်းဂွင်းငှက်တွေရဲ့ ဆီးတွေဖြစ်ပါတယ်...

၅)  ရေမြှုပ်ကျောက် (pumice) ဟာ ရေမှာပေါ်နိုင်တဲ့ တစ်မျိုးတည်းသော ကျောက်ဖြစ်ပါတယ်...

၆)  ကုလားအုတ်နို့ဟာ အချဉ်ပေါက်ခြင်း ပျက်ခြင်းမရှိပါဘူး...

၇)  သင့်ခြေဖဝါးဟာ သင့်လက်ဖျံနဲ့ အလျားတူပါလိမ့်မယ်... သင့်လက်မ ဟာလည်းသင့်နှာခေါင်းနဲ့ အရှည်တူပါလိမ့်မယ်... သင့်နှုတ်ခမ်းရဲ့အလျားက လက်ညှိုးအရှည်နဲ့ တူနေပါလိမ့်မယ်...





၈)  အမျိုးသားတွေရဲ့ ရွပ္အက်ႌၾကယ္သီးဟာ ညာဘက္မွာရွိၿပီး အမ်ိဳးသမီးရွပ္အက်ႌၾကယ္သီးကေတာ့ ဘယ်ဘက်မှာတပ်ထားကြပါတယ်...

၉)  အီဂျစ်နိုင်ငံ ဂီဇာမြို့မှာရှိတဲ့ မဟာပိရမစ်ကြီး (Great Pyramid) ဟာ အပူချိန် ၆၈ ဒီဂရီဖာရင်ဟိုက်မှာ ပုံသေထိန်းထားနိုင်ပါတယ်...

၁၀)  အုန်းသီးနုနုထဲမှာရှိတဲ့ အုန်းရည်ကို သွေးရည်ကြည်အဖြစ် အစားထိုးအသုံးပြုနိုင်ပါတယ်...

၁၁)  ဂါလီဗာရဲ့ ခရီးစဉ်များ စာအုပ်ကိုရေးသားခဲ့သူ Jonathan Swift ဟာ မားစ်ဂြိလ်ရဲ့ ဂြိုလ်ရံလနှစ်စင်းဖြစ်တဲ့ Phobos နဲ့ Deimos တို့ရဲ့ အရွယ်အစားအတိအကျနဲ့ သူတို့ရဲ့ လှည့်ပတ်နေတဲ့နှုန်းကို ရှင်းလင်းဖော်ပြခဲ့ပါတယ်... သူရေးသားခဲ့တဲ့ကာလဟာ အဲ့ဒီလတွေကိုရှာဖွေတွေ့ရှိခဲ့တဲ့ အချိန်ထက် နှစ်ပေါင်း ၁၀၀ လောက်စောတဲ့ အချိန်ကဖြစ်ပါတယ်...

About the Author

Gallium Gin-Group

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

Post a Comment

Note: Only a member of this blog may post a comment.

Flickr Gallery

 
Gallium Gin-Group © 2015 - Designed by Templateism.com