Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, May 14, 2015

ပိုမို ငယ်နုစေမည့် အကောင်းဆုံး မျက်နှာလေ့ကျင့်ခန်း

အသက်အရွယ် ရလာတာနဲ့အမျှ မျက်နှာက ကြွက်သားတွေဟာ တဖြည်းဖြည်း လျော့ရဲလာပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ မျက်နှာ လေ့ကျင့်ခန်းတွေကို နေ့စဉ် လူနေမှုဘဝထဲမှာပဲ ထည့်ပေါင်း ပြုလုပ်ပေးနိုင်ပါတယ်။

မျက်နှာ လေ့ကျင့်ခန်း၏ အကျိုးကျေးဇူး

မျက်နှာလေ့ကျင့်ခန်းဟာ မျက်နှာပေါ်က ကြွက်သားတွေကို အားဖြစ်စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ နဖူးနေရာနဲ့ မျက်လုံးဘေးတစ်ဝိုက်မှာ ကျီးကန်းခြေထောက် ပုံစံ အရေးကြောင်းတွေ ဖြစ်ပေါ်လာမှုကို ဟန့်တားပေးနိုင်ပြီး မျက်နှာကို ပုံမှန်အရွယ်ထက်ပိုပြီး ငယ်နုစေကာ ဆွဲဆောင်မှု ရှိစေပါတယ်။

ဘယ်လို ပြုလုပ်မလဲ

မျက်နှာပြင် တစ်ခုလုံးအတွက် ထိရောက်တဲ့ လေ့ကျင့်မှုတွေကို တစ်ဆင့်ချင်း ဖော်ပြပေးလိုက်ပါတယ်။ အရေပြားဆိုင်ရာ ပြဿနာရှိသူတွေ အနေနဲ့လည်း ပြုလုပ်နိုင်တဲ့ လေ့ကျင့်မှုမျိုးပဲ ဖြစ်ပါတယ်။ အကျိုးရလဒ် ကောင်းစေပြီး ငယ်ရွယ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ရမှာပါ။

နဖူးနေရာ အတွက်

နဖူးပြင်က အရေးကြောင်းတွေ ကင်းဝေးစေဖို့ လက်ခလယ်ကို အသုံးပြုပြီး နှိပ်နယ်ပေးရမှာပါ။ သင့်လက်ချောင်း လက်ခလယ်ထိပ်ရဲ့ ဖိအားနဲ့ နဖူးပြင်အနှံ့ကို သွေးလည်ပတ်မှု ပုံစံအတိုင်း ဖိနှိပ်ပေးပါ။ နဖူးပေါ်မှာ တဘက်တစ်ထည် အုပ်ထားပြီး ဖိနှိပ်ပေးပါ။ အပေါ်အောက် ဆွဲတာမျိုးမဟုတ်ဘဲ မျက်ခုံးနှစ်ခုကြားကနေ နဖူးအပေါ် ဆံစပ်နားအထိ လမ်းကြောင်း တစ်ခုတည်းအဖြစ်သာ နှိပ်နယ်ပေးပါ။

ပါးပြင်နေရာအတွက်

ပါးပြင်မို့မို့လေး ဖြစ်စေဖို့ နေ့တိုင်း တစ်နေ့နှစ်ကြိမ်လောက် လေ့ကျင့်ပေးပါ။ ပါးစပ်ပိတ်ထားလိုက်ပြီး ပါးစပ်ထဲမှာ လေတွေကို ဖောင်းနေအောင် ငုံထားတဲ့ပုံစံမျိုး ပြုလုပ်ကာ ၁၀ စက္ကန့်လောက်နေပြီးမှ ပြန်ဖြေလျှော့လိုက်တာမျိုး ၁၀ ကြိမ်ပြုလုပ်ပေးပါ။ ပြီးရင် ပါးစပ်ထဲက လေတွေကို ဘယ်ဘက်ပါးထဲမှာ ဖောင်းနေအောင်ထားပြီး ၁၀ စက္ကန့်၊ ညာဘက်ပါးထဲမှာ ဖောင်းနေအောင်ထားပြီး ၁၀ စက္ကန့် ၁၀ ကြိမ်စီ ပြုလုပ် လေ့ကျင့်ပေးပါ။

မျက်လုံးတစ်ဝိုက်အတွက်

မျက်ဝန်းအမြင် ကြည်လင်ပြီး ပိုမို ကျန်းမာလာစေပါတယ်။ မျက်ဝန်းတစ်ဝိုက် ညိုတာနဲ့ အရေးကြောင်း ဖြစ်တာကို တားဆီးနိုင်ဖို့ တစ်နေ့နှစ်ကြိမ်လောက် လေ့ကျင့်ပေးပါ။ မျက်လုံးကို ပိတ်လိုက်၊ ဖွင့်လိုက်၊ အကြိမ် ၅၀ စီပြုလုပ်ပေးတာက မျက်ဝန်းတစ်ဝိုက် အရေးကြောင်းတွေကို ကာကွယ်နိုင်ပါတယ်။ မျက်မှောင်တွေ ကျုံ့ပြီးပိတ်လိုက်၊ ဖွင့်လိုက် ပြုလုပ်ပါ။ မျက်လုံးကို နာရီလက်တံပုံစံနဲ့ နာရီလက်တံ ပြောင်းပြန်ပုံစံ ငါးကြိမ်စီ လှည့်ပတ်ပေးပြီး မျက်လုံးကို ပိတ်လိုက်ကာ လက်နှစ်ဖက်ကို မျက်လုံးပေါ် တင်ထားလိုက်ပြီး ၁၀ စက္ကန့်လောက် ကြွက်သားတွေကို အနားပေးလိုက်ပါ။

မေးစေ့နေရာအတွက်

သွယ်လျတဲ့ မေးရိုးလေးဟာ သင့်အတွက် ဆွဲဆောင်မှု ရှိနေစေပါတယ်။ ခြေထောက်နှစ်ချောင်းကို တစ်ပေလောက် ခွာရပ်ပြီး လက်နှစ်ဖက်ကို နောက်ပြန်ချိတ်ထားကာ မျက်လုံးကို ပိတ်ထားလိုက်ပြီး လည်ပင်းနေရာကနေ နာရီလက်တံပုံစံနဲ့ နာရီလက်တံ ပြောင်းပြန်ပုံစံမျိုး သုံးကြိမ်စီ လှည့်ပတ်ပေးပါ။ နာကျင်မှုကို ခံစားရရင် အတင်းမလှည့်ပါနဲ့။ ခပ်ဖြည်းဖြည်း ပြုလုပ်ပါ။

လည်ပင်းနေရာ အတွက်

လည်ပင်းနေရာက အရေးကြောင်းတွေ ကင်းစင်ပါမှ ပိုမို နုပျိုတဲ့ မျက်နှာအလှကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ထိုင်ခုံနောက်မှီမှာ ထိုင်ပြီးနေပါ။ သင့်ဦးခေါင်းကို အနောက်ဘက်သို့ သင်တတ်နိုင်သလောက် နောက်ပြန်လှန်ချလိုက်ကာ မျက်လုံးလေး မှိတ်ထားလိုက်ပါ။ စိတ်ထဲကနေ ငါးအထိ ရေတွက်ပြီး ဖြည်းဖြည်းချင်း ဦးခေါင်းတွေကို ရှေ့သို့ ပြန်စိုက်ချပါ။ မေးစေ့က ရင်ဘတ်နေရာနဲ့ ထိတဲ့အထိ စိုက်ချလိုက်ပြီး စိတ်ထဲက ငါးအထိရေတွက်ပါ။ ဒီအတိုင်း သုံးကြိမ် ပြုလုပ်လေ့ကျင့်ပေးပါ။


Credit : ဖိုးသူတော် (www.phothutaw.com)
Myanmar77

About the Author

Gallium Gin-Group

Author & Editor

Has laoreet percipitur ad. Vide interesset in mei, no his legimus verterem. Et nostrum imperdiet appellantur usu, mnesarchum referrentur id vim.

Post a Comment

Note: Only a member of this blog may post a comment.

Flickr Gallery

 
Gallium Gin-Group © 2015 - Designed by Templateism.com