Blogger Tips and TricksLatest Tips And TricksBlogger Tricks
Friday, May 29, 2015
                                                           “ရွှေ” နှင့်ပတ်သတ်လို့ ဗဟုသုတ
                                   =======================================
ရွှေဆိုသည်မှာ- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
-၁၅ဲ ရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်
-၁၄ဲ ရည် (ဆယ့်လေးပဲရည်)
-ရွေးသုံးဆယ်စပ်
-မိုးကြိုး
တစ်ကျပ်သား =၁၆ ပဲ =ရွေး ၁၂၀
ငါးမူးသား = ၈ဲ(ရှစ်ပဲ) = ရွေး ၆၀
တစ်မတ်သား = ၄ဲ = ရွေး ၃၀
တစ်မူးသား = ၂ဲ = ၁၅ ရွေး
တစ်ပဲသား = ၇.၅ ရွေး
(ငါးမူးသားကျတော့ ရွေး ၆၀ ဖြစ်ပြီး တစ်မူးသားကျတော့ ၁၅ ရွေးဖြစ်နေခြင်းမှာ ကျနော်လဲမသိ
ရှေးအရင်လူများလက်ထက် ကတည်းက အဲ့ဒီအတိုင်း သုံးနှုန်းခဲ့ကြတာဖြစ်သည်)
(မြန်မာ့ အသုံးအနှုန်းများ၏ တိကျပုံ မှာတစ်ခါတစ်ရံ ထိုသို့ဖြစ်တတ်သည်)
                               မီးလင်း နှင့် အခေါက်သည် အတူတူ ခေါ်ဝေါ်ပုံသာကွဲသည် ရွှေဈေး အသုံးအနှုန်းကို
                                   အခေါက်ရွှေနှင့်သာ အရောင်းအ၀ယ်လုပ်သူများ အသုံးပြုပြောကြားကြသည်။
အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။ ၁၅ဲ ရည်ဆိုသည်မှာအခေါက်ရွှေ ၁၅ဲ
သားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ(တစ်ပဲ) သားနှင့်ရောစပ်ပြီး
တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။
                        ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်ဆိုသည်မှာလည်း အခေါက်ရွှေ ၁၁၈ ရွေးကို ကြေးနီ+ဘော် ၁၂
                                                         ရွေးအချိုးကျ ရောစပ်ထားတာဖြစ်သည်။
၁၄ဲရည်(ဆယ့်လေးပဲရည်) ဆိုသည်မှာလဲ ထိုနည်း၎င်း အခေါက်ရွှေ ၁၄ဲ (ဆယ့်လေးပဲ)သားကို
ကြေးနီနှင့် ဘော်အချိုးကျ ၂ဲသား(နှစ်ပဲသား) ရောစပ်ထားခြင်းပဲဖြစ်ပါသည်။
ရွေးသုံးဆယ်စပ် ဆိုတာကတော့ အခေါက်ရွှေ သုံးမတ်သား ရွေး (သို့) ၁၂ဲ သားကို ကြေးနီနှင့်
ဘော် အချိုးကျ ၁ မတ်သားရောစပ်၍ တစ်ကျပ်သား ဖြစ်အောင်ပြုလုပ်ထားတာဖြစ်သည်။
မိုးကြိုး- ဆိုသည်မှာတော့ အခေါက်ရွှေ တစ်မတ်သား (၄ဲ) ကို ကြေးနီ နှင့်ဘော် အချိုးကျ
သုံးမတ်သား(၁၂ဲ)သားရောစပ် ၍တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားတာဖြစ်တယ်။
(မလွန်လွန်းဖူးလားကွယ်)
အခေါက်ရွှေတစ်ကျပ်သား ဈေးဘယ်လောက်ရှိတယ်ဆိုတာ သိရင် ကျန်တဲ့အရွှေအမျိုးအစားတွေ
ရဲ့ဈေးဟာလဲ ဘယ်လောက်ရှိတယ်ဆိုတာ ဒီလို ဒီလို ဖော်မြူလာလေးတွေ ရှိတယ် . . . . .
အခေါက်ရွှေဈေး x ၁၁၂.၅ / ၁၂၀ = ၁၅ဲရည်ဈေး
အခေါက်ရွှေဈေး x ၁၀၈ / ၁၂၀ = ဒင်္ဂါးရည်ဈေး
အခေါက်ရွှေဈေး x ၁၀၅ / ၁၂၀ = ၁၄ဲ ရည်ဈေး
အခေါက်ရွှေဈေး x ၉၀ / ၁၂၀ = ရွေးသုံးဆယ်စပ်ဈေး
အခေါက်ရွှေဈေး x ၃၀ / ၁၂၀ = မိုးကြိုးဈေး
အခေါက်ရွှေ ဟာပျော့တယ် ကြေးနီနှင့်ဘော် ပါဝင်နှုန်းများလာလေ ရွှေဟာအရည်ညံလေ
မာလာလေဖြစ်ပါတယ်။ အခေါက်ရွှေကို မီးနဲ့ နီရဲးလာအောင် အပူပေး ရေထဲသို့ ချလျှင်သော်၎င်း
ဒီအတိုင်းပဲ အအေးခံလျှင်သော်၎င် အ၀ါရောင်အတိုင်း မပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မယ်။
ရွှေထည်များဝယ်ယူ ၀တ်ဆင်ပြီးပါက ပြန်လည်ရောင်းချသောအခါ
ဘောက်ချာပျောက်လျှင်သော်၎င်း မိမိဝယ်ယူသည့်ဆိုင်မဟုတ်ပဲ
တစ်ခြားဆိုင်သို့ရောင်လျှင်သော်၎င်း ဈေးအနှိမ်ခံရပါတယ်။ 
အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့
ရွှေထည်တစ်ခု လုပ်တော့မယ်ဆိုရင် ဂဟေဆော်ရတယ်။ အဲ့ဒီဂဟောဆော်ဖို့က
အထည်လုပ်မည့်ရွှေ အမျိုးအစား ၂ ဆကို ကြေးနီနှင့်ဘော် ဆတူဝန်းကျင် ရောစပ်ထားတဲ့ စပ်ခဲ ၁
ဆနဲ့ရောရတယ်။ ရွှေထည်တစ်ကျပ်သားဆိုပါက စပ်ခဲ ၁ ရွေးမှစ၍ ၅ ရွေး ၆ ရွေးအထိဝင်ပါတယ်။
တစ်ခါတစ်ရံ တစ်ပဲဝန်းကျင်သာ အတင်ချိန်ရှိတဲ့ နားကပ် လက်စွပ် တစ်ခုခုပြုလုပ်ပါကလဲ စပ်ခဲ ၁
ရွေး ၂ ရွေးအထိဝင်ပါတယ်။ နားကပ်တစ်ရံဆိုပါစို့ ရွှေချိန်က ၁ဲ သားပဲရှိတယ် စပ်ခဲက ၂
ရွေးလောက်ဝင်နေတယ်။ ရွှေက ၅ ရွေးခွဲပဲကျန်တော့တယ်။
 ဆိုင်ကကိုယ်ဝယ်ခဲ့တော့ ၁ဲ
ဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း ရွှေပါတာက ၁ဲ မပြည့်ဘူး။ အလျှော့တွက်လက်ခက ၃
ရွေးလောက်ပေးရတယ်။ ကိုယ်ဝယ်မယ်ဆိုရင် အတင်ချိန်+အလျှော့တွက်လက်ခ ၁၀.၅
ရွေးဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း အဲ့ဒီအထည်မှာ ပါတဲ့ရွှေက ၅ ရွေးခွဲးလောက်ပါတယ်။ ဒါကို
မိမိဝယ်ယူတဲ့ဆိုင်မှာ ပြန်ရောင်းမယ်ဆိုရင် ပြဿနာမရှိဘူး ရွှေချိန် ၁ဲ ကိုလဲ ၁ဲ ဖိုးပြန်ပေးတယ်။
                                  အလျှော့တွက်လက်ခ ၃ ရွေးယူထားတာကိုလဲ အထည်မပျက်စီးသေးဘူးဆိုရင်
                   တစ်ဝက်ဖိုးပြန်ပေးတယ်။ အဲ့ဒါကြောင့် မိမိဝယ်ယူတဲ့ဆိုင်ကို ပြန်ရောင်းမယ်ဆိုရင် အလျှော့တွက်
                          တစ်ဝက်လောက်ပဲရှုံးတယ်။ အခြားဆိုင်မှာ သွားရောင်းမယ်ဆိုပါက သူတို့လုပ်ထားတဲ့
                      အထည်မဟုတ်တဲ့အတွက် လက်ရှိအထည်မှာပါတဲ့ ရွှေတန်ဖိုးကိုပဲ တွက်ဝယ်မှာဖြစ်ပါတယ်။
                                   ရွှေပါဝင်တာက ၅ ရွေးခွဲလောက်ပဲရှိမယ်ဆိုရင် သူတို့အတွက် အမြတ်က
                     တစ်ခြမ်းလောက်ချန်လိုက်မယ်(တစ်ရွေး၏တစ်ဝက်) ရောင်းတဲ့လူမှာ ၅ ရွေးဖိုးပဲပြန်ရတော့မယ်။
                     ရွှေဆိုင်တစ်ဆိုင်အနေဖြင့် မိမိရောင်းလိုက်သော အထည်မိမိဆီပြန်မလာလေ ကြိုတ်လေပဲ။
                              တစ်ချို့ရွှေဆိုင်တွေက ကျတော့လဲ ရွှေအရည်မပြည့်မှိဘူး ၁၅ဲ ရည်ဆိုရင် ၁၄ဲ
                     ရည်လောက်ပဲရှိတယ်။ တစ်ကျပ်သားကို တစ်ပဲ ပိုစပ်ထားတဲ့အတွက် တစ်ပဲ ကို လေးသောင်း
                       ငါးသောင်း ၀န်းကျင်မှာရှိတယ်။ တစ်ရက်ကို နှစ်ကျပ်သားရောင်းရရင် တစ်သိန်းလောက်က
                    အလျှော့တွက် လက်ခ မပါသေးဘူး ပိုစပ်ထားတဲ့အတွက်နဲ့တင်မြတ်နေပြီ။ ပြန်လာရောင်းတော့
                            ပြန်ပေးလိုက်တယ်။ ဘာဖြစ်လဲ ကိုယ်လုပ်ထားတဲ့ဟာ ကိုယ်ပြန်ပေးရတာ။ ကြားထဲမှာ
                                    ငွေသုံးရတာပေါ့။ ပြန်မလာတော့ဘူးဆိုရင် အမြတ်ကျန်နေလိုက်တာပေါ့။
     တစ်ကယ်တော့ ဒါဟာဝယ်ယူတဲ့လူဆီကနေ ပိုစပ်ထားတဲ့ အတွက်ကခိုးလိုက်တာပဲ။ ရွှေအကြောင်းဆိုရင်နားမလည်တဲ့လူက                              များတော့ တစ်ချို့ရွှေဆိုင်တွေက ညစ်ပတ်တယ် ရွှေထည်က၀ယ်ထားတာကြာနေပြီ ။
ဝယ်တုန်းကဈေး နဲ့ ပြန်ရောင်းတဲ့ အချိန်ဈေးဟာလဲတော်တော်ကွာနေတယ်။ ဥပမာ ၀ယ်တုန်းက တစ်သိန်း ပေးထားရတယ်ဆိုရင်                             အခုတစ်သိန်းခွဲလောက် ရ ရမှာ။ ဒါပေမယ့် တစ်သိန်း သုံးသောင်းလောက်ပဲ ပေးတယ်။
ရောင်းတဲ့လူကလဲ နားမလည်တော့ သုံးသောင်းလောက်မြတ်တာနဲ့ ကျေနပ်နေတယ် အဲ့ဒါမျိုးတွေ
လုပ်ကြတယ်။ ရွှေဆိုင်ကြီးတွေမှာ ရောင်းလိုက်ရတဲ့အထည် တစ်ဝက်လောက်က
ဆိုင်ကိုပြန်လာတယ်။ တစ်ဝက်လောက်က ဆိုင်ကိုယ်ပြန်မလောတော့ဘူးလို့
ခန့်မှန်းခြေသိရပါတယ်။ ရွှေထည်များဝယ်ယူမည် ဆိုပါက ထိုကဲ့သို့ ရှိပါသည်။
 တစ်ကယ်လို့
ပိုက်ဆံပျောက်ပျက်သွားမှာစိုးလို့ ရွှေဝယ်ထားချင်တယ်ဆိုရင် အခဲလိုက်ဝယ်ထားတာ
အဆင်အပြေဆုံးပါ။ တစ်ကျပ်သားကို ရောင်းဈေးနဲ့ ၀ယ်ဈေး ၁၅၀၀ ပဲခွါတယ်။ ဒါကလဲ ခေါက်ရွှေ
သီးသန့်ရောင်းတဲ့ ဆိုင်တွေ ဈေးမှန်တဲ့ ဆိုင်တွေမှပါ။ တစ်ချို့ရွှေဆိုင်များစို ၀ယ်တဲ့အခါမှာ
လက်ရှိပေါက်ဈေးထက် တစ်သောင်းလောက်ပိုရောင်းတယ် ပြန်ဝယ်တဲ့အချိန်ကျတော့
တစ်သောင်းလောက် လျော့ပေးပြန်ရော ၀ယ်တော့တစ်သောင်းနာ ရောင်းတော့တစ်သောင်းနာ။
ရွာသူ ရွာသားအပေါင်းကို ဗဟုသုတဖြစ်စေလိုတဲ့ စေတနာနဲ့ ရေးလိုက်တာပါ။ အမှားများ
မပြည့်စုံသည်များ တွေ့ရှိရပါက ပြန်လည် ဖြည့်စွပ်ပေးကြပါရန် . . . . . . . . .
Wednesday, May 27, 2015
(က) စစ်မဖြစ်မီကာလမှ စစ်ပြီးကာလအထိ
တယ်လီဖုန်းကို Alexander Graham Bell မှ ၁၈၆၇ ခုနှစ်တွင် စတင်တီထွင်ခဲ့ပါသည်။  ရန်ကုန်မြို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို Oriental Telephone and Electric Co. မှ ၁၈၈၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၈၈၈ ခုနှစ်တွင် မော်လမြိုင်မြို့နှင့် စစ်တွေမြို့တို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးကို စတင် တည်ထောင်ခဲ့သည်။ ၁၉၁၀ ခုနှစ်တွင် ရန်ကုန်မြို့၌ တယ်လီဖုန်းပေါင်း ၁၃၀၀ ခန့်ကို တပ်ဆင်အသုံးပြုလျက် ရှိကြောင်း သိရပါသည်။ ၁၉၂၃ ခုနှစ်မှ စတင်၍ မြို့အချင်းချင်း တယ်လီဖုန်း ဆက်သွယ်မှုအဖြစ် ရန်ကုန်နှင့် ပဲခူးမြို့များကို စတင်ဆက်သွယ် ခဲ့ပါသည်။ 
၁၉၃၆ ခုနှစ်တွင် ရန်ကုန်-ပုသိမ်နှင့် ရန်ကုန်-မန္တလေး-မေမြို့(ပြင်ဦးလွင်) တယ်လီဖုန်းဆက်ကြောင်းများကို ပြည်နှင့် ရေနံချောင်းတို့မှတစ်ဆင့် တည်ဆောက်ခဲ့ပါသည်။ ၁၉၃၇ ခုနှစ် မတ်လတွင် တည်ဆောက်ပြီးစီးခဲ့သော ကြေးနန်းလိုင်းများကို အသုံးပြု၍- ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ သထုံ၊ မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ ရေး၊ ကံပေါက်၊ ထားဝယ်၊ ကျောက်မဲတောင်- မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ မြောင်းမြ၊ လပွတ္တာ၊ပုသိမ်၊ ကံကြီးဒေါင့်၊ ကျောင်းကုန်း၊ကျုံပျော်၊ ငသိုင်းချောင်း၊ ဟင်္သာတ-ဝါးနက်ချောင်း၊ တိုက်ကြီး၊ ဥက္ကံ၊ လက်ပံတန်း၊ ပေါင်းတည်၊ ပြည်၊ အောင်လံ (မြေထဲ)၊ သရက်၊ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ ပခုက္ကူ၊ မြင်းခြံ၊ မိတ္ထီလာ၊ သာစည်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ မုံရွာ၊ အလုံ၊ ရွှေဘို- မေမြို့၊ ကျောက်မဲ၊ နမ့်ဆမ်၊ သီပေါ၊ နန်းမျှော်၊ လားရှိုးမြို့များသို့ တယ်လီဖုန်းဆက်ကြောင်းများ ရရှိစေခဲ့ပါသည်။
၁၉၂၄ ခုနှစ်တွင် Oriental Telephone and Electric Co. rS Rangoon Telephone Co. (ရန်ကုန်တယ်လီဖုန်းလုပ်ငန်း) ဟု အမည်ပြောင်းကာ အစိုးရထံမှ လိုင်စင်ယူ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၀ ပြည့်နှစ်အထိ စစ်မဖြစ်မီ ကာလအတွင်း တယ်လီဖုန်း အိတ်ချိန်းပေါင်း ၁၃၁ လုံး ရှိခဲ့ပြီး၊ ၁၉၃၈ ခုနှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် တယ်လီဖုန်းပေါင်း ၄၄၉၉ လုံး ရှိခဲ့ကြောင်း သိရပါသည်။ အင်္ဂလိပ်များ ရန်ကုန်မှ ဆုတ်ခွာချိန် ၁၉၄၂ ခုနှစ်၊ မတ်လ ၇ရက်နေ့တွင် ရန်ကုန်တယ်လီဖုန်း အိတ်ချိန်းများနှင့် အခြားဆက်သွယ်ရေး စာရင်းများကိုပါ ဖျက်ဆီးသွားကြောင်း သိရပါသည်။ ဂျပန်များ ဝင်ရောက်အုပ်ချုပ်ချိန်တွင် တယ်လီဖုန်း ဆက်သွယ်မှုကို အရေးကြီးသော အစိုးရနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများအတွက် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများ အကြား ပြန်လည်ထူထောင် သုံးစွဲလာခဲ့ပါသည်။
(ခ) စစ်ပြီးကာလ ၁၉၆၂ ခုနှစ် မတ်လအထိ
ဂျပန်များ ဆုတ်ခွာသွားပြီးနောက် မြန်မာပြည်အစိုးရသည် တယ်လီဖုန်းဆက်သွယ်မှု လုပ်ငန်းကို ပြန်လည်ထူထောင်ခဲ့ရာ ရန်ကုန်-မန္တလေး-ကလေးဝမှတစ်ဆင့် အိန္ဒိယသို့ ဆက်သွယ်နိုင်ခဲ့ပါသည်။ မြန်မာပြည် လွတ်လပ်ရေးရရှိသည့် အချိန်မှ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းကို ပြည်တွင်းသောင်းကျန်းမှုကြောင့် ပျက်စီးမှုအပါအဝင် ပြန်လည်ထူထောင်ခဲ့ပါသည်။ ၁၉၆၁-၆၂ ခုနှစ်အထိ တယ်လီဖုန်း အိတ်ချိန်းပေါင်း ၈၀ နှင့်၊ တယ်လီဖုန်းပေါင်း ၁၄၇၅၄ ကို တပ်ဆင်နိုင်ခဲ့ကြောင်း သိရပါသည်။ ခေတ်မီ ဆက်သွယ်ရေးကို တပ်ဆင်ရန်အတွက် ရန်ကုန်မြို့တွင် လက်သုံးတယ်လီဖုန်းစနစ်မှ အလိုအလျောက် တယ်လီဖုန်းစနစ်သို့ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း ပြောင်းလဲ တပ်ဆင်နိုင်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းအတွက် ရန်ကုန်မြို့တွင် မောင်ထောင်လေးလမ်း၊ ဟံသာဝတီ၊ တာမွေ၊ အင်းစိန် ခေတ်မီ အော်တိုအိတ်ချိန်းများကို တပ်ဆင်ခဲ့ပါသည်။
(ဂ) ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ
ရန်ကုန်မြို့တွင် ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း ပြောင်းလဲတပ်ဆင်ခဲ့သော အော်တိုအိတ်ချိန်း ၄ လုံးကို ၁၉၆၂-၆၃ ဘဏ္ဍာရေးနှစ် အတွင်း ပြီးစီးအသုံးပြုနိုင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် မရမ်းကုန်း အော်တိုအိတ်ချိန်းကို တပ်ဆင်ခဲ့ရာ ၁၉၆၅ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ရန်ကုန်မြို့တွင် အော်တိုအိတ်ချိန်းများ စတင်အသုံးပြုလာချိန်မှစ၍ တယ်လီဖုန်းခေါ်ဆိုခများကို ပုံသေနှုန်းမှ တစ်ခါခေါ်၊ မီတာတစ်ထစ်တက်သည့် စနစ်သို့ ပြောင်းလဲကောက်ခံခဲ့ရာ တယ်လီဖုန်းသုံးစွဲသူများ၏ ငွေကုန်ကြေးကျမှု အပေါ် စိုးရိမ်မှုကြောင့် ၁၉၆၃ ခုနှစ်တွင် ရှိခဲ့သော တယ်လီဖုန်းဦးရေ ၁၇၂၄၅ လုံးမှ ၁၉၆၄ ခုနှစ်တွင် ၁၅၆၃၁ လုံးသို့ ကျဆင်းသွားခဲ့ပါသည်။ သို့သော် အော်တိုတယ်လီဖုန်း သုံးစွဲရာတွင် လွယ်ကူမှု အကျိုးကျေးဇူးများကို သိရှိလာသောအခါ သုံးစွဲသူ တဖြည်းဖြည်းများလာပြီး၊ ၁၉၆၇ ခုနှစ်တွင် တယ်လီဖုန်းအလုံးပေါင်း ၂၁၄၄၄ လုံးသို့ သိသိသာသာ တိုးတက်လာခဲ့ကာ ယနေ့တိုင် ဆက်တိုက် တယ်လီဖုန်းဦးရေ တိုးတက်လျက် ရှိပါသည်။ 
၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်း အိတ်ချိန်းအသစ် တပ်ဆင်ခြင်း မရှိခဲ့သော်လည်း မန္တလေးအပါအဝင် မြို့နယ်များ၌ လက်သုံးတယ်လီဖုန်းအိတ်ချိန်း အရေအတွက်မှာ ၉၃ လုံးမှ ၁၃၄ လုံးအထိ တိုးတက်ခဲ့ပါသည်။ တယ်လီဖုန်းအရေအတွက် သိသိသာသာ တိုးတက်လာခြင်းမှာ ရန်ကုန်မြို့တွင် တပ်ဆင်ထားသော အော်တိုအိတ်ချိန်းများ၏ လိုင်းပမာဏအရ တယ်လီဖုန်းအသစ်များ တပ်ဆင်ခြင်းက အဓိကဖြစ်ခဲ့ပါသည်။ ပထမဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်းကို ၁၉၇၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ်ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကိုယ်တိုင်လှည့် ရပ်ဝေး တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို စတင်အသုံးပြုခဲ့ခြင်း၊ အခမ်းအနားဖွင့်လှစ်ခြင်းဖြင့် လုပ်ငန်းပြီးဆုံး အကောင်အထည် ဖော်နိုင်ခဲ့ပါသည်။
အဆိုပါ ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း အောတိုအိတ်ချိန်းများ တပ်ဆင်ရေး အစီအစဉ်တွင် ရန်ကုန်မြို့၌ ဗိုလ်ဆွန်ပက်လမ်း (မောင်ထော်လေးလမ်း) နယ်မြေတွင် လိုင်း ၅၆၀၀၊ သင်္ဃန်းကျွန်းနယ်မြေတွင် လိုင်း ၁၀၀၀၊ မင်္ဂလာဒုံနယ်မြေတွင် လိုင်း ၆၀၀၊ အိတ်ချိန်း ၃ လုံးကို တပ်ဆင်ပြီးစီးခဲ့ပါသည်။ နယ်မြို့များဖြစ်သော မန္တလေးမြို့တွင် လိုင်း ၃၀၀၀ ဆန့် တစ်လုံး၊ မော်လမြိုင်နှင့် ပုသိမ်မြို့တို့တွင် လိုင်း ၁၀၀၀ ဆန့်တစ်လုံးစီ၊ ပဲခူး-စစ်တွေ-ပြည်-တောင်ကြီး-မိတ္ထီလာ-မကွေးမြို့တို့တွင် လိုင်း ၆၀၀ ဆန့် တစ်လုံးစီနှင့်  တောင်ငူ-လားရှိုး-မြစ်ကြီးနားမြို့များတွင် လိုင်း ၄၀၀ ဆန့် တစ်လုံးစီကို တပ်ဆင်ခဲ့ပါသည်။ ထို့ကြောင့် ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း မြို့ကြီး ၁၃ မြို့၌ အော်တိုအိတ်ချိန်း ၁၅ လုံးကို တပ်ဆင်ခဲ့ပါသည်။ 
ထို့ပြင် ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း မြို့တစ်မြို့မှ တစ်မြို့သို့ အလိုအလျောက် ဆက်သွယ်နိုင်ရန် ပြည်တွင်း အလိုအလျောက် ထပ်ဆင့်အဝေးဆက် အိတ်ချိန်း ၂ လုံးကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လိုင်း ၈၀၀ ဆန့်နှင့် လိုင်း ၆၀၀ ဆန့် အသီးသီး တည်ဆောက်ခဲ့ပါသည်။ အထက်ပါ မြို့ကြီး ၁၃ မြို့ရှိ အော်တိုအိတ်ချိန်း ၁၅ လုံးအတွက် မြို့တွင်းတယ်လီဖုန်း ဖြန့်ဝေရေး ကွန်ချာအတွက် မြေအောက်ကြိုး ၃၇၈၂၇ (Pair Kilometer) နှင့် ကောင်းကင်ကြိုး ၁၁၁၁၆.၈ Pair Kilometer တို့အား တပ်ဆင်အသုံးပြုခဲ့ရပါသည်။ ထို့ပြင် ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း၌ပင် တယ်လီဖုန်း ခေါ်ဆိုခများကို ကွန်ပျူတာဖြင့် ကောက်ယူရေးစနစ် ဖြစ်သော ခေတ်မီ Centralised Automatic Message Accounting (CAMA) System ကို စတင်အသုံးပြုခဲ့ပါသည်။ ထိုစနစ်ဖြင့် တစ်ဦးချင်း တယ်လီဖုန်းခေါ်ဆိုခ ငွေတောင်းခံလွှာများ ရိုက်ထုတ်ရန် အတွက် Billing Processor  တစ်လုံးကို ရန်ကုန်မြို့တွင် တည်ဆောက်ထားရှိခဲ့ပါသည်။
ပထမဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်းတွင် အော်တိုအိတ်ချိန်း အများအပြား တည်ဆောက်ခဲ့ပြီး ကိုယ်တိုင်လှည့် ရပ်ဝေးဆက်သွယ်မှု စနစ်ကို အသုံးပြုခဲ့ခြင်း (Automatic Message Accounting)  များသည် မြန်မာနိုင်ငံ တယ်လီဖုန်းဆက်သွယ်ရေး အတွက် ဆက်သွယ်ရေး သမိုင်းကဏ္ဍသစ် တစ်ခုကို ဖြစ်စေခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် အော်တိုအိတ်ချိန်း အရေအတွက်များ တိုးတက်ခဲ့ခြင်းကြောင့် ထိုနှစ်မှ စတင်၍ တယ်လီဖုန်းဦးရေမှာလည်း သိသိသာသာ တိုးတက်ပြီး သုံးစွဲသူ များပြားလာခဲ့ကာ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသည်တို့တွင် အတိုင်းအတာတစ်ခု အတွင်းမှ တယ်လီဖုန်းလုပ်ငန်း အနေနှင့် ပံ့ပိုးနိုင်ခဲ့ပါသည်။
 ၁၉၈၅-၈၆ ခုနှစ်မှ ၁၉၈၇-၈၈ ခုနှစ်အတွင်း ဒုတိယ ဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်း အစီအစဉ်ဖြင့် အော်တိုတယ်လီဖုန်း အိတ်ချိန်းအသစ် ၁၃ လုံးကို အသစ်တည်ဆောက် တပ်ဆင်ခဲ့ပါသည်။ ထိုကဲ့သို့ အသစ်တပ်ဆင်ခဲ့သော အိတ်ချိန်း အသစ်များသည် ယခင်က အသုံးပြုခဲ့သော Electro-mechanical Crossbar  အလိုအလျောက် အိတ်ချိန်းမျိုး မဟုတ်ဘဲ Computer Control-digital Electronic  အော်တိုအိတ်ချိန်းများ ဖြစ်ပါသည်။ ထိုအိတ်ချိန်းများသည် ကမ္ဘာ့ခေတ်မီအမျိုးအစားများဖြစ်ပြီး ထိန်းသိမ်းသုံးစွဲရာတွင်လည်း လွယ်ကူမှု ရှိခဲ့ပါသည်။ သို့ဖြစ်ရာ ၁၉၈၅-၈၆ ခုနှစ်မှ ၁၉၈၇-၈၈ ခုနှစ်များ အတွင်း တယ်လီဖုန်းဦးရေ သိသာစွာ တိုးတက်ခဲ့ကြောင်း  တွေ့ရမည် ဖြစ်ပါသည်။ ၁၉၈၇-၈၈ ခုနှစ်တွင် အိတ်ချိန်းပေါင်း ၂၄၃ လုံး (အော်တို ၃၃ လုံး+လက်လှည့် ၂၁၀ လုံး) ရှိခဲ့ပါသည်။
သင်တန်းပို့ချချက်လက်စွဲစာစောင်၊ ၂၀၀၄ ခုနှစ်
Credit:
http://www.yatanarpon.com.mm
မြန်မာနိုင်ငံ တယ်လီဖုန်း လုပ်ငန်းသမိုင်း
Tuesday, May 26, 2015
vertu10
၁၉၉၈ ခုနှစ်တုန်းကပေါ့။ ဗြိတိန်က The economist အမည်ရ မဂ္ဂဇင်းမှာ ဆောင်ပုဒ်အသစ်တစ်ခုနဲ့အတူ ကြော်ငြာတစ်ခုတိုးလာပါတယ်။ “နာရီတစ်လုံးကို အမေရိကန်ဒေါ်လာ ၂သောင်းကျော်ပေးပြီး သုံးနေကြတာ. ဘာလို့ ဖုန်းမှာ မသုံးနိုင်ကြမှာလဲ” ဆိုတဲ့ ဆောင်ပုဒ် ဖြစ်ပါတယ်။ နိုကီယာကနေ ပြီးတော့ ဗြိတိန်မှာ Vertu လို့ အမည်ရတဲ့ ဇိမ်ခံဖုန်း ထုတ် ကုမ္ဗဏီကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။
vertue3
ယခုတော့ နိုကီယာမပိုင်တော့ ပါဘူး။ အခြား စီးပွားရေးလုပ်ငန်းသို့ ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့အထိ ဇိမ်ခံ စမတ်ဖုန်းများကို ထုတ်လုပ်ပြီးတော့ ကမ္ဘာ့ ဈေးကွက်မှာ သူ့ဖောက်သည်နဲ့သူ ရှိပါတယ်။ သူ့ဆီမှာ ဈေးအသက်သာဆုံးနဲ့ ဝယ်လို့ ရမယ့် စမတ်ဖုန်းက Constellation model များ ဖြစ်ပြီး ဈေးကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ ဝန်းကျင် ရှိပါတယ်။ SIGNATURE, SIGNATURE TOUCH, ASTER, PERSONALISATION, CONSTELLATION, အစရှိသဖြင့် ငါးမျိုးလောက် ရှိပါတယ်။ မော်ဒယ်အသီးသီးမှာလည်း Edition များ ထုတ်လုပ်ပြီး ဈေးက အမေရိကန်ဒေါ်လာ ၃ သိန်း လောက်အထိလည်း ရှိပါတယ်။
ထူခြားချက် အနေနဲ့ ဖုန်းတစ်လုံးချင်းဆီကို လူအင်အားနဲ့ အချိန်ပေး ထုတ်လုပ်ဖန်တီးခြင်း ဖြစ်ပြီး copy past စက်များဖြင့် လုပ်ထားခြင်း မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဖုန်းတစ်လုံးတိုင်းဟာ Special ဖြစ်ကြောင်း ဆိုပါတယ်။ ဖုန်းကို အရင်က Nokia ရဲ့ Symbian OS ပဲ သုံးရာကနေ Vertu က ကိုယ်တိုင်ထုတ်တဲ့ Ti OS အပြင် Android OS များကိုပါ အသုံးပြုလာ ပါတယ်။ ဖုန်းများဟာ ဈေးကြီးသလောက် လုံခြုံရေးနဲ့ အခြားသော နည်းပည အစိတ်အပိုင်းအများက ခေတ်တစ်ခေတ်ရဲ့ နောက်ဆုံးပေါ်များကိုသာ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဈေးကြီးသွားစေချက်ကတော့ အသုံးပြုတဲ့ ပစ္စည်းများကြောင့် ဖြစ်ပါတယ်။ ကျောက်မျက်ရတနာနဲ့ ရှားပါး သတ္တု၊ Sapphire များကို အသုံးပြုထားပေးခြင်း ဖြစ်ပါတယ်။ ဇိမ်ခံဈေးကြီးသားရေသား များကိုလည်း အသုံးပြုပါတယ်။
Saphire ဖုန်းများကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၆၆ နိုင်ငံရဲ့ စတိုးပေါင်း ၅၀၀ ကျော်မှာ ရရှိနိုင်ပြီး အများအပြား တစ်ပြိုင်နက်တည်း ဝယ်လို့ရတဲ့ ဆိုင်ကြီးများ အဖြစ် လန်ဒန်မြို့၊ အမေရိကန်နိုင်ငံ ဟောလိဝုဒ်ဒေသ အပြင် အိန္ဒိယ နိုင်ငံက နယူးဒေလီတို့မှာ ရှိပါတယ်။
ဖုန်းဝဘ်ဆိုဒ်က http://www.vertu.com/ ဖြစ်ပါတယ်။
vertu7
vertu2vertu5
vertu13vertu8vertu1
vertu9
vertu4
vertue12
vertu10
vertu6
Cေredits : အောင်ခမ်း (MMAS)
ဇိမ်ခံ စမတ်ဖုန်း Vertu
ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့် ဥအမျိုးမျိုးတို့မှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ကျန်းမာရေးသတင်းများမှ ဖော်ပြပေးလိုက်ပါတယ်။ လူတိုင်းကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
၁။ ကြက်ဥ၊ ၊ ငုံးဥ၊ ငှက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုးတို့မှာ ပါဝင်တဲ့ ပရိုတင်းဓါတ်တွေကြောင့် လူ၏ ခန္ဓာကိုယ်ကိုလည်း သန်မာထွားကြိုင်းလာစေနိုင်သလို ကြွက်သားများကိုလည်း ပို၍ သန်မာစေနိုင်ပါတယ်။
၂။ ဥအမျိုးမျိုးတို့၏ အနှစ်ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီကိုလင်းဓါတ်ဟာ ဦးနှောက်နှာ့ဗ်ကျောတို့၏ လှုပ်ရှားမှုများကို သန်မာစေပြီး အားကောင်းစေသည့်အတွက် ဦးနှောက်အာဟာရကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ဥအမျိုးမျိုးကို များများစားပေးသင့်ပါတယ်။
၃။ ကြက်ဥ၊ ဘဲဥတို့ကို နံနက်စာအဖြစ် စားသုံးပေးပါက ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။
၎။ ကြက်ဥမှာပါဝင်တဲ့ ဆာလဖာဓါတ်ဟာ ကော်လာဂျင်၊ ကီလာတင်တို့ကို ထုတ်လုပ်ပေးနိုင်တာမို့ အသားအရေကို လှပစေပါတယ်။ လက်သည်း၊ ဆံပင်စသည်တို့ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ရင်သားကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၅။ ကြက်ဥ၊ ဘဲဥ စတဲ့ဥအမျိုးမျိုးတို့မှာပါဝင်တဲ့ လူတင်နဲ့ ဇီဇန်သင်းပရိုတင်းဓါတ်တွေဟာ Macular Degeneration လို့ခေါ်တဲ့ အသက်အရွယ်ရလာတာနှင့်အမျှ လျှော့နည်းလာတဲ့ မျက်စိအားနည်းလာမှုကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောကို ကောင်းမွန်စေတာကြောင့် နှလုံးသွေးခဲမှုနှင့် လေဖြတ်ရော
ဂါများကိုလည်း လျှော့ချပေးနိုင်ပါတယ်။
သတိပြုရန် =
ကြက်ဥ၏ အနှစ်ထဲတွင် ကိုလက်စရောပါဝင်မှု မြင့်မားနေသည့်အတွက်
နေ့တိုင်း မစားသင့်ပါ။ တစ်ပတ်ကို ၃၊ ၄ ကြိမ်သာ စားသင့်ပါသည်။
Credit : စောနွဲ့ နေဆိုင်(ပူတာအို)
ဥအမျိုးမျိုးတို့၏ ကျန်းမာရေးအကျိုးကျေးဇူးများ
Sunday, May 17, 2015
Airbagနဲ့ခါးပတ်အကြောင်းသိချင်တဲ့လူတွေရှိလို့ ဆွေးနွေးပေးကြပါဦးခင်ဗျ။ကျွန်တော်လဲကျွန်တော် လေ့လာထားသလောက်ကိုပထမဦးစွာ ဆွေးနွေးလိုပါတယ်ခင်ဗျာ။မှားနေရင်လဲ ပြင်ဆင်ပေးဖို့ လေးစားစွာပန်ကြားအပ်ပါတယ်။ အပြုသဘောဆောင်တဲ့Commentများကိုသာ ရေးသားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။Youtubeမှာလေ့လာကြည့်တာတော့ Airbag ပွင့်မပွင့် ဆုံးဖြတ်ပေးတာက ဒီလိုပါ။
ပုလင်းလို ပြွန်ကြီးရှိပါတယ်။အဲ့ဒီအထဲမှာ ဘောလုံးလေးတလုံး ထည့်ပေးထားတယ်။အဲ့ဒီဘောလုံးလေးဟာ ပြွန်ရဲ့ အလည်တည့်တည့်မှာပဲရှိနေတာပါ။ ကားချိုင့်ဆောင့်တာတို့ ဘရိတ်ဆောင့်အုပ်တာတို့လုပ်ရင်တောင်မှပဲအဲ့ဒီ ဘောလုံးလေးဟာ အနည်းငယ် ဘယ်ညာ ရွေ့ပါတယ်။ တကယ်လို့ ကားရဲ့ ရှေ့ ဖြစ်စေ နောက်ဖြစ်စေ ပြင်းထန်စွာတိုက်မိခဲ့ရင် အဲ့ဒီ အလယ်မှာရှိနေတဲ့ ဘောလုံးလေးဟာ ဘယ်ဘက် သို့မဟုတ် ညာဘက်ကို သွားပြီး ထိပါတယ်။ အဲ့ဒီမှာ Airbag ကိုဖွင့်ပေးပါတယ်။Airbag ပွင့်ဖို့အတွက် အထဲမှာ Chemical Explosion ပြုလုပ်ပေးရပါတယ်။
ပေါက်ကွဲမှု့ဖြစ်ပြီးမှသာ ခေါက်ထားတဲ့Airbag တွေကို ပေါက်ကွဲမှု့အရှိန်နဲ့ ဖောင်းကားလာစေတာပါ။Mercedes-Benzရဲ့စမ်းသက်ချက်များအရChemicalExplosion ဖြစ်တဲ့အချိန်မှာ ပေါက်ကွဲမှု့ ပိုမိုပြင်းထန်သွားတဲ့အခါမှာဖြစ်စေ/ သက်တမ်း၁၀စုနှစ်ထက်ပိုကြာနေတဲ့ကားတွေမှာထည့်ထားတဲ့ Airbag တွေ ဆွေးနေတဲ့အခါမျိုးမှာ ဖြစ်စေ Airbag ဟာ ပြဲထွက်သွားပြီး ပေါက်ကွဲမှု့ဟာ စီးနင်းသူအထိ တိုက်ရိုက်ရောက်ရှိလာတာမျိုး ဖြစ်နိုင်ပါတယ်တဲ့။
Airbagကိုဖွင့်ပေးတာနဲ့တပြိုင်နက်ခါးပတ်ကြိုးကပါလူကို ရှေ့မယိုင်သွားအောင် Lock ချပေးပါတယ်။ခါးပတ်မပတ်ထားလဲ ပွင့်ပါတယ်။ ခါးပတ် မပတ်ထားတဲ့အချိန် Airbag ပွင့်ရင် နံရိုးတွေကျိုးတတ်ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ Driver က Accident ဖြစ်တော့ ဘရိတ်နင်းပါတယ်။ Physics သဘောတရားအရ လူက ရှေ့ကို ယိုင်သွားပါတယ်။ 
အဲ့ဒီအချိန်မှာAirbagကပွင့်လာတော့ကိုယ်ယိုင်သွားတဲ့အရှိန်ရယ် Airbag အရှိန်ရယ်ပေါင်းပြီး အရိုးတွေ ကျိုးကုန်ပါတယ်။ ခါးပတ်သာပတ်ထားမယ်ဆိုရင်ခါးပတ်ကကိုယ့်ကိုဆွဲထားမှာဖြစ်တဲ့တွက် Airbag က Dashboard နဲ့ မဆောင့်မိအောင်ပဲ ကာကွယ်မှာပါ။ စီးနင်းသူနဲ့ Airbag နဲ့ ထိတွေ့တဲ့ ဧရိယာ နဲသွားပါတယ်။ကျွန်တော့အိမ်နားကလူတကယ် ဖြစ်ဖူးပါတယ်။ အဲ့တာကြောင့် ကားစီးရင် ခါးပတ် ပါတ်ပါ။ ခါးပတ်က Accident ဖြစ်တဲ့အချိန်မှာ ကားထဲမှာ လိမ့်မနေစေဖို့နဲ့ မှန်ကွဲသွားတဲ့အခါအပြင်ကိုထွက်မကျစေဖို့ထိန်းပေးထားတာပါ။Airbagနဲ့တွဲပြီးအလုပ်လုပ်ပါတယ်။ကျွန်တော့သူငယ်ချင်းရဲ့ မိဘတွေ အမြန်လမ်းမှာ Accident ဖြစ်ပြီးသေဖူးပါတယ်။
ဒီအကြောင်းကိုလဲတခါတင်ဖူးပါတယ်။4 နှစ်လောက်တောင်ရှိပြီခင်ဗျ။ Pajero နဲ့ တာယာကွဲပြီး မှောက်တယ်။
ကီလို၁၀၀နဲ့မှောက်တာပါ။Driverကခါးပတ်ပတ်ထားပါတယ်။Airbagထွက်ပါတယ်။Driver ဘေးမှန်ကွဲပြီးအနည်းငယ်ပွန်းရှတာလောက်ပဲဖြစ်ပါတယ်။သူတို့လင်မယားက နောက်ခန်းမှာထိုင်စီးလာတာပါ။တစ်ယောက်ကSunroofကနေထွက်ကျပါတယ်။ နောက်တစ်ယောက်က ဘေးတံခါးမှန်ကနေ ခါးတ၀က်ထွက်ပြီးတရွတ်တိုက်ဆွဲပါလာတာပါ။အလောင်း၂လောင်းစလုံး ရုပ်တောင် မနည်းပြန်ဖော်ရတယ်။
HighwayPoliceက၁နာရီကျော်ကြာမှ ရောက်ပါတယ်။ ကျေးဇူးပြုပြီးတော့ ခါးပတ်ပတ်ပေးကြပါဗျာ။ ကိုယ့်အသက်ထက် ဘယ်ဟာမှ အရေးမကြီးပါဘူး။
ရုပ်ရှင်ကားထဲကလို လှတပတလေး တိုက်မှာမဟုတ်ပါဘူး။
ခါရမ်းပြီး လိမ့်သွားမှာပါ။ အဲ့ဒီအချိန်မှာသာ ခါးပတ်လို ကြိုးနဲ့ မဆွဲထားရင်ဆီးဖြူသီးဇကောထဲထည့်လှိမ့်သလိုဖြစ်နေတာပါ။ မြန်မာနိုင်ငံကလူအများစုခါးပတ်မပတ်ကြတာရှက်လို့ပါ။ သေချာပါတယ်။ တခြား အကြောင်းပြချက်က 20% လောက်ပဲ ပါ,ပါတယ်။လိုအပ်လို့တကမ္ဘာလုံးကလိုက်နာကျင့်သုံးနေကြတာပါ။ ခါးပတ် ပတ်ပြီး ၁ပါတ်လောက်ပဲ စီးကြည့်လိုက်ပါ။
ခါးပတ်မပတ်ရင်မလုံခြုံတာကိုမသိစိတ်ကလက်ခံလာပါလိမ့်မယ်။အဲ့ဒီအချိန်ကျရင်ခါးပတ်ပတ်ထားလို့ငါ့ကိုတခြားလူတွေ လှောင်မလားဆိုတဲ့ အတွေးလုံးဝမရှိစေရပါဘူး။ ခါးပတ် မပတ်တဲ့တခြားလူတွေကိုလဲကိုယ့်အသက်ကိုကိုယ်တန်ဖိုးမထားရကောင်းလားဆိုပြီး မြင်လာပါလိမ့်မယ်။ခါးပတ်မပတ်ထားရင်ကို တမျိုးကြီးလိုနေသလိုကို ခံစားရပါလိမ့်မယ်
လွန်ခဲ့တဲ့ နှစ်က SRS ရဲ့ နည်းပညာသစ် ကြော်ငြာတစ်ခုမှာ
တွေ့မိတာကAirbagပွင့်ပေးဖို့ဆုံးဖြတ်လိုက်သည့်တိုင်အောင် Speed /ခါးပတ် ပတ်ထားလား/ အလေးချိန်ကိုကြည့်ပြီး ထိုင်နေတာကလေးလားလူကြီးလား/ခုံရှေ့ကိုဘယ်လောက်တိုးထားလဲ/စတာတွေကိုတွက်ချက်ပြီးအန္တရာယ်ပိုဖြစ်စေနိုင်မဲ့ အခြေအနေဖြစ်နေတဲ့ နေရာကို မပွင့်ပဲ ထားပါတယ်တဲ့။ 
ဒါပေမဲ့ကျွန်တော်တို့စီးနေတဲ့2012 အောက်ကားတွေမှာတော့ ပါဦးမယ်မထင်ပါဘူး။နောက်အရေးကြီးတဲ့အချက် တစ်ချက်ရှိပါသေးတယ်။ ခါးပတ်မီးမလင်းအောင် Angry Birdအရုပ်လေးတွေမထိုးထားပါနဲ့။ကျွန်တော် တွေ့ဖူးပါတယ်။ လမ်းဘေးမှာ သော့ဖြုတ်ပြီးရပ်ထားတဲ့ Honda Fit ကို TEကားကမျက်နှာချင်းဆိုင်ဝင်တိုက်တာAirbag တွေပွင့်ကုန်ပါတယ်။ သူက AngryBirdအရုပ်လေးတွေထိုးထားပါတယ်။ AirbagSystemကခါးပတ်ခေါင်းထိုးထားတော့လူရှိတယ်ဆိုပြီး Airbag တွေဖွင့်ပေးလိုက်တာဖြစ်ပါလိမ့်မယ်။Owner Manual ထဲမှာ Airbag အပေါ်မှာ ဘာမှ မတင်ခိုင်းပါဘူး။
ဒီမှာတော့ ရေမွှေးဘူးတွေရော ဘုရားဆင်းတုတော်တွေရော တစ်ချို့ဆို Dashboard ကို ရှမွိုင်းပါထပ်ခင်းထားသေးတယ်။ Airbagထွက်လို့အခင်းကြီးကွာထွက်လာပြီးမျက်နှာလာရိုက်ရင်တော့ မလိုအပ်တဲ့ ထိခိုက်မှု့တွေ ဖြစ်စေမှာပါ။
Credit : MoeZac Auto
Airbag နဲ့ ခါးပတ် အကြောင်း သိကောင်းစရာများ
            ကားမောင်းတဲ့လူတိုင်း အဆင့်၂ဆင့်ကို ဖြတ်သန်းရပါတယ်.
            အဆင့်၁ ကကားမောင်းသင်ရမယ်.၂ကားမောင်းလိုင်စင် ဖြေရမယ်.
အောင်ရင် လိုင်စင် ရပြီး ကားမောင်းလို့ရပြီပေါ့.. ကားလိုင်စင် ရတိုင်း ကားမောင်းတတ်တယ် လို့တော့ထင် ရင် အမှားကြီး မှားသွားနိုင်ပါတယ်..
            မြန်မာနိုင်ငံမှာကားပေါ်တက် ပြီး ရှေ့တိုး နောက်ဆုတ် လုပ်ပြလိုက်တာနဲ့တင်လိုင်စင် ပေးနေတာ (ကိုယ်တွေ့) …. ကားမောင်းနေရင် လဲ ရှေ့ကဖြတ်ဝင် တဲ့ ကား တွေ ကိုလည်းကြိမ်ဆဲနေရတာလဲကားမောင်းတွေအားလုံး အသိ.. နိုင်ငံခြားမှာဆိုလိုင်စင်ရဖို့ဆိုဒဲ့ပါကင်ကိုဘက်ဂီယာနဲ့ ထိုးပြရတာ . ပလပ်ဖောင်းနဲ့ ၁ ပေ လောက်ပဲကွာလို့ရတာ .. ခဏခဏ ပြန်ပြင်ထိုး ရင် မအောင်ဘူး.. ဒီမှာ တော့ ဒဲ့ပါကင် ကို ခေါင်းနဲ့ပဲ ၀င် တော့ ပလပ်ဖောင်းနဲ့၎ ပေလောက်ကွာ ပြီး လမ်းမပေါ်ရောက်နေပြီ (မြို့ထဲလမ်း သွယ်တွေမှာ ဆိုမပွတ်မိအောင် မနဲရှောင်မောင်းနေရတယ်)
             ခုတော့သင့်ရဲ့ကားမောင်းကျွမ်းကျင်မှုကို မေးခွန်းထုတ်သင့်နေပြီ လားဆိုတာ စမ်းစစ်ကြည့်ရအောင် .. အောက်ပါ နည်းလမ်း တွေကို Nicolas Cage တို့ Angelina Jolie တို့ ကိုရုပ်ရှင်ထဲမှာကားအမြန်ဆုံးမောင်းမတိုက်အောင် မောင်းနည်း သင်ပေးတဲ့ ဆရာ Bobby Oreလို့ခေါ်တဲ့အမေရိကန်က စတန့်သမားကအကြံပေးထားတာပါ.သာမန်ကားမောင်းသူတွေ လုပ်တက်တဲ့ အမှားတွေကို ထောက်ပြပေး ထားတာမို့ ကားမောင်းနေ ချီန်ကိုယ် ရော လမ်းပေါ်က တခြား သွားလာနေတဲ့လူတွေ ဘေးကင်းအောင် ပြင်သင့် တာပြင် လို့ရအောင်ပါ.
             လက်ကိုင်ဂွေ နှင့် နီးကပ်စွာထိုင်ခြင်း အမှား......... လူတော်တော်များများက လေအိတ်ကို ခေါင်းထဲမထည့် ထားတက်ဘူး.ရှိမှန်တော့သိတယ်.ကားတိုက်လို့လေအိပ်ပွင့် ၇င် နံရိုး ကြိုးတာတွေ . မီးလောက်သလိုအပူလောင်တာတွေ ပါ ဖြစ်တတ်တယ်…
* ပြင်ရန် . . . ခန့်မှန်း ၁ ပေခွဲလောက်က ထို်င်ပါ. လေအိတ် ရဲ့သဘောက ကားတိုက်ရင်လူကလေအိတ်ကို ဆောင့်ရမှာဖြစ်ပါတယ်.. လေအိတ်ကလူကိုတွန်းထုတ်တယ်ဆိုရင် တော့ကားထဲကထွက်တာ နဲ့ အနီးဆုံးဆေး ရုံမှာ X Ray သွားရိုက်လို်က်ပါ…
             တာယာလေပေါင် ကိုပုံမှန် မစစ်ဆေးခြင်း အမှား . . . ကားသမား အများစု က တာယာ လေကို ချိန်ဖို့ သက်သက်အချိန်ပေးရမှာကိုပျင်းနေကြပါတယ်… နိုင်ငံခြားမှာ ဆို ဆီဆိုင်တော်တော်များများမှာ လေထိုးလို့ရတော့ သက်တောင့်သက်သာရှိတယ်ဒါတောင်မှစစ်ဖို့ပျင်းနေကြလို့ မူရင်း စာမူမှာ အကြံပြုထားတာ .. ဒီမှာတော့ တကူးတက သွားရတာဆိုတော့ တော်တော် နဲ့မသွားဖြစ်ဘူး… တာယာရဲ့သဘော ကဘူဘောင်းလိုပဲ.. အရမ်းတင်းရင် ပွင့်မှာပဲ . . ကုန်တွေ လူတွေ အများကြီးတင်တာ .. လမ်းကပူတော့ အထဲကလေက ပူပြီး ပွတာ . တာယာ သက်တမ်းကုန်တာတွေ က အဓိကသတိထားရမှာ …
 * ပြင်ရန် . . . ကားမသွား ခင် လူ/ကုန် ဘယ်လောက် တင် မလဲ ဆိုတာ ချိန်ပြီး တော့ လေကို သတ်မှတ် ပေါင်ချိန် ထက် ၂ ပေါင် လောက်လျှော့ လိုက်ပါ. တအားလျှော့သွားရင် လဲကားက ပိုရုန်း ရလို့ ဆီဖိုးနဲ့ မွဲနိုင်တယ်. နေပူထဲ တနေကုန်မောင်းမယ် ဆိုရင် တက်နိုင်ရင် နီုင်ထရိုဂျင် ထည့်မောင်းပါ.
              ဘရိတ်ကို တချိန်လုံးနင်းထားခြင်း အမှား . . .ဘရိတ် မြန်မြန်ပါးပြီးဝပ်ရှော့ကိုလုပ်ကျွေးချင်တယ် . . ဆီဆိုင်တွေကို လုပ်ကျွေးချင်တယ် ဆိုရင် တော့ အမှားလို့မြင်လို့မရပါ . . . ဘရိတ်အုပ် ရင် ကားက အရှိန်ပြန် ရအောင် ပိုရုန်းရတော့ ဆီကပိုကုန်ပါတယ်.
 * ပြင်ရန် . . . အော်တို ကားတွေမှာ ညာဘက် ခြေထောက် တစ် ခုထဲနဲ့ ဘရိတ်ကော လီဘာ ပါ အလှည့်ကျ နင်းပေးပါ. ရှေ့ဝေးဝေး ကို ကြိုကြည့် ခြင်းအားဖြင့်လည်း မီးပွိုင့်လိုနေရမျိုးမှာ လီဘာကြို လျှော့လိုက်တော့ ဘရိတ်သိပ်မအုပ်ရတော့ပါ.
              ဘေးမှန်များ အချိန်အဆလွဲနေခြင်း အမှား . . .လမ်းပြောင်းခါနီးနဲ့ဘက်ဆုတ်တဲ့အချိန်တွေမှာ ဘေးမှန်က အချိန်အဆလွဲနေ ရင် မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ .အခန့်မသင့်ရင် နောက်ဆုတ်တုန်း လူတို်က်မိတာတို့လမ်းပြောင်းတုန်းသူများကားသွားပွတ်မိတာ တို့ ဖြစ်လာနိုင်ပါတယ်.
 * ပြင်ရန် ... ဘေးမှန်နှစ်ဖက်လုံးကို နောက်ကော ဘေးကော နှစ်ဘက်လုံး ထင်မြင်အောင်ချိန်ပေးပါ. ဒီတခု ကတော့သိပ် မခက်ပါဘူး(ကားမျှသုံးနေတဲ့သူတွေကတော့ကသိကအောက်ဖြစ်နိုင်ပါတယ်)
              လက်ကိုင်ဂွေကို မှားယွင်းစွာ ကိုင်ဆောင်ခြင်း အမှား . . . တချီု့လူတွေ က ကားလက်ကိုင် ကို နာရီ ရဲ့ ၁၀ နဲ့၂နာရီနေရာမှာကိုင်ကြပါတယ်.ကားတိုက်လို့ လေအိတ်ပွင့် ၇င် ကိုယ်မျက်နှာ ကို်ယ် လက်သီးနဲ့ ထိုးသလိုဖြစ်ပါမယ် ပြင်ရန် . . . အမှန်က ၄ နာရီ နဲ့ ၈ နာရီ နေရာမှာကိုင်ရမှာ ပါ. လက်ကိုင်ဂွေကိုလက်နှစ်ဖက်နဲ့ခိုင်မြဲစွာဆုပ်ကိုင်ထားရပါမယ်. လက်ဖ၀ါးနဲ့ပဲတွန်းထားမယ်ဆို ရေးကြုံတဲ့အခါလက်ချော်ပြီး ကားကိုထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူ. ***၄နာရီနဲ့၈နာရီကိုအမြန်လမ်းမှာကိုင်ရင်လူသက်သာနိုင်ပါတယ်. *** ၃ နာရီ နဲ့ ၉ နာရီ ကို မြို့ထဲလမ်းမှာ ကိုင်သင့်ပါတယ်... ***၂နာရီနဲ့၁၀နာရီ ခေတ်က လေအိတ်မပေါ်ခင် ခေတ်ကပါ...
Credit : MoeZac Auto
သိကိုသိထားသင့်တဲ့ ကား စတန့်ဆရာရဲ့ ကားမောင်းနည်း များ
Saturday, May 16, 2015
Jokes Photos
Thursday, May 14, 2015
လေယာဉ်စီးရမှာ တွေးကြောက်နေသူက ကမ္ဘာတစ်ဝန်း သန်းပေါင်း များစွာ ရှိသည်။ အချို့သော အကြောက်လွန်သူ များကား လေယာဉ်စီး ရမည့် အရေးကို တစ်သက်လုံး ရှောင်ကြဉ်ရမည့် အရေး အဖြစ်ပါ သတ်မှတ်ထားတတ် ကြသည်။
 လေယာဉ် ပျက်ကျမှုတွေ ဘာကြောင့် ဖြစ်ရသည် ကအစ လေယာဉ်တွေမှာ လူတိုင်း အတွက် ဘာကြောင့် လေထီးတွေ တပ်မပေး ထားသည် အဆုံး လေယာဉ် စီးနင်းမှုနှင့် ပတ်သက်ပြီး မေးစရာ မေးခွန်းတွေက မဆုံးနိုင်အောင်ရှိ နေသည်။ လေယာဉ် စီးနင်းမှုနဲ့ ပတ်သက်ပြီး Daily Mail သတင်းစာ က British Airways လေကြောင်းလိုင်း၏ လေယာဉ်မှူး များ လေ့ကျင့် သင်တန်းပေးဌာန အကြီးအကဲ ကပ္ပတိန် ဒေ့ဗ်သောမတ်စ်နှင့် တွေ့ဆုံ မေးမြန်းထားသည် များကို တစ်ဆင့်ပြန်လည် ဖော်ပြပါမည်။
လေယာဉ်ပေါ်မှာ ဘယ်ခုံက အန္တရာယ် အကင်းဆုံးလဲ။
 လေယာဉ်ပေါ်မှာ ရှိတဲ့ ခုံတိုင်းကို အခိုင်မာဆုံး၊ အန္တရာယ် အကင်းဆုံး ဖြစ်အောင် တစ်ပြေးညီ တိုင်းတာ ထည့်သွင်းထား ပါတယ်ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ သို့သော် လေယာဉ်ပျက် ကျသည့် အခါမျိုး တွင်ကား အနည်းငယ် ကွာခြားချက် ရှိကြောင်း ၄င်းက ဆက်ပြောသည်။ ၂၀၁၂ ခုနှစ်က ဘိုးရင်း (၇၂၇) လေယာဉ်ပေါ်တွင် လူများ အတိုင်း အရိုးအဆစ် များပါ တစ် ပုံစံတည်း ပါဝင်အောင် ဖန်တီး ထားသည့် အရုပ်များ ထည့်သွင်းပြီး မက္ကဆီကိုနိုင်ငံ ဆိုနိုရန် သဲကန္တာ အတွင်းသို့ တကယ် ထိုးဆင်း ပျက်ကျစေ ခဲ့သည်။ လေယာဉ်ဦး ပိုင်း (၁၁) တန်းသည် ပထမတန်းနှင့် စီးပွားရေးတန်း ဖြစ်ပြီး ဈေးကြီးပေး ရသည့်တိုင် လေယာဉ် ပျက်ကျရာတွင်မူ လေယာဉ်သည် ဦးစိုက်ဆင်းသည့် အတွက် ရှေ့ပိုင်း ခုံတန်း များသည် အထိခိုက်ဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ဦးစိုက်ဆင်းသော လေယာဉ် သည် မြေပြင်နှင့် ရိုက်မိသည့် ဒဏ်ကို ပထမတန်းမှ ခရီးသည် လူသားများ ခံနိုင်စရာ မရှိကြောင်း လေ့လာမှုများ အရ သိရသည်။ လေယာဉ် နောက်ပိုင်းခုံတန်း များတွင် ထိုင်သူ များသည်ကား မြေပြင်နှင့် တိုက်ရိုက် ဆောင့်သည့် ဒဏ်ကို ရံဖန်ရံခါတွင် လွတ်သွား တတ်ပြီး အသက်ရှင်တတ် ကြကြောင်းလည်း သိရသည်။
ခရီးသည်တင် လေယာဉ်တွေ ဘာကြောင့် ပေ (၃၆၀၀၀) မှာ ပျံသန်းတာလဲ။
ကပ္ပတိန် သောမတ်စ်၏ ပြောပြချက်အရ ထိုအမြင့်ပေ နေရာသည် လေထု ခုခံအား အနည်းဆုံး ဖြစ်သောကြောင့် လေယာဉ်များ အင်ဂျင် စွမ်းအား အနည်းဆုံးနှင့် ပျံသန်းနိုင် သဖြင့် ဆီစား အသက်သာဆုံး ဖြစ်ကြောင်း သိရသည်။ လေယာဉ်ဆီ ချွေတာနိုင်ရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရာရောက် သလို၊ လေယာဉ် လက်မှတ်ခ တွေလည်း လျှော့ချပေးနိုင်တဲ့ အတွက် စီးနင်းသူတွေ အတွက်ပါ အကျိုး ရှိကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
လွန်ခဲ့သော (၁၀) နှစ် အနှစ် (၂၀) ကနဲ့ စာလျှင် လေကြောင်း ပျံသန်းမှုဟာ ပိုအန္တရာယ် ကင်းလာပြီလား။
Germanwings လေယာဉ် ပျက်ကျမှု၊ ပြီးခဲ့သည့်နှစ်က MH370 လေယာဉ် ပျောက်ဆုံးမှု၊ MH17 လေယာဉ် ယူကရိန်း အရှေ့ပိုင်းတွင် ပျက်ကျမှု များကြောင့် လေယာဉ်စီးမည့်သူ များကြား စိုးရိမ် ထိတ်လန့်မှုများ ရှိမည် ဖြစ်သော်လည်း ယနေ့ လေကြောင်း လုပ်ငန်းသည် တစ်နှစ်ပြီး တစ်နှစ် ပို၍ ပို၍ အန္တရာယ်ကင်း လာသည် မှာတော့ ငြင်းစရာ မရှိကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။            
၂၀၀၉ နောက်ပိုင်းမှာ လေယာဉ် ပျံသန်းမှု တစ်သန်းမှာမှ လေးကြိမ်အောက်သာ လေယာဉ် မတော်တဆမှု တစ်ခုခုနဲ့ ကြုံရသည် အထိ ကမ္ဘာ့  လေကြောင်း လုပ်ငန်းဟာ အန္တရာယ် ပိုကင်း ပိုစိတ်ချလာရတာ စာရင်းဇယားတွေ အရ ကောင်းကောင်း တွေ့ရပါတယ် ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။
လေယာဉ်စီးတာနဲ့ တစ်ခြား ယာဉ်တွေစီးတာ ဘယ်ဟာ ပိုအန္တရာယ်ကင်းလဲ။
 လေယာဉ်စီးတာ အများကြီး အများကြီးကို အန္တရာယ်ပိုကင်း ပါတယ်။ လေယာဉ် ကွင်းကို ကားစီးပြီး လာတဲ့ အချိန်က လေယာဉ်စီးချိန် ထက်တောင် အန္တရာယ်ဖြစ် နိုင်ခြေ ပိုများ ပါတယ် ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။  နိုင်ငံတကာ လေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့ အစည်းကြီး၏ စာရင်းများ အရ တစ်နှစ်လျှင် သန်းချီသော လေကြောင်း ပျံသန်းမှုများ တွင်မှ အနည်းငယ် မျှသော ပမာဏသည်သာ ထိခိုက် ပျက်စီးမှု ဖြစ်ပွားခြင်း ဖြစ်သည်။
လေယာဉ် ပျံတက်ချိန်နှင့် ဆင်းချိန် မည်သည်က အန္တရာယ်ပို များလဲ။
 လေယာဉ် ပျံတက်ချိန်ရော ဆင်းသက်ချိန်ပါ နှစ်ခုလုံး အန္တရာယ် အများဆုံး အချိန်ချည်းပါပဲ။ ကျွမ်းကျင်မှု သိပ်ကို လိုပါတယ်။ ဒါကြောင့် လေယာဉ်မှူးတွေကို အဆင့်မြင့် Simulator တွေနဲ့ လေ့ကျင့်ပေး နိုင်ဖို့ လိုပါတယ် ဟု ကပ္ပတိန် သောမတ်စ် က ပြောသည်။  တည်နေရာ အနေအထား အရ ပြေးလမ်းနှင့် လေယာဉ်ကွင်း ၀န်းကျင်ကို စံချိန် ပြည့်မီအောင် လုပ်လို့ မဖြစ်သော လေယာဉ်ကွင်း များတွင် ပျံတက်ခြင်း၊ ဆင်းသက်ခြင်း အတွက် လည်း အထူးတလည် လေ့ကျင့်ကြ ရကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
လေယာဉ် ပျံသန်းနေစဉ် အရေးပေါ် တံခါး ဖွင့်လို့ ရလား။
ပျံသန်းနေစဉ် လူအားဖြင့် အရေးပေါ် တံခါးကို လုံးဝ ဖွင့်လို့ မရနိုင်ပါဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ ယနေ့ လေယာဉ် များ၏ တံခါးပေါက် များသည် အဆင့်မြင့် စနစ်ကို အသုံးပြုထား သဖြင့် ပျံသန်းနေစဉ် ဖွင့်ဖို့ မဖြစ်နိုင်ဟု ကပ္ပတိန် သောမတ်စ်က ပြောသည်။ ပျံသန်း နေစဉ်တွင် တံခါးဘောင် အကွပ်သည် လေယာဉ် တံခါးခွင်ထက် ပိုကြီး သွားအောင် ဖန်တီးထား သဖြင့် လူအားဖြင့် အပြင်သို့ တွန်းဖွင့်ရန် လုံးဝ မဖွင့်နိုင်ကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
အပြင်နှင့် အတွင်း လေထု ဖိအားချင်း တွင်လည်း လေယာဉ် အတွင်းပိုင်းက ဖိအားသည် အပြင်ဘက်ကို နှစ်တန်မှ သုံးတန် ၀န်းကျင်လောက် ထိ ပိုသက်ရောက်နေသည် ဖြစ်သောကြောင့် အပြင်က လေထု ဖိအားကြောင့် တံခါးသည် အတွင်းသို့ ပွင့်လာစရာလည်း အကြောင်း မရှိကြောင်း သိရ သည်။
လေယာဉ်တွေမှာ ခရီးသည်တွေ အတွက် ဘာကြောင့် လေထီး မပါတာလဲ။
 လေယာဉ် မတော်တဆ တစ်ခုခုဖြစ်လျှင် လေယာဉ်ကို မည်သည့် နေရာမျိုးတွင် မဆို ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် တတ်နိုင်သမျှ ဆင်းသက်ရန် လေယာဉ်မှူး များကို လေ့ကျင့်ပေး ထားကြောင်း၊ ထိုစနစ်သည် ခရီးသည်များ လေထီးဖြင့် ခုန်ချကြသည် ထက်ပို အန္တရာယ် ကင်းကြောင်း ကပ္ပတိန် သောမတ်စ်က ပြောသည်။
လေယာဉ် ဆင်းခါနီးလျှင် ပြတင်းလိုက်ကာ များ လိပ်တင် ရတာ ဘာကြောင့်လဲ။
 လေယာဉ်ထဲမှာ အချိန်ကြာမြင့်စွာ ထိုင်ရသော ခရီးသည်များ အနေဖြင့် လေယာဉ်ပြင် မထွက်ခင် အပြင်က အလင်းရောင်နှင့် ပြန်လည် အသားကျ သွားအောင် ထိုသို့ လုပ်ရခြင်း ဖြစ်ကြောင်း ကပ္ပတိန် သောမတ်စ် က ပြောသည်။ ထိုသို့ မဟုတ်ဘဲ လေယာဉ်ထဲကနေ ဗြုန်းစားကြီး အပြင်ထွက်လိုက် မည်ဆိုပါက လူ၏ ခန္ဓာစနစ်သည် အလင်း ချိန်ညှိမှု ပြဿနာ ဖြစ်ပွားမည် စိုးရိမ်ရ သောကြောင့် ဖြစ်ကြောင်း သိရသည်။
Credit : messenger
လေယာဉ်စီးရမှာ ကြောက်သူများ အတွက် ထွေထွေရာရာ
Flickr Gallery
Gallium Gin-Group © 2015 - Designed by Templateism.com