
၁၉၉၈ ခုနှစ်တုန်းကပေါ့။ ဗြိတိန်က The economist အမည်ရ မဂ္ဂဇင်းမှာ ဆောင်ပုဒ်အသစ်တစ်ခုနဲ့အတူ ကြော်ငြာတစ်ခုတိုးလာပါတယ်။ “နာရီတစ်လုံးကို အမေရိကန်ဒေါ်လာ ၂သောင်းကျော်ပေးပြီး သုံးနေကြတာ. ဘာလို့ ဖုန်းမှာ မသုံးနိုင်ကြမှာလဲ” ဆိုတဲ့ ဆောင်ပုဒ် ဖြစ်ပါတယ်။ နိုကီယာကနေ ပြီးတော့ ဗြိတိန်မှာ Vertu လို့ အမည်ရတဲ့ ဇိမ်ခံဖုန်း ထုတ် ကုမ္ဗဏီကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

ယခုတော့ နိုကီယာမပိုင်တော့ ပါဘူး။ အခြား စီးပွားရေးလုပ်ငန်းသို့ ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့အထိ ဇိမ်ခံ စမတ်ဖုန်းများကို ထုတ်လုပ်ပြီးတော့ ကမ္ဘာ့ ဈေးကွက်မှာ သူ့ဖောက်သည်နဲ့သူ ရှိပါတယ်။ သူ့ဆီမှာ ဈေးအသက်သာဆုံးနဲ့ ဝယ်လို့ ရမယ့် စမတ်ဖုန်းက Constellation model များ ဖြစ်ပြီး ဈေးကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ ဝန်းကျင် ရှိပါတယ်။ SIGNATURE, SIGNATURE TOUCH, ASTER, PERSONALISATION, CONSTELLATION, အစရှိသဖြင့် ငါးမျိုးလောက် ရှိပါတယ်။ မော်ဒယ်အသီးသီးမှာလည်း Edition များ ထုတ်လုပ်ပြီး ဈေးက အမေရိကန်ဒေါ်လာ ၃ သိန်း လောက်အထိလည်း ရှိပါတယ်။
ထူခြားချက် အနေနဲ့ ဖုန်းတစ်လုံးချင်းဆီကို လူအင်အားနဲ့ အချိန်ပေး ထုတ်လုပ်ဖန်တီးခြင်း ဖြစ်ပြီး copy past စက်များဖြင့် လုပ်ထားခြင်း မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဖုန်းတစ်လုံးတိုင်းဟာ Special ဖြစ်ကြောင်း ဆိုပါတယ်။ ဖုန်းကို အရင်က Nokia ရဲ့ Symbian OS ပဲ သုံးရာကနေ Vertu က ကိုယ်တိုင်ထုတ်တဲ့ Ti OS အပြင် Android OS များကိုပါ အသုံးပြုလာ ပါတယ်။ ဖုန်းများဟာ ဈေးကြီးသလောက် လုံခြုံရေးနဲ့ အခြားသော နည်းပည အစိတ်အပိုင်းအများက ခေတ်တစ်ခေတ်ရဲ့ နောက်ဆုံးပေါ်များကိုသာ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဈေးကြီးသွားစေချက်ကတော့ အသုံးပြုတဲ့ ပစ္စည်းများကြောင့် ဖြစ်ပါတယ်။ ကျောက်မျက်ရတနာနဲ့ ရှားပါး သတ္တု၊ Sapphire များကို အသုံးပြုထားပေးခြင်း ဖြစ်ပါတယ်။ ဇိမ်ခံဈေးကြီးသားရေသား များကိုလည်း အသုံးပြုပါတယ်။
Saphire ဖုန်းများကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၆၆ နိုင်ငံရဲ့ စတိုးပေါင်း ၅၀၀ ကျော်မှာ ရရှိနိုင်ပြီး အများအပြား တစ်ပြိုင်နက်တည်း ဝယ်လို့ရတဲ့ ဆိုင်ကြီးများ အဖြစ် လန်ဒန်မြို့၊ အမေရိကန်နိုင်ငံ ဟောလိဝုဒ်ဒေသ အပြင် အိန္ဒိယ နိုင်ငံက နယူးဒေလီတို့မှာ ရှိပါတယ်။
ဖုန်းဝဘ်ဆိုဒ်က http://www.vertu.com/ ဖြစ်ပါတယ်။











Cေredits : အောင်ခမ်း (MMAS)
Post a Comment
Note: Only a member of this blog may post a comment.